4 ငါရို့အမျိုး၏ ထင်ရှားသော အဖိုးဖြစ်သူ အာဗြဟံသည် တိုက်ပွဲမှ မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလှူခရသည်ဆိုသော် ထိုသူသည် ဇာလောက် ကြီးမြတ်တော်မူသည်ကို သင်ရို့ သဘောပေါက်ကြလော့။ 5 ယဇ်ပုရောဟိတ်တိဖြစ်သော လေဝိမျိုးနွယ်များသည် အာဗြဟံမှ ဆင်းသက်လာသော မိမိရို့၏ဣသရေလလူများ ဖြစ်ကြသော်လည်း ဣသရေလလူမျိုးများက ဆယ်ဖို့တစ်ဖို့ကို စုဆောင်း၍ ပီးလှူကြရန် ပညတ်ထားတော်မူ၏။ 6 မေလခိဇေဒက်သည် လေဝိမျိုးနွယ်မှ ဆင်းသက်လာသောသူ မဟုတ်သော်လည်း အာဗြဟံပါးက ဆယ်ဖို့တစ်ဖို့ကို ခံယူ၍ ဘုရားသခင်၏ကတိတော်များကို ရဟိထားသော အာဗြဟံအား ကောင်းကြီးပီးလေ၏။ 7 ကောင်းကြီးပီးသောသူသည် ကောင်းကြီးပီးခြင်းကို ခံရသောသူထက် သာ၍ ကြီးမြတ်သည်မှာ သံသယဖြစ်ဖွယ်မဟိပေ။ 8 ဤနီရာ၌ ဆယ်ဖို့တစ်ဖို့ကို ကောက်ခံကြသော ယဇ်ပုရောဟိတ်ရို့သည် သီဆုံးတတ်သော လူသားတိဖြစ်ကြ၏။ သို့သော်လည်း ဆယ်ဖို့တစ်ဖို့ကို ကောက်ခံသော မာလခိဇေဒက်သည်ကား အသက်ရှင်သောသူ ဖြစ်သည်ဟု ကျမ်းစာက ဆိုထား၏။ 9 ထို့ကြောင့် ဆယ်ဖို့တစ်ဖို့ကို ခံယူကြသော လေဝိရို့သည်လည်း အာဗြဟံအားဖြင့် ဆယ်ဖို့တစ်ဖို့ကို ပီးလျှူခကြသည်ဟု ဆိုနိုင်၏။ 10 အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံအား တွိ့ဆုံသောအခါ လေဝိသည်လည်း သူ၏အဖိုး ခန္ဓာကိုယ်ထဲ၌ ဟိနိန်ခသောကြောင့် ဖြစ်၏။
11 ပညတ်တရားကို ဣသရေလလူမျိုးတိအား ပီးအပ်ထားသည်မှာ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၌ အခြေခံထားခြင်းဖြစ်၏။ အဂုအခါ လေဝိမျိုးနွယ် ယဇ်ပုရောဟိတ်တိ၏လုပ်ဆောင်မှုသည် ပြည့်စုံလျှင် အာရုန်ကဲ့သို့ မဟုတ်ဘဲ မေလခိဇေဒက် အရာကို ဆက်ခံတော်မူသော ယဇ်ပုရောဟိတ်တစ်ပါး[a] ပေါ်ထွန်းလာဖို့ မလိုအပ်ယာ။ 12 ထို့ကြောင့် ယဇ်ပုရောဟိတ်အမျိုး ပြောင်းလျှင် ပညတ်တရားလည်း ပြောင်းရမည်။ 13 ဤအကြောင်းအရာများကို မိန့်တော်မူသော ငါရို့၏အသျှင်ဘုရားသည် ယဇ်ပလ္လင်၌ ဆောင်ရွက်ရသော ယဇ်ပုရောဟိတ်အနွယ်ဝင်မဟုတ်၊ အခြားတစ်ပါးသော အမျိုးအနွယ်မှ ဆင်းသက်လာသော သူဖြစ်၏။ 14 အကျွန်ရို့၏ သခင်ဘုရားသည် ယုဒလူမျိုးထဲ၌ မွီးဖွားခသည်မှာ ထင်ရှား၏။ မောသျှေသည် ယဇ်ပုရောဟိတ်အကြောင်းကို ပြောခသည့်အချိန်မှာ ဤယုဒလူမျိုးနှင့် ပတ်သက်၍ တစ်ခုမျှ မပြောခပါ။
20 တဖန် ဘုရားသခင် ကျိန်ဆိုတော်မူခြင်းသည်လည်း ဟိ၏။ လေဝိမျိုးနွယ်များကို ယဇ်ပုရောဟိတ် ခန့်အပ်သောအခါ ထိုသို့ကျိန်ဆိုတော်မူခြင်း မဟိပေ။ 21 သို့ရာတွင် ထိုသို့ ဘုရားသခင် ကျိန်ဆိုတော်မူခြင်းအားဖြင့် ယေသျှုသည် ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်လာ၏၊
23 အဂုအခါ ထိုသို့သော ယဇ်ပုရောဟိတ် များစွာဟိကြလေ၏။ အကြောင်းမူကား သူရို့သည် သီဆုံးလားကြသည်ဖြစ်၍ မိမိရို့အလုပ်ကို ဆက်လက်၍ မလုပ်နိုင်ကြပေ။ 24 သို့ရာတွင် ယေသျှုသည် ထာဝရအသက်ရှင်တော်မူသည်ဖြစ်၍ သူသည် ပြောင်းလဲခြင်း မဟိသော ယဇ်ပုရောဟိတ်ဖြစ်တော်မူ၏။ 25 ထို့ကြောင့် အဂုတွင် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံပါးသို့ ရောက်လာကြသောသူရို့အား ကယ်တင်ခြင်းငှာ အစဉ်သဖြင့် တတ်နိုင်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ထိုသူရို့အတွက် ဘုရားသခင်ကို အသနားခံရန် ထာဝရအသက်ရှင်တော်မူသောကြောင့်ဖြစ်၏။
26 ထို့ကြောင့် ယေသျှုသည် ငါရို့လိုအပ်သော ယဇ်ပုရောဟိတ်မင်း အမှန်ပင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မြင့်မြတ်သန့်ယှင်း၍ အပြစ်ကင်းစင်တော်မူ၏။ ကိုယ်တော်သည် အပြစ်သားတိနှင့် ခြားထားခြင်းကို ခံရပြီးလျှင် ကောင်းကင်ဘဝဂ်တိုင်အောင် ချီးမြှောက်ခြင်းကို ခံတော်မူ၏။ 27 ကိုယ်တော်သည် အခြားသော ယဇ်ပုရောဟိတ်မင်းရို့ကဲ့သို့ နိ့စဉ်နိ့တိုင်း ယဇ်ပူဇော်ရန် မလိုအပ်ပေ။ အခြားသော ယဇ်ပုရောဟိတ်တိမှာကား မိမိရို့အပြစ်အတွက် ပထမဦးစွာ ပူဇော်သကာကို ပူဇော်ပြီးနောက် လူတိအပြစ်အတွက် တဖန် ပူဇော်သကာကို ပူဇော်ကြရ၏။ သို့ရာတွင် ယေသျှုသည် မိမိကိုယ်ကို ပူဇော်သောအခါ လူသားအားလုံး၏ အပြစ်အတွက် တစ်ခါတည်း အပြီးပူဇော်ထားပြီးဖြစ်၏။ 28 မောသျှေ၏ပညတ်တရားက ပြီးပြည့်စုံလင်ခြင်းမဟိသော လူတိကို ယဇ်ပုရောဟိတ်မင်းတိအဖြစ် ခန့်ထား၏။ သို့သော် ပညတ်တရား၏ နောက်မှရောက်လာသော ဘုရားသခင် ကျိန်ဆိုတော်မူသည့် ကတိတော်သည် ထာဝရပြည့်စုံတော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားလေ၏။
<- ဟေဗြဲ 6ဟေဗြဲ 8 ->
Languages