1 သို့ဖြစ်၍ ငါရို့သည် ခရစ်ယာန်တရားတော်၏ အခြေခံသွန်သင်ချက်များကို ကျော်လွန်၍ ရင့်ကျက်သောဩဝါဒတရားတိကို ကျင့်ကြကုန်အံ့။ သီခြင်းတရားသို့ ပို့ဆောင်သော အကျင့်များမှ နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ 2 ဗတ္တိဇံတရား [a]ကို သွန်သင်ခြင်း၊ လက်တင်ဆုတောင်းပီးခြင်း၊ သီခြင်းမှ ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်ခြင်း စသည့် အခြေခံတရားများကို ငါရို့သည် တဖန်ပြန်၍ မသင်အပ်ယာ။ 3 ဘုရားသခင် အခွင့်ပီးတော်လျှင် ငါရို့သည် ထိုအရာများကို ဆက်လက်၍ လုပ်ဆောင်ကြကုန်အံ့။
4 မိမိရို့၏ယုံကြည်ခြင်းကို စွန့်ပစ်သောသူရို့သည် နောက်တဖန် ဇာပိုင် နောင်တရနိုင်ပါအံ့နည်း။ အကြောင်းမူကား သူရို့သည် တစ်ခါက ဘုရားသခင်၏အလင်းအောက်၌ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းဖူးသောသူ၊ သန့်ယှင်းသောဝိညာဉ်တော်ကို ခံယူဖူးသောသူ၊ 5 ဘုရားသခင်၏နှုတ်ကပတ်တော် ကောင်းမြတ်တော်မူကြောင်းကို လက်တွိ့ ခံစားဖူးသောသူ၊ နောင်ကာလ၏တန်ခိုးတော်တိကိုလည်း ခံစားဖူးကြသောသူများဖြစ်ကြ၏။ 6 သို့သော်လည်း သူရို့သည် မိမိရို့၏ယုံကြည်ခြင်းကို စွန့်ကြလေပြီတကား။ သူရို့သည် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ တဖန် တင်၍ သတ်လျက် လူအများတိရှိ့မှာ အရှက်ခွဲနိန်ကြသည်ဖြစ်၍ သူရို့အတွက် နောင်တတရားဟူ၍ မဟိယာ။
7 အကြိမ်ကြိမ် ရွာသွန်းသည့် မိုးရီကို သောက်လျက် ထွန်ယက်စိုက်ပျိုးသောသူတိ သုံးဆောင်အံ့သောငှာ သီးပင်စားပင်များကို ဖြစ်ထွန်းစီသော မြီကြီးကို ဘုရားသခင်သည် ကောင်းကြီးပီးတော်မူ၏။ 8 သို့ရာတွင် ဆူးပင် ပေါင်းပင်တိကို ဖြစ်ထွန်းစီသော မြီကြီးသည် အသုံးမဝင်။ ထိုမြီကြီးသည် ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသောမြီဖြစ်၍ မီးဖြင့် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။
9 သို့ရာတွင် ချစ်သော မိတ်ဆွီရို့၊ ငါရို့သည် ဤကဲ့သို့ ပြောဆိုကြသော်လည်း သင်ရို့နှင့်ပတ်သက်၍ အမှန်ပင် ခံစားရပါ၏။ သင်ရို့မှာ သာ၍ ကောင်းမွန်သော ကယ်တင်ခြင်းဆိုင်ရာ ကောင်းကြီးများ ပိုင်ဆိုင်ထားကြကြောင်းကို ငါရို့ သိကြ၏။ 10 ဘုရားသခင်သည် တရားမျှတမှုမဟိသော အသျှင် မဟုတ်ပေ။ သင်ရို့ဆောင်ရွက်ခသောအမှုကိုလည်းကောင်း၊ အခြားသော ခရစ်ယာန်ညီအစ်ကိုများ ကူညီမစခြင်းအားဖြင့် ကိုယ်တော်သျှင်အား ပြသသော သင်ရို့၏ချစ်ခြင်းမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မိ့လျော့လိမ့်မည် မဟုတ်ပေ။ 11 ငါရို့၏ ကြီးမားသော ဆန္ဒသည် သင်ရို့တစ်ယောက်စီတိုင်း၏မျှော်လင့်ချက်များ ပြည့်စုံလာစီရန် သင်ရို့၏စိတ်အားထက်သန်မှုကို အဆုံးတိုင်အောင် ခိုင်မြဲစီခြင်းငှာ ဖြစ်၏။ 12 ငါရို့သည် သင်ရို့အား ပျင်းရိသောသူများ ဖြစ်လာစီခြင်းငှာ အလိုမဟိ။ သို့ရာတွင် ယုံကြည်ခြင်းအားဖြင့် သော်လည်းကောင်း၊ စိတ်ရှည် သည်းခံသောအားဖြင့် သော်လည်းကောင်း၊ ဘုရားသခင်၏ကတိတော်ကို အမွီခံရသောသူတိကဲ့သို့ ပြုမူကျင့်ကြံစီခြင်းငှာ အလိုဟိကြ၏။
Languages