1 “သင်ရို့သည် မိမိရို့၏ ယုံကြည်ခြင်း မပျက်စီခြင်းငှာ ဤစကားတိကို သင်ရို့အား ငါပြောထား၏။ 2 သင်ရို့ကို တရားဇရပ်များထဲက နှင်ထုတ်ကြလိမ့်မည်။ သင်ရို့ကို အသီသတ်သောသူများသည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထင်မှတ်ကြသောအချိန်သည် ရောက်လာလိမ့်မည်။ 3 သူရို့သည် ငါ့ကို သို့မဟုတ် ခမည်းတော်ကို မသိကြသည်ဖြစ်၍ ဤသို့ ပြုမူကြခြင်းဖြစ်၏။ 4 သို့ရာတွင် ထိုအချိန်ကာလ ရောက်လာသောအခါ သူရို့နှင့်ပတ်သက်၍ သင်ရို့အား ငါသတိပီးခသည်ကို သတိရကြစီခြင်းငှာ ငါသည် ဤအကြောင်းအရာများကို ပြောထားခြင်းဖြစ်၏။
12 “ငါသည် သင်ရို့အား ပြောစရာအများကြီး ဟိသော်လည်း သင်ရို့သည် အဂုအခါ မှတ်ယူနိုင်ကြလိမ့်မည် မဟုတ်ပေ။ 13 ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာတရားအကြောင်းကို ဖော်ပြသော ဝိညာဉ်တော်သည် ရောက်လာသောအခါ အလုံးစုံသော သမ္မာတရားထဲသို့ သင်ရို့ကို လမ်းပြပို့ဆောင်လိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိ၏သဘောအတိုင်း သင်ရို့ကို သွန်သင်လိမ့်မည် မဟုတ်၊ သူ ကြားသမျှကို ပြောလိမ့်မည်။ နောက်ဖြစ်လာမည့် အရာများကိုလည်း သင်ရို့အား ပြောပြလိမ့်မည်။ 14 ထိုဝိညာဉ်တော်သည် ငါပြောသမျှတိကို ယူ၍ သင်ရို့အား ပြောပြသောကြောင့် ငါ၏ ဘုန်းတော်ကို ထင်ရှားစီလိမ့်မည်။ 15 ငါ၏ခမည်းတော် ပိုင်ဆိုင်သောအရာခပ်သိမ်းသည် ငါပိုင်ဆိုင်သော အရာများဖြစ်၏။ ထိုဝိညာဉ်တော်သည် ငါပြောသမျှကို မှတ်ယူ၍ သင်ရို့အား ပြောပြပီးလိမ့်မည်ဟု ငါပြော၏။
17 ထိုအခါ တပည့်တော်တချို့က “တအောင့်ကြာလျှင် သင်ရို့သည် ငါ့ကို မြင်တွိ့ကြရလိမ့်မည် မဟုတ်ဟူ၍ လည်းကောင်း၊ သင်ရို့သည် တအောင့်ကြာပြီးမှ ငါ့ကို ပြန်၍ မြင်တွိ့ကြရလိမ့်မည်ဟူ၍ လည်းကောင်း၊ ‘အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ လားရဦးမည်’ ဟူ၍ လည်းကောင်း ကိုယ်တော်သည် ငါရို့အား မိန့်တော်မူသည်မှာ ဇာကို ဆိုလိုပါသနည်း။ 18 ‘ခဏ’ ဟူသောစကားသည် ဇာကို ဆိုလိုပါသနည်း၊ ကိုယ်တော် မိန့်တော်မူသည်ကို အကျွန်ရို့ နားမလည်ကြပါ” ဟု အချင်းချင်း မိန်းမြန်းနိန်ကြ၏။
19 ယေသျှုက တပည့်တော်ရို့သည် ဤအကြောင်းကို မိန်းမြန်းလိုကြသည်ကို သိတော်မူသည်ဖြစ်၍ “ ‘တအောင့်ကြာလျှင် သင်ရို့သည် ငါ့ကို မြင်တွိ့ရကြလိမ့်မည် မဟုတ်။ တအောင့်ကြာပြီးမှ သင်ရို့သည် ငါ့ကို ပြန်၍ မြင်တွိ့ကြရလိမ့်မည်’ ဟု ငါပြောခသည်ကို သင်ရို့သည် အချင်းချင်း မိန်းမြန်းနိန်ကြသည် မဟုတ်လောဟု သူရို့အား မိန်းတော်မူ၏။ 20 ငါအမှန် ဆိုသည်ကား၊ သင်ရို့ ဝမ်းနည်း ငိုကြွီးရလိမ့်မည်။ သို့ရာတွင် ထိုအချိန်၌ လောကသားတိ ဝမ်းမြောက်ကြလိမ့်မည်။ သင်ရို့သည်ကား ဝမ်းနည်း ရကြလိမ့်မည်။ သို့သော် သင်ရို့၏ ဝမ်းနည်းခြင်းသည် ဝမ်းသာခြင်း ဖြစ်လာလိမ့်မည်။ 21 အသျှေမွီးဖွားမည့် မိန်းမတစ်ယောက်သည် မွီးချိန် ရောက်လာသောအခါ နာကျင်ခြင်းဝေဒနာကို ခံစားရသောအချိန် ရောက်လာမည်ဖြစ်သောကြောင့် ဝမ်းနည်းရ၏။ သို့ရာတွင် အသျှေကို မွီးဖွားသောအခါ၌မူကား လောကထဲသို့ အသျှေတစ်ယောက်ကို မွီးဖွားပီးလိုက်ပြီဟူသော ဝမ်းမြောက်ခြင်းဖြင့် ထိုမိန်းမသည် မိမိ၏နာကျင်ခြင်းဝေဒနာကို မိ့လျော့လားလေ၏။ 22 ထိုနည်းတူ အဂုတွင် သင်ရို့သည် ဝမ်းနည်းပူဆွီးရကြ၏။ သို့သော်လည်း ငါသည် သင်ရို့ကို တဖန် မြင်တွိ့သောခါ၊ သင်ရို့၏စိတ်နှလုံးသည် ဝမ်းသာခြင်းနှင့် ပြည့်ဝကြလိမ့်မည်။ သင်ရို့၏ဝမ်းသာခြင်းကို မည်သူမျှ နုတ်ယူနိုင်လိမ့်မည် မဟုတ်ပေ။
23 “ထို နိ့ရောက်လာသောခါ သင်ရို့သည် ငါ၌ တောင်းလျှောက်ရန် မလိုယာ။ ငါ အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်ရို့တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။[a] 24 အဂုအချိန်ထိ ငါ့နာမ၌ သင်ရို့သည် တစ်စုံတစ်ခုကိုမျှ မတောင်းကြသိမ့်။ သင်ရို့သည် ဝမ်းသာခြင်းနှင့် ပြည့်ဝကြစီခြင်းငှာ တောင်းကြလော့။ တောင်းလျှင် ရကြလိမ့်မည်။
29 ယေသျှု၏ တပည့်တော်တိက “အဂုအခါ ကိုယ်တော်သည် အကျွန်ရို့ကို ဥပမာမသုံးဘဲ ယှင်းလင်းစွာ ပြောလေပြီ။ 30 ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူကြောင်းကိုလည်းကောင်း၊ မည်သူမျှ ကိုယ်တော့်ကို မိန်းလျှောက်ရန် မလိုအပ်ကြောင်းကိုလည်းကောင်း အကျွန်ရို့သည် အဂု သိကြပါ၏။ ဤအကြောင်းကို ထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံပါးမှ ဆင်းလာသည်ကို အကျွန်ရို့သည် ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
31 ယေသျှုက “အဂုအချိန်၌ သင်ရို့ ယုံကြည်ကြပြီလော။ 32 သင်ရို့သည် တကွဲတပြားစီဖြစ်လျက် အသီးသီး မိမိရို့အိမ်သို့ ပြန်လားကြပြီးလျှင် ငါ့ကို တစ်ယောက်တည်း ထားပစ်ခမည့်အချိန်သည် ရောက်လာမည်ဖြစ်၍ အဂုပင် ရောက်လာလေပြီ။ သို့သော်လည်း ငါသည် တစ်ယောက်တည်း မဟုတ်၊ ခမည်းတော်သည် ငါနှင့်အတူ ဟိတော်မူ၏။ 33 သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
<- ယောဟန် 15ယောဟန် 17 ->- a ငါ၏နာမ၌ သင်ရို့တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် ခမည်းတော်ထံ၌ သင်ရို့သည် တစ်စုံတစ်ခုကို တောင်းကြလျှင် ထိုအရာကို ကိုယ်တော်က ငါ၏နာမအားဖြင့် ပီးတော်မူလိမ့်မည်၊ ဟု ပါဟိသည်။
Languages