5 “ငါသည် စပျစ်ပင် ဖြစ်၏။ သင်ရို့သည်ကား အကိုင်းအခက်တိ ဖြစ်ကြ၏။ သင်ရို့သည် ငါ၌ တည်၍ ငါသည် သင်ရို့၌ တည်လျှင် များစွာသော အသီးကို သီးကြလိမ့်မည်။ သင်ရို့သည် ငါနှင့်ကွာလျှင် ဇာတစ်ခုကိုမျှ မလုပ်နိုင်ကြပေ။ 6 ငါ၌ မတည်သော သူသည် ခြောက်သွိ့သော အကိုင်းအခက်များ ကဲ့သို့ အပြင်သို့ ရွှင့်ပစ်ခြင်းကို ခံရ၏။ ထိုသို့သော အကိုင်းအခက်များကို စုသိမ်း၍ မီးထဲသို့ ပစ်ချခြင်းကို ခံရသဖြင့် လောင်ကျွမ်းခြင်းကို ခံရ၏။ 7 သင်ရို့သည် ငါ၌ တည်၍ ငါ၏စကားသည် သင်ရို့၌ တည်လျှင် သင်ရို့သည် လိုချင်သမျှကို တောင်း၍ ရကြလိမ့်မည်။ 8 သင်ရို့သည် များစွာသောအသီးကို သီးခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားသောသူများ ဖြစ်ကြ၏။ ထိုသို့အားဖြင့် သင်ရို့သည် ငါ့တပည့် အမှန် ဖြစ်ကြ၏။ 9 ငါ၏ခမည်းတော်သည် ငါ့ကို ချစ်သကဲ့သို့ ငါသည်လည်း သင်ရို့ကို ချစ်၏။ သင်ရို့သည် ငါ၏မေတ္တာ၌ တည်နိန်ကြလော့။ 10 ငါသည် ငါ့ခမည်းတော်၏ ပညတ်တိကို စောင့်ထိန်း၍ ငါ့ခမည်းတော်၏ မေတ္တာ၌ တည်နိန်သကဲ့သို့ သင်ရို့သည်လည်း ငါ၏ပညတ်တိကို စောင့်ထိန်းလျှင် ငါ၏မေတ္တာ၌ တည်နိန်ကြလိမ့်မည်။
11 [a]“ငါ၏ဝမ်းမြောက်ခြင်းသည် သင်ရို့၌ တည်စီခြင်းငှာလည်းကောင်း၊ သင်ရို့သည် ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝကြစီခြင်းငှာ လည်းကောင်း ဤစကားများကို သင်ရို့အား ငါပြော၏။ 12 ငါ၏ ပညတ်သည်ကား၊ ငါသည် သင်ရို့ကို ချစ်သကဲ့သို့ သင်ရို့သည်လည်း အချင်းချင်း ချစ်ကြလော့။ 13 ကိုယ့်မိတ်ဆွီရို့အတွက် ကိုယ့်အသက်ကို စွန့်ပီးခြင်းမေတ္တာထက် သာ၍ ကြီးမြတ်သော မေတ္တာဟူ၍ မဟိ။ 14 သင်ရို့သည် ငါ့ ပညတ်ကို ကျင့်လျှင် ငါ၏မိတ်ဆွီ ဖြစ်ကြ၏။ 15 ငါသည် သင်ရို့ကို အခိုင်းအစီ ဟူ၍ မခေါ်။ အခိုင်းအစီဆိုသည်ကား မိမိ၏သခင် လုပ်သမျှကို သိရကြသည် မဟုတ်။ သို့သော် ငါသည် ငါ့ခမည်းတော်ထံမှ သင်ယူခသမျှတိကို သင်ရို့အား သိစီပြီးဖြစ်၍ သင်ရို့ကို မိတ်ဆွီများဟု ငါ ခေါ်၏။ 16 သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။ 17 ငါ၏ပညတ်သည်ကား သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ချစ်ကြလော့ ဟူ၍ ဖြစ်၏။
26 “ခမည်းတော်ထံပါးက လာသည့် ဘုရားသခင်နှင့် ပတ်သက်၍ သမ္မာတရားကို ထုတ်ဖော်ပြောကြားသော ဝိညာဉ်တော်တည်းဟူသော ကူညီမစသောသူသည် ရောက်လာလိမ့်မည်။ ထိုဝိညာဉ်တော်ကို ခမည်းတော်ထံမှ သင်ရို့ပါးသို့ ငါရွှတ်လိုက်သည်ဖြစ်၍ သူသည် ငါ့အကြာင်းကို ပြောပြလိမ့်မည်။ 27 ထို့အပြင် သင်ရို့သည်လည်း ငါ့အကြောင်းကို ပြောကြလိမ့်မည်၊ အကြောင်းမူကား သင်ရို့သည် အစကတည်းကပင် ငါနှင့်အတူ ဟိခဖူးသောကြောင့် ဖြစ်၏။
<- ယောဟန် 14ယောဟန် 16 ->
Languages