6 ထိုနည်းတူ ကျမ်းစာတော်မြတ်က “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်၏။ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းအဖြစ် ဘုရားသခင်သည် မှတ်တော်မူ၏” ဟု ဆို၏။ 7 [a]သိုဖြစ်၍ ဘုရားသခင်ကို ယုံကြည်သော သူအပေါင်းရို့သည် အာဗြဟံ၏ သားသမီး အစစ်အမှန် ဖြစ်ကြောင်းကို သင်ရို့သိမှတ်ကြလော့။ 8 ဘုရားသခင်သည် တခြားလူမျိုးရို့၏ ယုံကြည်ခြင်းကိုထောက်၍ ဖြောင့်မတ်သောသူ ဖြစ်မည်ဟု ကျမ်းစာတော်မြတ်က ကြိုတင်၍ ဖော်ပြထားပြီး “သင့်အားဖြင့် လူမျိုးအပေါင်းရို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရကြလိမ့်မည်” ဟု သတင်းကောင်းကို အာဗြဟံအား ကြေညာခ၏။ 9 အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာကို ခံစားရခ၏။ ထို့ကြောင့် ယုံကြည်ခြင်းဟိသော သူရို့သည် အာဗြဟံနည်းတူ ကောင်းကြီးမင်္ဂလာကို ခံစားရကြ၏။
10 ပညတ်တရားအောက်၌ အသက်ရှင်နိန်သော သူတိုင်းသည် ကျိန်ခြင်းတရား၏ အောက်၌ ဟိ၏။ ကျမ်းစာတော်မြတ်၌ “ပညတ္တိကျမ်း၌ ရီးထားသမျှသောအရာကို မကျင့်နိုင်သောသူ ဟိသမျှသည် ဘုရားသခင်၏ ကျိန်ခြင်းအောက်၌ဟိသည်” ဟု ဖော်ပြထား၏။ 11 [b]အဂုတွင် ကျမ်းစာတော်မြတ်၌၊ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”[c] ဟု ဆိုထားသဖြင့် ပညတ်တရားအားဖြင့် ဇာသူတစ်ယောက်လေ့ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို မရနိုင်ကြောင်း ထင်ရှား၏။ 12 သို့သော်လည်း ကျမ်းစာတော်မြတ်၌၊ “ပညတ်တရားနှင့်ဆိုင်သော အရာအားလုံးကို လိုက်လျှောက်သောသူသည် ပညတ်တရားအားဖြင့် အသက်ရှင်လိမ့်မည်” ဟု ဆိုသဖြင့် ပညတ်တရားသည် ယုံကြည်ခြင်းနှင့် မသက်ဆိုင်။
13 သို့ရာတွင် “သစ်တိုင် ထက်တွင် ဆွဲထားခြင်းကို ခံရသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းခံရသူဖြစ်၏” ဟု ကျမ်းစာတော်မြတ်၌ လာသည်နှင့်အညီ ခရစ်တော်သည် ငါရို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်ပြီး ငါရို့အား ပညတ်တရား၏ ကျိန်ခြင်းမှ ရွီးနုတ်တော်မူ၏။ 14 ခရစ်တော်သည် ဤသို့ ပြုတော်မူခြင်းမှာ အာဗြဟံ ခံစားရသော ကောင်းကြီးမင်္ဂလာသည် ခရစ်တော်ယေသျှုအားဖြင့် တခြားလူမျိုးများ၌ သက်ရောက်သဖြင့် ငါရို့သည် ဘုရားသခင် ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရဟိရန် ဖြစ်၏။
19 သို့ဖြစ်လျှင် ပညတ်တရား၏ ရည်ရွယ်ချက်ကား မည်သို့နည်း။ ပညတ်တရားကို ဘုရားသခင် ချပီးတော်မူခသည်မှာ အပြစ်ဒုစရိုက်၏သဘောကို ဖော်ပြရန်သာ ဖြစ်၏။ ထိုပညတ်တရားသည် ကတိတော်ကို ခံယူရဟိသူ အာဗြဟံ၏ သားစဉ်မြီးဆက် မပေါ်သိမ့်ခင် ကာလအတွင်း၌သာလျှင် တည်ဟိရန်သာ ဖြစ်၏။ ဘုရားသခင်သည် ထိုပညတ်တရားကို ကောင်းကင်တမန်များအားဖြင့် ကြားဝင်စိ့စပ်ပီးသူတစ်ဦးအား ပီးအပ်တော်မူခ၏။ 20 သို့ရာတွင် ကြားဝင်စိ့စပ်ပီးသူသည် တစ်ဖက်နှင့်သာ ဆိုင်သည် မဟုတ်။ ဘုရားသခင်မူကား တစ်ပါးတည်း ဖြစ်တော်မူ၏။[e]
23 သို့သော် ယုံကြည်ခြင်းတရား ရောက်မလာခင် ငါရို့သည် ယုံကြည်ခြင်းတရား ထင်ရှားလာသည်အထိ ပညတ်တရားအောက်၌ အချုပ်သားတိကဲ့သို့ ချုပ်ထားခြင်းကို ခံရ၏။ 24 ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို ရနိုင်ကြစီရန် ပညတ်တရားသည် ခရစ်တော်ကြွလာချိန်ထိတိုင်အောင် ငါရို့ကို အုပ်ထိန်းပီး၏။ 25 အဂုတွင် ယုံကြည်ခြင်းတရား ရောက်လာပြီဖြစ်၍ ငါရို့သည် ပညတ်တရား၏ အုပ်ထိန်းမှုအောက်၌ မဟိယာ။
26 သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ 27 ခရစ်တော်၌ ဗတ္တိဇံကို ခံယူထားပြီးသော သင်ရို့အားလုံးသည် ခရစ်တော်ကို ယူတင်ဝတ်ဆင် ထားကြပြီး ဖြစ်၏။ 28 သို့ဖြစ်၍ ယုဒလူမျိုးနှင့် တခြားလူမျိုး ဟူ၍ မဟိ၊ ကျွန်နှင့် လွတ်လပ်သူ ဟူ၍ မဟိ၊ ယောက်ျားနှင့် မိန်းမ ဟူ၍ မဟိ။ သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။ 29 [f] သင်ရို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏ သားစဉ်မြီးဆက်များဖြစ်ကြပြီး ဘုရားသခင်၏ ကတိတော်ကို ခံစားရကြလိမ့်မည်။
<- ဂလာတိ 2ဂလာတိ 4 ->
Languages