1 ပညတ်တရားသည် နောင်ဖြစ်လာမည့် ကောင်းသောအရာများ၏ ပုံရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာများ မဟုတ်ကြပေ။ ထို့ကြောင့် ဝတ်ပြုသူတိကို ပြည့်စုံစီခြင်းငှာ ဆောင်ရွက်မပီးနိုင်သောကြောင့် တူညီသောယဇ်များကို နှစ်စဉ် ပူဇော်ကြရ၏။ 2 အကယ်၍ ပြည့်စုံနိုင်ခလျှင် ဝတ်ပြုသူရို့သည် တစ်ခါတည်းဖြင့် စင်ကြယ်ခြင်းသို့ ရောက်ကြသည်ဖြစ်၍ အပြစ်ဟိသည်ဟု မခံစားရသောကြောင့် သူရို့သည် ယဇ်ပူဇော်ခြင်းကို မပြုလုပ်ဘဲနိန်ကြလိမ့်မည် မဟုတ်ပါလော။ 3 သို့ရာတွင် ထိုသို့ ယဇ်ပူဇော်ခြင်းများသည် သူရို့၏အပြစ်များကို နှစ်စဉ် ဖော်ပြနိန်ခြင်းဖြစ်၏။ 4 အကြောင်းမူကား နွားနှင့် ဆိတ်များ၏အသွီးသည် အပြစ်များကို လုံးဝ ဖယ်ယှားမပီးနိုင်သောကြောင့်ဖြစ်၏။
5 ထို့ကြောင့် ခရစ်တော်သည် လောကထဲသို့ ကြွလာသောအခါ ဘုရားသခင်အား လျှောက်ထားတော်မူသည်မှာ၊
11 ယဇ်ပုရောဟိတ်သည် နိ့စဉ်နိ့တိုင်း မတ်တပ်ရပ်ကာ မိမိ၏ဘာသာရေးဆိုင်ရာ ဝတ္တရားများကို ဆောင်ရွက်ရ၏။ သူသည် တူညီသော ပူဇော်သကာယဇ်ကို အကြိမ်ကြိမ် ပူဇော်ရ၏။ သို့သော်လည်း ထိုသို့ လုပ်ဆောင်ခြင်းသည် အပြစ်များကို လုံးဝ မဖယ်ယှားနိုင်။ 12 သို့ရာတွင် ခရစ်တော်သည်ကား ထာဝရအတွက် တစ်ခုတည်းသော အပြစ်ဖြေရာယဇ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးလျှင် ဘုရားသခင်၏လက်ယာဖက်၌ ထိုင်နိန်တော်မူ၏။ 13 အဂုအခါ ကိုယ်တော်သည် မိမိ၏ရန်သူတိကို မိမိ၏ခြီတင်ခုံ ဖြစ်စီသည့်တိုင်အောင် စောင့်ဆိုင်းလျက် ဟိတော်မူ၏။ 14 အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ခြင်းအားဖြင့် အပြစ်များမှ စင်ကြယ်ခြင်းခံရပြီးသော သူရို့အား ထာဝရစုံလင်စီခြင်းငှာ ဆောင်ရွက်ပီးတော်မူခ၏။
15 သန့်ယှင်းသော ဝိညာဉ်တော်သည်လည်း ဤအကြောင်းနှင့် ပတ်သက်၍ ငါရို့ကို သက်သီခံတော်မူ၏။ ထိုသန့်ယှင်းသော ဝိညာဉ်တော်က ပထမဦးစွာ မိန့်တော်မူသည်မှာ
26 အကြောင်းမူကား ငါရို့အား သမ္မာတရားကို သိခြင်းငှာ ဆောင်ရွက်ပီးထားပြီးမှ အပြစ်ကို တမင်တကာ ဆက်လက်၍ လုပ်နိန်ကြလျှင် အပြစ်ဖြေမည့်ယဇ်ဟူ၍ မဟိယာ။ 27 သို့ရာတွင် တရားစီရင်ခြင်းကိုလည်းကောင်း၊ ဘုရားသခင်ကို ဆန့်ကျင်သော သူရို့ကို လောင်ကျွမ်းမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နိန်ကြရုံမျှသာဟိ၏။ 28 မောသျှေ၏ပညတ်တရားကို ငြင်းပယ်သောသူမည်သည်ကား သက်သီနှစ်ဦး သို့မဟုတ် သုံးဦးဟိလျင် သက်ညှာခြင်းကို မခံရဘဲ သီဒဏ်ပီးခြင်းကို ခံရ၏။ 29 သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို ခြီဖြင့် နင်းလျက် အပြစ်ကို သန့်ယှင်းစင်ကြယ်စီသော ဘုရားသခင်၏ပဋိညာဉ်နှင့်ဆိုင်သောအသွီးတော်ကို မထီမဲ့မြင် ပြုမူကာ ကျေးဇူးတော်နှင့်ဆိုင်သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူရို့သည် ဇာလောက်ကြီးမားသော ပြစ်ဒဏ်နှင့် ထိုက်တန်သည်ကို သင်ရို့ စဉ်းစားကြလော့။ 30 အကြောင်းမူကား “ပြစ်ဒဏ်ပီးခြင်းသည် ငါနှင့် ဆိုင်၏။ ငါ ကိုယ်တိုင် ပြစ်ဒဏ်ပီးမည်” ဟူ၍လည်းကောင်း၊ တဖန် “ထာဝရဘုရားသည် မိမိ၏လူမျိုးကို တရားစီရင်မည်” ဟူ၍လည်းကောင်း မိန့်တော်မူသောအသျှင်ကို ငါရို့ သိကြ၏။ 31 အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်၌ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။
32 သင်ရို့သည် အယင်က နိ့ရက်များကို သတိရကြလော့။ ထိုနိ့ရက်များ၌ ဘုရားသခင်၏အလင်းသည် သင်ရို့၌ ထွန်းလင်းပြီး သင်ရို့ကြုံတွိ့ခရသော ဒုက္ခများစွာကို ရုန်းကန်၍ အနိုင်ရခကြ၏။ 33 သင်ရို့သည် တစ်ခါတရံ လူတိရှိ့၌ ကဲ့ရဲ့ပြစ်တင်ခြင်း၊ နှိပ်စက်ခြင်းကို ခံရကြ၍ တခြားသောအချိန်၌ ထိုသို့ ပြုခြင်းကိုခံရသော သူရို့၏အပေါင်းအသင်းများ ဖြစ်ကြ၏။ 34 သင်ရို့သည် အကျဉ်းကျခံနိန်ရသော သူရို့ကို စာနာစိတ်ဟိကြ၏။ မိမိရို့၏ဥစ္စာပစ္စည်းများကို မတရား လုယူခြင်း ခံရသောအခါ ဝမ်းမြောက်စွာ သည်းခံကြ၏။ အကြောင်းမူကား သင်ရို့သည် သာ၍ကောင်းမြတ်ပြီး တည်မြဲသောဥစ္စာကို ပိုင်ဆိုင်ထားကြသည်ကို သင်ရို့ကိုယ်တိုင်သိကြသောကြောင့်ဖြစ်၏။
35 ထို့ကြောင့် သင်ရို့၏ရဲရင့်ခြင်းကို မဆုံးယှုံးစီကတ်ကေ့။ ထိုရဲရင့်ခြင်းသည်ကား ကြီးမြတ်သောအကျိုးကျေးဇူးကို ပီးတတ်၏။ 36 သင်ရို့သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးသောအခါ ကိုယ်တော်၏ကတိတော်အတိုင်း အကျိုးကို ခံစားရခြင်းငှာ မဆုတ်မနစ် ကြိုးစားအားထုတ်ရန် လိုအပ်၏။ 37 အကြောင်းမူကား၊
Languages