1 တဖန် ငါ ဆိုသည်ကား၊ သားသည် သူ့ဖခင်၏ ဥစ္စာဟိသမျှကို အမှန်ပင် အမွီခံထိုက်သောသူ ဖြစ်သော်ငြားလည်း အရွယ်မရောက်ခင် ကာလအတွင်း ကျွန်တစ်ယောက်ကဲ့သို့ နီထိုင်ရ၏။ 2 သူသည် ဖခင်သတ်မှတ်ထားသော အချိန်မရောက်ခင် ကာလပတ်လုံး မိမိ၏အမှုကိစ္စတိကို စီမံအုပ်ချုပ်သူများနှင့် အုပ်ထိန်းသူတိ၏ လက်အောက်၌ နီထိုင်ရ၏။ 3 ထိုနည်းတူ ငါရို့သည်လည်း ဝိညာဉ်ရေးရာ၌ မရင့်ကျက်ခင်အခါက လောကကိုအုပ်စိုးသော ဝိညာဉ်တရားအောက်တွင် ကျွန်ဖြစ်ကြ၏။ 4 သို့ရာတွင် နောက်ဆုံး၌ အချိန်တန်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကို စီရွှတ်တော်မူ၏။ ထိုသားတော်သည် လူမိခင်မှ မွီးဖွားလျက် ပညတ်တရားအောက်၌ ပေါ်ထွန်းတော်မူ၏။ 5 [a] ထိုသူသည်ကား ပညတ်တရားအောက်၌ဟိသော ငါရို့ကို ရွီးနုတ်တော်မူပြီး ဘုရားသခင်၏ သားသမီးများဖြစ်လာကြရန် ဖြစ်၏။
6 သင်ရို့သည်[b] ဘုရားသခင်၏ သား၊ သမီးတိဖြစ်ကြောင်း သက်သီပြရန် ဘုရားသခင်သည် “အဗ္ဗ၊ ငါ့ အဖ” ဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်ကို ငါရို့၏ စိတ်နှလုံးထဲသို့ စီရွှတ်တော်မူ၏။ 7 သို့ဖြစ်၍ သင်ရို့သည် ကျွန် မဟုတ်ဘဲ သား၊ သမီးတိ ဖြစ်ကြ၏။ ထိုသို့ သင်ရို့သည် ဘုရားသခင်၏ သား၊ သမီးတိဖြစ်သဖြင့် သင်ရို့ခံစားထိုက်သော အမွီအားလုံးကို ဘုရားသခင်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။
12 ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ငါ့ကဲ့သို့ ဖြစ်ကြရန် ငါတောင်းပန်၏။ ထိုနည်းတူ ငါသည်လည်း သင်ရို့ကဲ့သို့ဖြစ်၏။ သင်ရို့သည် ငါ့အား တစ်စုံတစ်ခုမျှ ပြစ်မှားခြင်း မပြုခ။ 13 ငါသည် ပထမဆုံးအကြိမ် သင်ရို့အား သတင်းကောင်းကို ဟောပြောရခြင်းသည် ငါနာမကျန်းသောကြောင့် ဖြစ်သည်ကို သင်ရို့သိကြ၏။ 14 သို့ရာတွင် ငါ၏ ကိုယ်ကာယ အခြေအနေကြောင့် သင်ရို့အတွက် အနှောက်အယှက်ဖြစ်သော်လည်း သင်ရို့သည် ငါ့အား အထင်သေးခြင်း၊ ငြင်းပယ်ခြင်းများကို မပြုကတ်။ သင်ရို့သည် ငါ့အား ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ လည်းကောင်း၊ ခရစ်တော်ယေသျှုကဲ့သို့ လည်းကောင်း လက်ခံကြ၏။ 15 သင်ရို့သည် အလွန်ဝမ်းမြောက်ခြင်းဟိလျက်ပင် မည်သို့ ဖြစ်ခသနည်း။ သင်ရို့သည် ဖြစ်နိုင်လျှင် မိမိရို့၏ မျက်စိများကိုပင် ထုတ်၍ ငါ့အား ပီးလှူလိုခသည်ကို ငါ သက်သီခံ၏။ 16 အဂု ငါသည် သင်ရို့အား သမ္မာတရားကို ပြောဆိုသည့်အတွက် သင်ရို့၏ ရန်သူ ဖြစ်လီယာလား။
17 အခြားသောသူရို့သည် သင်ရို့အား အရေးတယူ ပြုကြ၏။ သို့ရာတွင် ထိုသို့ပြုခြင်းမှာ မကောင်းသော ရည်ရွယ်ချက်ဖြင့်သာ ဖြစ်၏။ သူရို့သည် သင်ရို့၏ အလွန် အရေးတယူပြုမှုကို ခံစားရခြင်းငှာ သင်ရို့အား ငါနှင့် အဆက်အသွယ် ပြတ်စီလိုသောကြောင့် ဖြစ်၏။ 18 အဂုတွင် ကောင်းသော ရည်ရွယ်ချက်ဖြင့် အရေးတယူပြုလျှင် ကောင်းပေ၏။ ထိုသို့ အရေးတယူပြုမှုသည် ငါ ဟိနိန်စဉ်သာ မဟုတ်ဘဲ အစဉ်အမြဲဟိရန် လိုအပ်၏။ 19 ငါချစ်သော သားသမီးရို့၊ ခရစ်တော်၏ သဏ္ဌာန်တော်ကို သင်ရို့သည် မရမချင်း ငါသည် အသျှေမွီးသည့် မိခင်ကဲ့သို့ တဖန် ဝေဒနာခံစားလျက် နိန်ရ၏။ 20 ငါသည် ငါ၏ စကားသံကို ပြောင်းလို၍ အဂုပင် ငါသည် သင်ရို့နှင့်အတူ ဟိလိုသော ဆန္ဒဟိ၏။ အကြောင်းမူကား သင်ရို့အတွက် အလွန် စိုးရိမ်ပူပန်လျက် ဟိသောကြောင့် ဖြစ်၏။
28 ညီအစ်ကိုမောင်နှမရို့၊ အဂုတွင် သင်ရို့သည် ဣဇာက်ကဲ့သို့ ဘုရားသခင်၏ ကတိတော်နှင့်ဆိုင်သော သားသမီးတိ ဖြစ်ကြ၏။ 29 ထိုအချိန်၌ ဇာတိအားဖြင့် မွီးသောသားသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသားအား ညှည်းဆဲနှိပ်စက်ခ၏။ အဂုလည်း ထိုနည်းတူပင်ဖြစ်၏။ 30 သို့ရာတွင် ကျမ်းစာတော်မြတ်၌ မည်သို့ ဆိုထားသနည်း။ “ဤကျွန်မနှင့် သူမ၏သားကို နှင်ထုတ်လော့။ ကျွန်မ၏ သားသည် ကျွန် မဟုတ်သော မိန်းမ၏သားနှင့်အတူ ဖခင်၏အမွီကို မခံရ” ဟု ဆို၏။ 31 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့ကား ကျွန်မ၏သားသမီးတိ မဟုတ်။ ကျွန် မဟုတ်သော မိန်းမ၏ သားသမီးတိရာ ဖြစ်ကြ၏။
<- ဂလာတိ 3ဂလာတိ 5 ->
Languages