4 ယေသျှုကလည်း “မယ်တော်၊ ဇာအမှုကို ပြုရမည်ကို ငါ့အား မပြောပါကေ့။ ငါ့အချိန်မရောက်သိမ့်” ဟု မိန့်တော်မူ၏။
5 ထိုအခါ မယ်တော်ကလည်း “သူစီခိုင်းသမျှကို လုပ်ဆောင်ကြလော့” ဟု အခိုင်းအစီတိအား မှာထားလေ၏။
6 ထိုနီရာ၌ ယုဒအမျိုးသားရို့၏ ဘာသာဓလေ့အရ စင်ကြယ်ခြင်းအဖို့အလို့ငှာ ရီနှစ်ထမ်း သုံးထမ်းခန့် ဝင်သောကျောက်ရီအိုး ခြောက်အိုးဟိ၏။ 7 ယေသျှုက “ဤရီအိုးများတွင် ရီအပြည့်ဖြည့်လော့” ဟု အခိုင်းအစီရို့အား မိန့်တော်မူလျှင်၊ သူရို့သည် ရီအိုး နှုတ်ခမ်းအထိ ရီအပြည့်ဖြည့်ကြ၏။ 8 ထို့နောက် ကိုယ်တော်သည် ထိုသူရို့အား “အဂု၊ ရီအချို့ကို ခပ်ပြီးလျှင် ပွဲအုပ်ပါးသို့ ယူလားကြလော့” ဟု မိန့်တော်မူသည့်အတိုင်း သူရို့သည်လည်း ပြုကြ၏။ 9 ပွဲအုပ်သည် ရီမှ စပျစ်ရည်အဖြစ်သို့ ပြောင်းလဲလားသော ရီကို မြည်းကြည့်လေ၏။ ရီခပ်ယူလာသော အခိုင်းအစီရို့သည် ထိုစပျစ်ရည်ကို ဇာပိုင်ရကြသည်ကို သိသော်လည်း ပွဲအုပ်မူကား မသိပေ။ ထို့ကြောင့် သတို့သားအား ခေါ်ပြီးလျှင်၊ 10 “လူတိုင်းက အကောင်းဆုံးသော စပျစ်ရည်နှင့် ဦးစွာ ဧည့်ခံကြ၏။ လူတိ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ဧည့်ခံလေ့ဟိကြ၏။ သို့သော်လည်း သင်မူကား အကောင်းဆုံးသော စပျစ်ရည်ကို အဂုထက်ထိ ထုတ်ပီးပါသည်တကား” ဟု ဆို၏။
11 ယေသျှုသည် ဂါလိလဲပြည်၊ ကာနမြို့၌ ထိုသို့ ပထမဆုံးသော နိမိတ်လက္ခဏာကို ပြတော်မူလျက် မိမိ၏ဘုန်းတန်ခိုးတော်ကို ထွန်းတောက်စီ၏။ တပည့်တော်ရို့သည်လည်း ကိုယ်တော့်ကို ယုံကြည်ကြ၏။
12 [a] ဤအမှုအရာပြီးလျှင် ယေသျှုသည် မယ်တော်မှစ၍ ညီတော်၊ တပည့်တော်ရို့နှင့် ကပေရနောင်မြို့သို့ လားကြပြီး ရက်အနည်းချေ တည်းခိုကြ၏။
13 ယုဒအမျိုးသားရို့၏ ပသခါပွဲတော်နီးကပ်လာသောအခါ ယေသျှုသည် ယေရုဆလင်မြို့သို့ ကြွတော်မူ၏။ 14 ကိုယ်တော်သည် ဗိမာန်တော်အထဲတွင် နွားများ၊ သိုးများ၊ ဂြိုးငှက်များကို ရောင်းသောသူများထိုင်နိန်သည်ကိုလည်းကောင်း ငွီလဲလှယ်နိန်သော သူရို့သည် သူရို့၏စားပွဲများ၌ ထိုင်နိန်သည်ကိုလည်းကောင်း တွိ့တော်မူ၏။ 15 ထို့ကြောင့် ကိုယ်တော်သည် ကြိုးဖြင့် ကြာပွတ်ကိုလုပ်ပြီး သိုး၊ နွားမှစ၍ အားလုံးသောတိရစ္ဆာန်တိကို ဗိမာန်တော်ထဲမှ မောင်းထုတ်တော်မူ၏။ ငွီလဲလှယ်နိန်သောသူရို့၏ စားပွဲကိုလည်း မှောက်လှန်တော်မူ၍ သူရို့၏ ဒင်္ဂါးများသည် ပြန့်ကြဲလေ၏။ 16 ကိုယ်တော်သည် ဂြိုးငှက်ရောင်းသော သူတိကိုလည်း “ဤချင့်တိကို ဤနီရာမှ ယူလားကြလော့။ ငါ့အဖ၏အိမ်တော်ကို စျီးနီရာ မဖြစ်စီကတ်ကေ့” ဟု မိန့်တော်မူ၏။ 17 ထိုအခါ တပည့်တော်ရို့သည် “အို၊ ဘုရားသခင်၊ ကိုယ်တော်၏အိမ်တော်အဖို့ ပြင်းပြသော ငါ၏စိတ်သည် ငါ့ကိုယ်၌ မီးတောက်သဖွယ် လောင်ကျွမ်းလျက် ဟိပါ၏” ဟူသော ကျမ်းစာလာသည်ကို သတိရကြ၏။
18 ယုဒအာဏာပိုင်ရို့ကလည်း “သင်သည် ဤအမှုအရာတိအား လုပ်ပိုင်ခွင့်ဟိကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့အား ဇာနိမိတ်လက္ခဏာကို ပြမည်နည်း” ဟု ပြန်လျှောက်ကြလေ၏။
19 [b] ယေသျှုကလည်း “ဤဗိမာန်တော်ကို ဖြိုချလော့။ သုံးရက်အတွင်း၌ ပြန်၍ ငါတည်ဆောက်မည်” ဟု မိန့်တော်မူ၏။
20 သူရို့ကလည်း “ဤဗိမာန်တော်ကို လေးဆယ်ခြောက်နှစ်တိုင်တိုင် တည်ဆောက်ခရ၏။ သင်မူကား သုံးရက်အတွင်း ပြန်တည်ဆောက်မည်လော” ဟု လျှောက်ကြလေ၏။
21 သို့သော် ယေသျှု ထိုသို့ မိန့်တော်သည်မှာ မိမိ၏ကိုယ်ခန္ဓာတည်းဟူသော ဗိမာန်တော်အကြောင်းကို ပြောဆိုခြင်းဖြစ်၏။ 22 ထို့ကြောင့် တပည့်တော်ရို့သည် သီခြင်းမှ ကိုယ်တော် ရှင်ပြန်ထမြောက်တော်မူသောအခါ ဤသို့ ကိုယ်တော် မိန့်တော်မူခသောစကားကို သတိရကြ၍ ကျမ်းစာတော်မြတ်ကိုလည်းကောင်း၊ ယေသျှု မိန့်တော်မူခသော စကားတော်ကိုလည်းကောင်း ယုံကြည်ကြ၏။
Languages