1 ထိုအခါ ပိလတ်မင်းက ယေသျှုကို ဆွဲယူကာ ကြာပွတ်ဖြင့် သတ်ခိုင်းလေ၏။ 2 စစ်သားရို့သည် ဆူးခက်ဖြင့် ယက်လုပ်ထားသော သရဖူကို သူ၏ဂေါင်းမှာ ဆောင်းစီပြီးမှ နီမောင်းသောဝတ်ရုံကို ဝတ်စီပြီး၊ 3 ကိုယ်တော်ထံသို့ ချဉ်းကပ်ကြပြီးလျှင် “ယုဒသျှင်ဘုရင် အသက် ရှည်ပါစီ” ဟု ပြောကာ ပါးကို သတ်ကြ၏။
4 ပိလတ်မင်းက လူအစုအဝေးဟိရာသို့ တဖန် ထွက်လာပြီးလျှင် “ဤသူကို ပြစ်ဒဏ်ပီးစရာအကြောင်း တစ်ခုမျှ မတွိ့သည်ကို သင်ရို့ မြင်စီခြင်းငှာ ထုတ်ပြမည်၊ ကြည့်ကတ်ပါ” ဟု ပြောပြီးနောက် 5 ယေသျှုသည် နီမောင်းသော ဝတ်ရုံကို ဝတ်ဆင်လျက်၊ ဆူးဖြင့် ယက်လုပ်ထားသည့် သရဖူကို ဆောင်း၍ ထွက်လာသောအခါ ပိလတ်မင်းက “ဤသူပင် ဖြစ်၏” ဟု သူရို့အား ဆိုလေ၏။
6 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဗိမာန်တော် အစောင့်စစ်သည်များက သူ့ကို မြင်ကြသောအခါ “ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ၊ ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ် တောင်းဆိုကြ၏။
8 ပိလတ်သည် ထိုသို့တောင်းဆိုသံကို ကြားသောအခါ အလွန်ကြောက်ရွံ့လျက်၊ 9 အိမ်တော်သို့ ပြန်ဝင်ပြီးလျှင် “သင်သည် ဇာအရပ်က လာသနည်း” ဟု ယေသျှုကို မိန်း၏။
11 ယေသျှုက “ဘုရားသခင် အခွင့် မပီးလျှင် မင်းကြီးသည် ငါ၌ မည်သည့် အခွင့်အာဏာမျှ မဟိပါ။ ငါ့ကို မင်းကြီးလက်သို့ အပ်နှံသော သူသည် သာ၍ အပြစ်ကြီးပါ၏” ဟု ဆို၏။ 12 ဤစကားကို ပိလတ်ကြားသောခါ၊ သူသည် ယေသျှုကို ပြန်လွှတ်ရန် ကြိုးစားပြန်၏။ သို့ရာတွင် ယုဒလူမျိုး အပေါင်းရို့က “ထိုသူအား လွှတ်ပီးလိုက်လျှင် မင်းကြီးသည် ဧကရာဇ်မင်း၏ မိတ်ဆွီ မဟုတ်ယာ၊ မိမိကိုယ်ကို ဘုရင်ဟု ဆိုသူသည် ဧကရာဇ်မင်း၏ ရန်သူသာ ဖြစ်ပါ၏” ဟု အော်ဟစ်ပြောဆိုကြ၏။
13 ပိလတ်သည်လည်း ထိုစကားသံကို ကြားသောအခါ ယေသျှုကို အပြင်သို့ ထုတ်လာပြီးမှ ဟေဗြဲဘာသာစကားဖြင့် “ဂဗ္ဗသ” ဟု ခေါ်သည့် ကျောက်ပြား စင်္ကြံ၌ ဟိသော တရားပလ္လင်ထက်တွင် ထိုင်တော်မူ၏။ 14 ထိုနိ့ကား ပသခါပွဲနိ့အတွက် ပျင်ဆင်နိန်ရသော အဖိတ်နိ့ မွန်းတည့်ချိန် ဖြစ်၏။ ပိလတ်က ယုဒလူအပေါင်းရို့အား “ဤသူကား သင်ရို့၏ သျှင်ဘုရင်” ဟု ပြော၏။
15 ထိုသူရို့က “သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ်၍ တောင်းဆိုကြ၏။
16 ထို့နောက် ပိလတ်က ယေသျှုကို လက်ဝါးကပ်တိုင်မှာ တင်ပြီး အသီသတ်ရန် ထိုသူရို့၏ လက်သို့ အပ်လိုက်လေ၏။
22 သို့သော်လည်း ပိလတ်က “ငါရီးထားသည့်အတိုင်း ငါရီးထားပြီးပြီ” ဟု ပြန်၍ မိန့်တော်မူ၏။
23 စစ်သားရို့သည် ယေသျှုကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ထားပြီးနောက် သူ၏အပြင်ဝတ်ရုံကို လေးပိုင်းပိုင်းကာ တစ်ယောက်လျှင် တစ်ပိုင်းစီ ခွဲဝီ၍ ယူကြလေ၏။ ကိုယ်တော်၏အတွင်းခံ အဝတ်သည် အထက်မှ အောက်သို့ထိတိုင်အောင် ခြုပ်ရိုး လုံးဝမဟိဘဲ ရက်လုပ်ထားခြင်းဖြစ်၏။ 24 စစ်သားတိက “ဤဝတ်ရုံကို မဆုတ်မဖြဲ ကတ်ကေ့။ ရထိုက်သောသူ ရယူစီခြင်းငှာ မဲနှိုက်၍ ဆုံးဖြတ်ကတ်မေ” ဟု အချင်းချင်း ပြောဆိုကြ၏။ ဤကား ကျမ်းစာ၌ ရီးထားသည့်အတိုင်း၊
25 ယေသျှု၏အမိ မာရိ၊ မယ်တော်မာရိ၏ညီမဖြစ်သူ ကလောဖ၏မယား မာရိနှင့် မာဂဒလရွာသူ မာရိရို့သည် ယေသျှု၏ လက်ဝါးကပ်တိုင်နားတွင် ရပ်လျက်ဟိကြ၏။
26 ယေသျှုသည် ထိုနီရာ၌ မတ်တပ်ရပ်နိန်ကြသည့် သူ၏မိခင်နှင့် သူချစ်သော တပည့်တော် တစ်ယောက်ကို မြင်သောအခါ ကိုယ်တော်က မယ်တော်အား “သူသည် မယ်တော်၏သားဖြစ်၏” ဟု မိန့်တော်မူ၏။
27 ထို့နောက် ဤတပည့်တော်အား “ထိုမိန်းမသည် သင်၏အမိ ဖြစ်၏” ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ဤတပည့်တော်က မယ်တော်အား မိမိအိမ်၌ နီထိုင်ရန် ခေါ်ဆောင်လားလေ၏။
28 ယေသျှုသည် ကျမ်းစာပြည့်စုံစီခြင်းငှာ အလုံးစုံကို လုပ်ဆောင်ပြီးဖြစ်ကြောင်းကို သိတော်မူ၍ “ငါ ရီသောက်ငတ်တေ” ဟု မိန့်တော်မူ၏။
29 ထိုနီရာတွင် ပုံးရည် အပြည့်ထည့်ထားသော အိုးတစ်လုံး ဟိ၏။ ရီမြုပ်တစ်ခုကို ယူ၍ ထိုအနား၌ဟိသော ပုံးရည်အိုးထဲတွင် နှိုက်ပြီးလျှင် ထိုရီမြှုပ်ကို ဟုဿုပ်ပင် အကိုင်းဖျားမှာ တပ်၍ ကိုယ်တော်၏နှုတ်ခမ်းကို ကပ်၍ ထားကြ၏။ 30 ယေသျှုသည် ထိုပုံးရည်ကို သောက်တော်မူပြီးမှ “အမှုပြီးပြီ” ဟု နှုတ်မှ မြွက်ဆိုလေ၏။
38 ထို့နောက် အရိမဿဲမြို့သားတစ်ယောက်ဖြစ်သော ယောသပ်သည် ပိလတ်မင်းထံပါးသို့ ဝင်၍ ယေသျှု၏အလောင်းကို ယူခွင့် တောင်းလျှောက်လေ၏။ ပိလတ်မင်းက ယူခွင့်ပီးလိုက်သဖြင့် အလောင်းတော်ကို ယူလားလေ၏။ ယောသပ်သည် ယေသျှု၏ တပည့်တော်တစ်ယောက် ဖြစ်သော်လည်း ယုဒအာဏာပိုင်များကို ကြောက်၍ လျှို့ဝှက်စွာ နီထိုင်သူ တစ်ယောက် ဖြစ်သည်။
39 [c] ယေသျှုနှင့် တွိ့ရန် ညဉ့်အခါ လာရောက်ဖူးသည့် နိကောဒင်သည်လည်း မုရန်နှင့် အကျော် ရောထားသော နံ့သာပေါင်း ပိဿာသုံးဆယ်ခန့်ကို ယူဆောင်ကာ ယောသပ်နှင့်အတူ လိုက်လား၏။ 40 သူရို့နှစ်ယောက်သည် ယေသျှု၏ အလောင်းတော်ကို ယူ၍ သင်္ဂြိုဟ်သည့်အခါ ယုဒလူမျိုးတိ ဓလေ့ထုံးစံဟိသည့်အတိုင်း အမွှီးနံ့သာနှင့်အတူ ပိတ်ချောအဝတ်ဖြင့် ပတ်ရစ်ကြ၏။ 41 ယေသျှုကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်သည့်နီရာ၌ ဥယျာဉ်တစ်ခု ဟိလေ၏။ ထိုဥယျာဉ်၌ မည်သူတစ်ဦးတစ်ယောက်ကိုမှ သင်္ဂြိုဟ်ခြင်း မပြုရသိမ့်သော သင်္ချိုင်းဂူအသစ် တစ်ခု ဟိလေ၏။ 42 ယုဒလူမျိုး၏ အဖိတ်နိ့ဖြစ်သောကြောင့် သူရို့နှစ်ယောက်သည် ယေသျှု၏ အလောင်းတော်ကို ယူ၍ အနီးအနားတွင်ဟိသော ထိုသင်္ချိုင်းဂူထဲ၌ သွင်းထားကြလေ၏။
<- ယောဟန် 18ယောဟန် 20 ->
Languages