ယောဟန် ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း နိဒါန်း ယောဟန် ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်း စာအုပ်သည် ဓမ္မသစ်ကျမ်းစာ၌ ယေသျှုခရစ်တော်၏ သက်တော်စဉ်အကြောင်းကို ရီးသားကြသော စာအုပ်လေးအုပ်ထဲမှ တစ်အုပ်ဖြစ်သည်။ ထိုစာအုပ်များကို “သတင်းကောင်းတည်းဟူသော ဧဝံဂေလိတရားစာအုပ်များ” ဟု ခေါ်ကြသည်။ ထိုစာအုပ်များကို မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်ရို့က ယေသျှု အသီခံတော်မူပြီးနောက်မှ ရီးသားခခြင်းဖြစ်၏။ ယောဟန် ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်းစာအုပ်ကို တမန်တော်ယောဟန်သည် ယေသျှု မွီးဖွားခြင်းခံပြီးသည့်နောက် နှစ်ပေါင်း ၉၀ ဝန်းကျင်တွင် ရီးသားခခြင်းဖြစ်နိုင်ပေသည်။ ဤသတင်းကောင်းစာအုပ်သည် ယောဟန်အား စာရီးသားသူအဖြစ် ခိုင်မာစွာ မညွှန်းပြထားသော်လည်း စာရီးသားဟန်သည် ယောဟန်၏ပီးစာများဖြစ်ကြသော ၁ ယောဟန်၊ ၂ ယောဟန်နှင့် ၃ ယောဟန် စာအုပ်များမှ ရီးသားဟန်များဖြင့် လွန်စွာတူညီပေသည်။ ရှီးစာရီးဆရာ တချို့က ဤကာလ၌ ယောဟန်သည် ဧဖက်မြို့တွင် နီထိုင်ခသည်ဟု ဖော်ပြထားခသောကြောင့် ဤစာအုပ်ကို ဧဖက်မြို့တွင် ရီးသားခဟန် ဟိပေသည်။ ဤစာအုပ်၏ ရည်ရွယ်ချက်မှာ လူရို့၏ ယုံကြည်ခြင်းအရာ၌ အကူအညီဖြစ်စီခြင်းငှာ ယေသျှုသည် ခရစ်တော်တည်းဟူသော အသက်ရှင်သော ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကို ယောဟန်သည် ယှင်းလင်းစွာ ဖော်ပြခ၏ (၂၀.၃၁)။ ထိုသို့သော ယုံကြည်ခြင်းအားဖြင့် ငါရို့သည် ထိုသူ၏နာမ၌ အသက်ရှင်နိုင်မည် အကြောင်းတည်း။ ဤစာအုပ်ကို ရီးသားရာတွင် ယုဒလူမျိုးနှင့် ယုဒလူမျိုး မဟုတ်သော စာဖတ်သူရို့ကို ရီးသားခခြင်း ဖြစ်ပေသည်။ ယောဟန် ရီးသားပြုစုထားသော ခရစ်တော်၏ သတင်းကောင်းစာအုပ်သည် အခြားသော သတင်းကောင်းစာအုပ် သုံးအုပ်နှင့် အချို့သောအရားများ၌ လွန်စွာ ကွဲပြားလျက်ဟိပေသည်။ စာရီးသူသည် ယေသျှု၏ ပုံဥပမာ အကြောင်းကို များများမရီးဘဲ ယေသျှုပြုတော်မူသော နိမိတ်လက္ခာဏာများကို သာ၍ ရီးသားထားသည်။ အခြားသော အဓိကအဖြစ်အပျက်များဖြစ်ကြသော ယေသျှု၏ ဗတ္တိဇံမင်္ဂလာ အကြောင်းနှင့် တောကန္တာရ၌ ဖျားယောင်းသွီးဆောင်ခံရခြင်းစသော အကြောင်းအရာများကိုလည်း ဤသတင်းကောင်းစာအုပ်ထဲတွင် ရီးသားမထားပေ။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ယောဟန်သည် အခန်းကြီး ၁ တွင် ဧဝံဂေလိသတင်းကောင်းတရားကို စတင်ခြင်း (၁.၁–၁၈) ၂။ ထို့နောက်၊ သူသည် ယေသျှုပြုတော်မူသည့် များစွာသော နိမိတ်လက္ခဏာ အကြောင်းကို ရီးသားခြင်း (၁.၁၉—၁၂.၅၀) ၃။ တဖန်၊ ယောဟန်သည် ယေသျှု၏ သီခြင်းတရားနှင့် ရှင်ပြန်ထမြောက်ခြင်းတရားကို ဦးတည်၍ ထိုအသျှင်၏ ဘဝအသက်တာ၌ များစွာသောအဖြစ်အပျက်များကို ဖော်ပြခြင်း (၁၃.၁—၂၀.၃၁) ၄။ ဤ ဧဝံဂေလိ သတင်းကောင်းစာအုပ်ကို အခန်းကြီး ၂၁ ၌ အဆုံးသတ်ရာတွင် ယေသျှုသည် သီရာမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် လူရို့ထံ၌ ထင်ရှားပြတော်မူသော အရာများထဲမှ အကြောင်းအရာ တစ်ခုနှင့် ဤစာအုပ်ကို ရီးသားရသည့် ရည်ရွယ်ချက်ကို ဖော်ပြပီးသည့် အကြောင်းအရာများအား ပြောပြခြင်းဖြင့် အဆုံးသတ်ထားပါသည် (၂၁.၁–၂၅)
6 [b]ဘုရားသခင်သည် ယောဟန်ဟု နာမည်ခေါ်သော မိမိ၏ စီတမန်ကို စီရွှတ်တော်မူ၏။ 7 ထိုသူသည် အလင်းတော်အကြောင်းကို လူအပေါင်းရို့သည် ကြား၍ ယုံကြည်ခြင်းငှာ ဟောပြောသက်သီခံရန် ကြွလာသောသူဖြစ်၏။ 8 ထိုသူသည် အလင်းတော်မဟုတ်၊ အလင်းတော်၏အကြောင်းကို ဟောပြောသက်သီခံခြင်းငှာ လာ၏။ 9 ထိုအလင်းတော်သည် လောကသို့ ကြွလာပြီးလျှင် လူသားအပေါင်းရို့တွင် ထွန်းလင်းပြီး — စစ်မှန်သောအလင်း ဖြစ်တော်မူ၏။
10 ထိုနှုတ်ကပတ်တော်သည် လောက၌ ဟိတော်မူ၏။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် လောကကို ဖန်ဆင်းတော်မူသော်လည်း လောကသည် ထိုသူကို မသိ။ 11 ထိုသူသည် မိမိလူမျိုးရို့ပါးသို့ ကြွတော်မူသော်လည်း မိမိလူရို့က လက်မခံကြ။ 12 သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။ 13 ထိုသူရို့သည် လူ့အသွီးအသားအားဖြင့် မွီးသောသားသမီးတိ မဟုတ်၊ သို့သော် ဘုရားသခင် ဖြစ်ပွားစီတော်မူသော သားသမီးတိ ဖြစ်ကြ၏။
14 နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။
15 ယောဟန်သည် ထိုသူ၏ အကြောင်းကို ဟောပြောသက်သီခံသည်ကား၊ “ ‘ထိုသူသည် ငါ့နောက် ကြွလာမည်၊ သို့သော် ငါမမွီးမီကပင် ဟိနှင့်နိန်သည် ဖြစ်သောကြောင့် ငါ့ထက် ကြီးမြတ်သောသူ ဖြစ်သည်’ ဟု ဆိုရာတွင် ထိုသူကို ဆိုလိုခြင်းဖြစ်၏” ဟု ကြွေးကြော်လေ၏။
16 ထိုသူသည် ကျေးဇူးတော်နှင့် ပြည့်စုံသည်ဖြစ်၍ ငါရို့အား ကောင်းကြီးတစ်ခုပြီးတစ်ခု ပီးတော်မူ၏။ 17 ဘုရားသခင်သည် ပညတ်တရားကို မောသျှေအားဖြင့် ပီးတော်မူ၏။ သို့သော် ကျေးဇူးတော်နှင့် သစ္စာတော်မူကား ယေသျှုခရစ်တော်အားဖြင့် ရောက်လာ၏။ 18 ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။
19 ယေရုဆလင်မြို့၌ ဩဇာဟိသော ယုဒလူရို့သည် ယဇ်ပုရောဟိတ်ရို့နှင့် လေဝိရို့ကို ယောဟန်ပါးသို့ စီရွှတ်၍ “သင်ကား ဇာသူနည်း” ဟု သူရို့သည် မိန်းကြလျှင်၊
20 ယောဟန်က “မေသျှိယကား ငါ မဟုတ်” ဟု ထိမ်ဝှက်ခြင်းမဟိဘဲ ပွင့်လင်းစွာ ဟောပြော သက်သီခံတော်မူလေ၏။
21 ထိုသူရို့ကလည်း “ထိုသို့ဆိုလျှင် သင်ကား ဇာသူနည်း။ ဧလိယ ဖြစ်သလော” ဟု မိန်းလျှင်၊ ယောဟန်က၊
22 ထိုသူရို့ကလည်း “သင်ကား ဇာသူနည်း။ ငါရို့ကို စီရွှတ်လိုက်သော သူရို့အား ပြန်ပြောပြနိုင်ခြင်းငှာ သင့်ကိုယ်သင် ဇာသူဖြစ်သည်ဟု ပြောမည်နည်း” ဟု မိန်းကြ၏။
23 ယောဟန်က
24 ထိုသူရို့သည် ဖာရိယှဲရို့ပါးမှ စီရွှတ်လိုက်သောသူတိ ဖြစ်ကြ၏။ 25 တဖန်[d] ထိုသူရို့က “သင်သည် မေသျှိယ မဟုတ်၊ ဧလိယလည်း မဟုတ်၊ ပရောဖက်တစ်ပါးလည်း မဟုတ်ဘဲနှင့် ဇာကြောင့် ဗတ္တိဇံမင်္ဂလာကို ပီးသနည်း” ဟု မိန်းကြ၏။
26 ယောဟန်ကလည်း “ငါသည် ရီ၌ ဗတ္တိဇံကို ပီး၏။ သို့သော် သင်ရို့အထဲတွင် သင်ရို့ မသိသောသူတစ်ယောက် ဟိ၏။ 27 ထိုသူသည် ငါ့နောက်မှ ကြွလာသော်လည်း ငါသည် သူ၏ခြီနင်းကြိုးကို ဖြီပီးဖို့ရန်ပင် မထိုက်တန်” ဟု ပြန်ပြော၏။
28 ဤအမှုအရာများသည် ယောဟန် ဗတ္တိဇံပီးနိန်သော ယော်ဒန်မြစ် အရှိ့ဖက်ကမ်း၊ ဗေသနိရွာ၌ ဖြစ်ပျက်သော အမှုအရာများဖြစ်သတည်း။
32 ထို့နောက် ယောဟန် သက်သီခံသည်ကား၊ “ဝိညာဉ်တော်သည် ဂြိုးငှက်ကဲ့သို့ ကောင်းကင်မှဆင်းသက်၍ ကိုယ်တော်အထက်၌ နားနိန်သည်ကို ငါမြင်ရ၏။ 33 ကိုယ်တော်သည် ဇာသူဖြစ်ကြောင်းကို ငါမသိ။ သို့ပင်သျှောင် ရီဖြင့်ဗတ္တိဇံကို ပီးဖို့အတွက် ငါ့ကို စီရွှတ်တော်မှုသော ဘုရားသခင်က ‘ဝိညာဉ်တော်သည် ဆင်းသက်၍ လူသားတစ်ယောက်အထက်၌ နားတော်မူသည်ကို သင်မြင်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ပီးလိမ့်မည်’ ဟု အကျွန့်အား မိန့်တော်မူ၏။ 34 ထိုသို့ မိန့်တော်မှုသည်အတိုင်း ငါတွိ့မြင်ရသည်ဖြစ်၍ ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ကြောင်းကို ငါသည် သက်သီခံ၏” ဟု ဆို၏။
37 တပည့်တော်နှစ်ယောက်ရို့သည် ထိုစကားကို ကြားလျှင် ယေသျှုနောက်သို့ လိုက်လားကြ၏။ 38 ယေသျှုသည် နောက်တော်သို့ လှည့်၍ ထိုသူရို့သည် နောက်မှ လိုက်နိန်သည်ကို မြင်တော်မူလျှင် “သင်ရို့ ဇာအရာကို ရှာဖွီနိန်ကြသနည်း” ဟု မိန်းတော်မူ၏။
40 ထိုသူနှစ်ယောက်ထဲမှ ယောဟန်၏ စကားကို ကြားသောသူကား သျှိမုန်ပေတရု၏ညီ အန္ဒြေဖြစ်၏။ 41 ထိုသူသည် မိမိအစ်ကို သျှိမုန်အား တွိ့လျှင်တွိ့ချင်း “အကျွန်ရို့သည် မေသျှိယကို တွိ့ပါယာ” ဟု ဆို၏။ (မေသျှိယ၏အနက်ကား “ခရစ်တော်” ဖြစ်သတည်း။) 42 ထို့နောက် သူသည် သျှိမုန်အား ယေသျှုထံသို့ ခေါ်ဆောင်လားလေ၏။
46 နာသနေလကလည်း “နာဇရက်မြို့က ကောင်းသောအရာ တစ်စုံတစ်ခု ထွက်နိုင်သလော” ဟု မိန်းလျှင်၊
47 ယေသျှုသည် မိမိထံသို့ နာသနေလ လာနိန်သည်ကို မြင်တော်မူလျှင် “ဤအရပ်၌ ဖောက်ပြန်ခြင်းနှင့် ကင်းသောသူဖြစ်ပြီး စစ်မှန်သော ဣသရေလအမျိုးသားကို ကြည့်ကြလော့” ဟု ထိုသူအား ရည်ရွယ်၍ မိန့်တော်မူ၏။
48 နာသနေလကလည်း “ကိုယ်တော်သည် အကျွန့်ကို မည်သို့ သိသနည်း” ဟု မိန်းလျှောက်လေ၏။
49 နာသနေလကလည်း “ဆရာ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလလူမျိုးရို့၏ ဘုရင်ဖြစ်ပါ၏” ဟု လျှောက်လေ၏။
50 ယေသျှုက “သဖန်းပင်အောက်တွင် သင်ဟိနိန်ချိန်ကပင် သင့်ကို ငါမြင်ယာဟု ဆိုသောကြောင့် သင်ယုံကြည်သလော။ ယင်းချင့်ထက်ကြီးသော အမှုအရာတိကို သင်မြင်ရလိမ့်မည်” ဟု မိန့်တော်မူ၏။ 51 ထို့နောက် ကိုယ်တော်က “ငါအမှန်ဆိုသည်ကား၊ သင်ရို့သည် ကောင်းကင်ဖွင့်လှစ်၍ ဘုရားသခင်၏ ကောင်းကင်တမန်ရို့သည် လူသားအထက်မှာ ဆင်းလျက်၊ တက်လျက်ဟိနိန်သည်ကို မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယောဟန် 2 ->- a ထိုနှုတ်ကပတ်တော်သည် အသက်၏ အရင်းအမြစ်ဖြစ်၏၊ သို့မဟုတ် အသက်သည် နှုတ်ကပတ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၏။
- b မ ၃.၁; မာ ၁.၄; လု ၃.၁,၂
- c ပရောဖက်၊ ပေါ်ထွန်းလာမည့် ပရောဖက်တစ်ပါးအား မျှော်လင့်နိန်ပြီး မေသျှိယကြွလာမည့်အကြောင်းကို ဟောပြောနိန်သောသူ ဖြစ်၏။
- d တဖန်၊ သို့မဟုတ် စီရွှတ်ခံရသောသူရို့ကား ဖာရိယှဲတိ ဖြစ်ကြ၏၊ ထိုသူရို့။
Languages