1 ငါသည် သင်ရို့အတွက် လည်းကောင်း၊ လောဒိကိမြို့သားတိနှင့် ငါ့ကို မတွိ့ဖူးကြသော တခြားလူတိအတွက် လည်းကောင်း ဇာလောက်ထိ ကြိုးစားလုပ်ဆောင်ခသည်ကို သင်ရို့အား သိစီလို၏။ 2 ငါ၏ရည်ရွယ်ချက်မှာ သူရို့၏စိတ်နှလုံးကို အားပီးတိုက်တွန်းရန်နှင့် သူရို့ကို ချစ်ခြင်းမေတ္တာ၌ တည်စီခြင်းငှာ ဖြစ်၏။ အကြောင်းမူကား ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို[a] သူရို့ သိမြင်လာကြရန် ကြွယ်ဝပြည့်စုံသော ဉာဏ်ပညာနှင့် ပြည့်ဝစုံလင်စီခြင်းငှာ ဖြစ်၏။ 3 ထိုအသျှင်သည် ဝှက်ထားသမျှသော ဘုရားသခင်၏ ဘဏ္ဍာဖြစ်သည့် ဉာဏ်ပညာနှင့် အသိပညာကို ဖွင့်ပြသော သော့ဖြစ်၏။
4 မည်သူမျှ သင်ရို့အား ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစီခြင်းငှာ ငါသည် ဤသို့ ပြောဆိုခြင်းဖြစ်၏။ 5 အကြောင်းမူကား ငါသည် ခန္ဓာအားဖြင့် သင်ရို့နှင့် ကွဲကွာသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်ရို့နှင့်အတူ ဟိ၏။ သင်ရို့သည် ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် အတူတကွ ခိုင်မြဲစွာ ရပ်တည်လျက်ဟိကြသည်ကို တွိ့မြင်ရသဖြင့် ငါ ဝမ်းမြောက်၏။
8 သင်ရို့သည် လှည့်ဖြားတတ်သည့် အချည်းနှီးသော လူ့ပညာအားဖြင့် လွှမ်းမိုးခြင်းကို မခံရစီခြင်းငှာ သတိပြုကြလော့။ ထိုပညာများသည် ခရစ်တော်ထံပါးက လာသည် မဟုတ်၊ စကြာဝဠာကို အစိုးရသည့် ဝိညာဉ်များထံက လည်းကောင်း၊ လူတိ လက်ဆင့်ကမ်း သယ်ဆောင်လာကြသည့် ဩဝါဒတရားပါးက လည်းကောင်း လာ၏။ 9 အကြောင်းမူကား ဘုရားဇာတိတော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။ 10 သင်ရို့သည် ခရစ်တော်၌ ပြည့်စုံသောအသက်ကို ရဟိကြ၏။ ထိုအသျှင်သည် ဝိညာဉ်ပိုင်းဆိုင်ရာ ခပ်သိမ်းသော တန်ခိုးသျှင်များနှင့် အာဏာပိုင်များကို အစိုးရတော်မူ၏။
11 သင်ရို့သည် ခရစ်တော်၌ အရီဖျားလှီးခြင်းကို ခံယူခြင်းမှာ လူ့လက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ ဇာတိအပြစ်၏တန်ခိုးမှ လွတ်မြောက်စီသော ခရစ်တော်အားဖြင့် အရီဖျားလှီးခြင်းကို ခံယူခြင်းဖြစ်၏။ 12 [b] အကြောင်းမူကား သင်ရို့သည် ဗတ္တိဇံကို ခံယူကြသောအခါ ခရစ်တော်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရကြ၏။ ခရစ်တော်ကို သီခြင်းတရားမှ ထမြောက်စီတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်လျက် ဗတ္တိဇံခံခြင်းအားဖြင့် သင်ရို့သည်လည်း ထိုအသျှင်နှင့်အတူ ထမြောက်ခြင်းကို ခံရကြ၏။ 13 [c] သင်ရို့သည် တစ်ချိန်က သင်ရို့၏အပြစ်များကြောင့် လည်းကောင်း၊ ပညတ်တရားကို မခံယူသော တစ်ပါးအမျိုးသားများ ဖြစ်ခြင်းကြောင့် လည်းကောင်း ဝိညာဉ်ရေးရာ၌ သီဆုံးနိန်သောသူများ ဖြစ်ခကြ၏။ သို့သော် အဂုတွင် ဘုရားသခင်သည် သင်ရို့အား ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ဘုရားသခင်သည် ငါရို့၏ အပြစ်အားလုံးကို ခွင့်ရွှတ်တော်မူ၍၊ 14 [d] ငါရို့၏ အပြစ်ကြွီးစာရင်းကိုလည်းကောင်း၊ အပြစ်နှင့်ဆိုင်သော ပညတ်တရား၏ ချည်နှောင်မှုများကိုလည်းကောင်း လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်းအားဖြင့် ပယ်ဖျက်တော်မူ၏။ 15 ထိုလက်ဝါးကပ်တိုင်တွင် ခရစ်တော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ တန်ခိုးသျှင်များနှင့် အာဏာပိုင်ရို့၏ တန်ခိုးအာဏာစက်များမှ လွတ်မြောက်တော်မူပြီးနောက်[e] အောင်ပွဲခံကာ လူအပေါင်းရို့ရှိ့၌ ထိုသူရို့ကို အရှက်ရစီတော်မူ၏။
16 [f] ထို့ကြောင့် အစားအသောက်နှင့်ပတ်သတ်၍ ဖြစ်စီ၊ ဘာသာရေးပွဲနိ့၊ လဆန်းပွဲနိ့၊ ဥပုသ်နိ့နှင့် ပတ်သတ်၍ဖြစ်စီ သင်ရို့ကို ဇာသူမျှ မစီရင်စီကေ့။ 17 ထိုအရာများသည် နောင်အခါ ဖြစ်ပေါ်လာမည့် အရိပ်မျှသာဖြစ်ပြီး စစ်မှန်သောအရာကား ခရစ်တော်သာ ဖြစ်၏။ 18 မိမိကိုယ်ကို ချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်တိအား ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာများကို အခိုင်အမာပြောဆို၍ မိမိရို့ တွိ့မြင်ရသည့် ဗျာဒိတ်ရူပါရုံကို အကြောင်းပြုကာ မိမိရို့က အခြားသူတိထက် သာသည်ဟု ပြောဆိုတတ်သော သူရို့က သင်ရို့ကို အပြစ်တင်ခွင့် မပီးကတ်ကေ့။ သူရို့သည် လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကြောင်းမဲ့ ဘဝင်မြင့်လျက်ဟိကြပြီး၊ 19 [g] ခန္ဓာကိုယ်၏ ဦးဂေါင်းတည်းဟူသော ခရစ်တော်ကို မှီခိုအားကိုးခြင်း မဟိကြပေ။ ခရစ်တော်၏ ထိန်းချုပ်မှုအောက်တွင် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များဖြင့် ထောက်ပံ့ခြင်းနှင့် ပေါင်းစည်းခြင်းကိုခံရကာ ဘုရားသခင် ဖြစ်ပွါးစီတော်မူသည့်အတိုင်း ကြီးပွားလျက်ဟိ၏။
- a ခရစ်တော်ကိုယ်တိုင်ပင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ ဖြစ်သည်ကို၊ အချို့သော လက်ရီးမူကျမ်းတွင် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ၊ ဟု ပါဟိ၍၊ အခြားသော ကျမ်းများတွင် ခရစ်တော်၏ ခမည်းတော် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာ၊ ဟု ပါဟိသည်။ အခြားသော ကျမ်းများတွင် ဘုရားသခင်နှင့် ခမည်းတော်၊ ခရစ်တော်၏ လျှို့ဝှက်နက်နဲသောအရာ၊ ဟု ပါဟိသည်။
- b ရော ၆.၄
- c ဧ ၂.၁–၅
- d ဧ ၂.၁၅
- e ခရစ်တော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ တန်ခိုးသျှင်များနှင့် အာဏာပိုင်ရို့၏ တန်ခိုးအာဏာစက်များမှ လွတ်မြောက်တော်မူပြီးနောက်၊ သို့မဟုတ် ခရစ်တော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ တန်ခိုးသျှင်များနှင့် အာဏာပိုင်ရို့၏ တန်ခိုးအာဏာများကို ဖယ်ယှားတော်မူပြီးနောက်။
- f ရော ၁၄.၁–၆
- g ဧ ၄.၁၆
Languages