ကောလောသဲ အသင်းတော်သို့ ပေါလု၏ ပီးစာ နိဒါန်း ကောလောသဲ အသင်းတော်သို့ ပေါလု၏ ပီးစာ သည် တမန်တော်ပေါလုက ရီးထားခခြင်း ဖြစ်၏ (၁.၁)။ သူသည် ခရစ်တော်မွီးဖွားပြီးနောက် ၆၀ ခုနှစ် ဝန်းကျင်တွင် ရောမမြို့၌ ထောင်ကျနိန်ခစဉ် ဤပီးစာကို ရီးသားခခြင်း ဖြစ်သည်။ ဧဖက် အသင်းတော်နှင့် ဖိလေမုန်ပါးသို့ ပီးသောစာနှင့်တကွ ကောလောသဲအသင်းတော်သို့ ပီးစာကို ပေါလုသည် ထောင်ကျနိန်ခစဉ် ရီးသားခသောကြောင့် ထောင်ထဲမှ ပီးစာများဟု ခေါ်ကြသည်။ သူသည် ဤပီးစာကို ကောလောသဲမြို့၌ဟိသော အသင်းတော်ပါးသို့ ရီးသားခခြင်းဖြစ်၏။ ပေါလုသည် ကောလောသဲအသင်းတော်ကို စတင်ခသောသူ မဟုတ်သော်လည်း (၂.၁) တွင် ဖော်ပြထားသည့်အတိုင်း ထိုအသင်းတော်အတွက် တာဝန်တချို့ ဟိသည်ဟု များစွာ ခံစားရသောကြောင့် ဖြစ်၏။ ဧပဖရက်သည် ကောလောသဲမြို့မှ ဖြစ်သောကြောင့် ထိုအသင်းတော်ကို တည်ထောင်ခခြင်း ဖြစ်နိုင်သည်။ ကောလောသဲ အသင်းတော်၌ တချို့သော မှားယွင်းသည့် သွန်သင်ခြင်းကြောင့် ပေါလုသည် စိုးရိမ်ပူပန်ခ၏။ သူသည် ဤစာ၌ ထိုအကြောင်းအရာများကို များစွာရီးသားခ၏။ ယုဒလူမျိုး ခရစ်ယာန်အုပ်စုသည် တခြားသော ခရစ်ယာန်များအား ဓမ္မဟောင်းကျမ်းထဲမှ ယုဒလူမျိုးများနှင့်ဆိုင်သော ပညတ်တော်ဖြစ်သည့် ထူးခြားသော အရီဖျားလှီးခြင်းကို လိုက်လျှောက်ခြင်းငှာ ဖိအားပီးရန် ကြိုးစားကြ၏။ ခရစ်ယာန်များသည် ဘုရားသခင် လက်ခံနိုင်စီရန်အတွက် ခရစ်တော်၏ သွန်သင်ချက်မှလွဲ၍ အခြားမည်သည့်အရာမျှ မလိုအပ်ကြောင်း (၁.၁၅–၂၀) နှင့် လူသားရို့၏ အသိဉာဏ်ကို အခြေခံ၍ သွန်သင်ခြင်းသည် အသုံးမရကြောင်းကို ပေါလုက အထူး ဖော်ပြထားပါသည် (၂.၈)။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ပေါလုသည် ကောလောသဲ အသင်းတော်အား နှုတ်ဆက်ခြင်းအားဖြင့် ပီးစာကို စတင်ခြင်း (၁.၁–၂) ၂။ ထို့နောက်၊ ကောလောသဲ အသင်းတော်၌ မှားယွင်းသော သွန်သင်ချက်ကို တုံ့ပြန်ရာတွင် အထူးသဖြင့် ခရစ်တော်၏ ကြီးမြတ်တော်မူခြင်းအကြောင်းကို ရီးသားထားခြင်း (၁.၃—၃.၄) ၃။ ပေါလု၏ ပီးစာ တစ်ဝက်လောက်ကို ခရစ်ယာန်တိ ကောင်းမွန်စွာ အသက်ရှင်နီထိုင်မှုဆိုင်ရာ အသေးစိတ် ညွှန်ကြားချက်တချို့ကို ရီးသားထားခြင်း (၃.၅—၄.၆) ၄။ ပေါလုသည် အခြားအသင်းတော်များ၌ ရွတ်ဆိုသောစာဖြစ်စီခြင်းငှာ ညွှန်ကြားချက်များနှင့် နှုတ်ဆက်ခြင်းများဖြင့် အဆုံးသတ်ထားခြင်း (၄.၇–၁၈)
9 ထို့ကြောင့် ငါရို့သည် သင်ရို့၏အကြောင်းကို ကြားရသောနိ့မှစ၍ သင်ရို့အတွက် အစဉ်အပြတ် ဆုတောင်းလျက်နိန်၏။ သင်ရို့သည် ဝိညာဉ်တော်ကပီးသည့် ဉာဏ်ပညာ၊ တတ်သိနားလည်မှုနှင့် ပြည့်စုံသဖြင့် ဘုရားသခင်၏ အလိုတော်ကို ကောင်းစွာသိကြစီရန် ငါရို့သည် ဘုရားသခင်ထံ၌ တောင်းလျှောက်လျက် ဟိကြ၏။ 10 သို့မှသာ အစဉ်မလပ် သခင်ဘုရား နှစ်သက်စီရန်နှင့် အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစီရန် သင်ရို့ ပြုမူကျင့်ကြံ နိုင်ကြလိမ့်မည်။ ထိုသို့ပြုမူကျင့်ကြံခြင်းအားဖြင့် သင်ရို့သည် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသော အသီးများကိုသီးကာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ တိုးပွားလာလိမ့်မည်။ 11 သင်ရို့သည် အရာခပ်သိမ်းကို စိတ်ရှည် သည်းခံနိုင်ခြင်း ဟိကြစီရန် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်မှ ရဟိသည့် စွမ်းရည်အမျိုးမျိုးဖြင့် ရပ်တည်နိုင်ကြပါစီ။ 12 ထိုမှတစ်ပါး အလင်းထဲ၌ဟိကြသော သန့်ယှင်းသူရို့ ပိုင်ထိုက်သည့် အမွီများကို သင်ရို့အား ခံစားစီတော်မူသော အဖဘုရားသခင်၏ ကျေးဇူးတော်ကို ဝမ်းမြောက်စွာဖြင့်[c] ချီးမွမ်းနိုင်ကတ်ပါစီ။ 13 ကိုယ်တော်သည် ငါရို့အား မှောင်မိုက်တန်ခိုးမှ ကယ်နုတ်တော်မူ၍ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။ 14 [d] ထိုသားတော်အားဖြင့် ငါရို့ကို လွတ်မြောက်စီတော်မူပြီး ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီ။
21 အယင်က သင်ရို့၏ ဆိုးညစ်သော အကြံအစည် အပြုအမူများကြောင့် ဘုရားသခင်နှင့် ဝီးကွာခကြပြီး ကိုယ်တော်၏ ရန်သူတိ ဖြစ်ခကြ၏။ 22 သို့ရာတွင် အဂုအခါတွင် ကိုယ်ခန္ဓာ၌ သားတော်ကို အသီခံစီခြင်းအားဖြင့် ဘုရားသခင်သည် သင်ရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ထိုသို့ ပြုတော်မူခြင်းမှာ သန့်ယှင်းစင်ကြယ်စီလျက် အပြစ်ကင်းစီပြီး သင်ရို့အား မိမိ၏ရှိ့တော်မှောက်သို့ ဝင်ရောက်နိုင်ကြစီရန်ဖြစ်သည်။ 23 သို့ရာတွင် သင်ရို့ ကြားသိရသည့် သတင်းကောင်း၏ မျှော်လင့်ခြင်းမှ သင်ရို့သည် မယိမ်းမယိုင်စီဘဲ ခိုင်မြဲစွာ အုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍ တည်နိန်ကြရမည်။ ထိုသတင်းကောင်းကို မြီကြီးထက်၌ဟိသော လောကီသားတိုင်းအား ဟောပြောနိန်သည်ဖြစ်၍ ငါပေါလုသည် ထိုသတင်းကောင်းအတွက် အခိုင်းအစီ ဖြစ်လာ၏။
Languages