1 တလင်းဂနီနိ့ မိုးထက်ဖက် မိုးမလင်းခင်အချိန်တွင် မာဂဒလရွာသူ မာရိသည် သင်္ချိုင်းဂူသို့ ရောက်လားရာ၊ ဂူပေါက်ဝ၌ ပိတ်ထားသော ကျောက်တုံးသည် ရွိ့လျက်ဟိသည်ကို မြင်တွိ့လေ၏။ 2 သူမသည် သျှိမုန်ပေတရုနှင့် ယေသျှုချစ်သော တပည့်တော်ပါးသို့ ဗြီးလား၍ “သူရို့သည် သခင်ဘုရားအလောင်းကို သင်္ချိုင်းဂူထဲက ထုတ်ယူလားခယာ၊ ဇာနီရာမှာ ထားကြသည်ကို အကျွန်ရို့ မသိပါ” ဟု ပြော၏။ 3 ထို့နောက် ပေတရုနှင့် တခြားသော တပည့်တော်တစ်ယောက်သည် သင်္ချိုင်းဂူသို့ လားကြ၏။ 4 နှစ်ယောက်သား အဗြီးအလွှား လားကြ၏။ သို့ရာတွင် ထိုအခြားသော တပည့်တော်တစ်ယောက်သည် သင်္ချိုင်းဂူသို့ ပေတရုထက် ရှိ့က ရောက်လေ၏။ 5 သူသည် သင်္ချိုင်းဂူကို ငုံ့ကြည့်သောအခါ အလောင်းကို ပတ်ရစ်ထားသည့် ပိတ်ချောကိုသာ တွိ့မြင်၏။ သို့သော် ဂူအတွင်းသို့ မဝင်ဘဲနိန်၏။ 6 သူ၏နောက်က ရောက်လာသော သျှိမုန်ပေတရုသည် ဂူထဲသို့ တန်း၍ ဝင်လေ၏။ သူသည် အလောင်းကို ပတ်ရစ်ထားသော ပိတ်ချောစကိုလည်းကောင်း၊ 7 ယေသျှု၏ ဂေါင်းမှာ ပေါင်းထားသည့် အဝတ်သည် ပိတ်ချောစနှင့် အတူမဟိဘဲ တခြားစီ လိပ်လျက် ဟိသည်ကိုလည်းကောင်း တွိ့ရ၏။ 8 သင်္ချိုင်းဂူသို့ အယင်ရောက်သော တပည့်တော်သည်လည်း ဂူထဲသို့ ဝင်ကြည့်သောအခါမှ မြင်ရသည်ဖြစ်၍ ယုံလေ၏။ 9 ကိုယ်တော်သည် သီဆုံးခြင်းက ထမြောက်ရမည်ဆိုသော ကျမ်းစာကို သူရို့သည် နားမလည်ကြသိမ့်ပေ။ 10 ထို့နောက် တပည့်တော်ရို့သည် အိမ်သို့ ပြန်လားကြ၏။
11 မာရိသည် သင်္ချိုင်းဂူအပြင်၌ ငိုလျက် ရပ်နိန်၏။ သူမသည် ငိုလျက် ဂူထဲသို့ ငုံ့ကြည့်သောအခါ 12 အဖြူရောင်ဝတ်ထားသော ကောင်းကင်တမန်နှစ်ပါးသည် ယေသျှု အလောင်းထားသည့်နီရာ၏ ဂေါင်းရင်း၌ တစ်ပါး၊ ခြီရင်း၌တစ်ပါး ထိုင်လျက် ဟိကြသည်ကို မြင်၏။ 13 သူရို့က “အို မိန်းမ၊ သင်သည် ဇာကြောင့် ငိုနိန်သနည်း” ဟု မိန်းကြသော်၊
14 ထို့နောက် သူမသည် လှည့်ကြည့်လိုက်သောအခါ မတ်တပ်ရပ်နိန်သော ယေသျှုကို မြင်လေ၏။ သို့သော်လည်း သူမက ယေသျှုဖြစ်သည်ကို မသိ။ 15 “အသင် မိန်းမ၊ ဇာဖြစ်လို့ ငိုနိန်သနည်း၊ ဇာသူ့ကို ရှာနိန်သနည်း” ဟု ယေသျှုက မိန်း၏။
16 ယေသျှုက သူမအား “မာရိ” ဟု ခေါ်လိုက်၏။ မာရိကလည်း ကိုယ်တော်ဖက်သို့ လှည့်၍ ဟေဗြဲဘာသာစကားအားဖြင့် “ရဗ္ဗနိ့” ဟု ထူးလေ၏။ “ရဗ္ဗနိ့” ဆိုသည်မှာ “ဆရာ” ဟူ၍ အဓိပ္ပာယ်ရ၏။
17 “ငါသည် အဖထံပါးသို့ မတက်ရသိမ့်ဖြစ်၍ ငါ့ကို မဖက် ကေ့ဦး။ သို့သော်လည်း ငါသည် ငါ၏အဖတည်းဟူသော သင်ရို့၏အဖနှင့် ငါ၏ဘုရားသခင်တည်းဟူသော သင်ရို့၏ ဘုရားသခင်ပါးသို့ တက်ရဦးမည်အကြောင်းကို ငါ၏ညီအစ်ကိုတိပါးသို့ လား၍ ပြောပြလော့” ဟု ယေသျှုက မာရိအား ပြောလေ၏။
18 ထို့နောက် မာဂဒလရွာသူ မာရိသည် တပည့်တော်တိပါးသို့ လားပြီးလျှင် သူမသည် သခင်ဘုရားကို တွိ့မြင်ခသည်ကိုလည်းကောင်း၊ ကိုယ်တော်က သူမအား မည်သို့ မိန့်မှာလိုက်သည်ကိုလည်းကောင်း သူရို့ကို ပြောပြလေ၏။
19 အချိန်ကား တလင်းဂနီနိ့၏ မိုးချုပ်စချိန် ဖြစ်၏။ ယုဒအာဏာပိုင်တိကို ကြောက်၍ တပည့်တော်ရို့သည် တန်းခါး ပိတ်ကာ အတူတကွ စုရုံးလျက် နိန်ကြ၏။ ထိုအခါ ယေသျှုသည် ဝင်ရောက်လာ၍ တပည့်တော်တိကြား၌ မတ်တပ်ရပ်ပြီးလျှင် “သင်ရို့၌ ငြိမ်သက်ခြင်းဟိပါစီသောဝ်” ဟု နှုတ်ဆက်လေ၏။ 20 ယေသျှုသည် ထိုသို့ မိန့်တော်မူပြီးနောက် သူ၏လက်ဝါးနှင့် သူ၏နံဘေးကို သူ၏တပည့်တော်တိအား ပြ၏။ တပည့်တော်ရို့သည် သခင်ဘုရားကို မြင်ရ၍ အလွန်ဝမ်းမြောက်ကြ၏။ 21 ယေသျှုက “သင်ရို့၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်” ဟု တဖန် နှုတ်ဆက်ပြီးလျှင် “အဖ က ငါ့ကို စီရွှတ်သကဲ့သို့ သင်ရို့ကိုလည်း ငါစီရွှတ်လိုက်၏” ဟု မိန့်တော်မူ၏။ 22 ထို့နောက် သူရို့အထက်၌ မှုတ်တော်မူလျက် “သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူကြလော့” ဟု မိန့်တော်မူ၏။ 23 [a] “သင်ရို့သည် လူရို့၏အပြစ်ကို လွှတ်လျှင် ထိုသူရို့သည် အပြစ်မှ လွှတ်ခြင်းကို ခံရလိမ့်မည်၊ သင်ရို့သည် လူရို့၏အပြစ်ကို မလွှတ်လျှင် ထိုသူရို့သည်လည်း အပြစ်မှ မလွတ်ကြ” ဟု မိန့်မှာတော်မူ၏။
28 ထိုအခါ သောမသည်လည်း “ကိုယ်တော်သည် အကျွန်၏အသျှင်၊ အကျွန်၏ ဘုရားသခင် ပါတကား” ဟု လျှောက်လေ၏။
29 ယေသျှုက သောမအား “သင်သည် ငါ့ကို မြင်ရသောကြောင့် ယုံကြည်သလော။ ငါ့ကို မမြင်ဘဲ ယုံကြည်သောသူသည် မင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။
Languages