7 ထိုအရပ်နှင့် မနီးမဝီးတွင် ပုဗလိအမည်ဟိသော ကျွန်းသူကြီး ပိုင်ဆိုင်သော မြီယာများ ဟိ၏။ ထိုသူကြီးသည် အကျွန်ရို့ကို ချစ်ခင်ကြင်နာစွာ ကြိုဆိုပြီး၊ သုံးရက်ပတ်လုံး ကောင်းစွာ ဧည့်ခံကျွေးမွေးလေ၏။ 8 ပုဗလိ၏ အဖသည် အပြင်းဖျားနှင့် ဝမ်းကိုက်ရောဂါများကို ခံစားရပြီး အိပ်ရာ၌ လဲနိန်၏။ ပေါလုသည်လည်း သူ၏အခန်းထဲသို့ လား၍ ဆုတောင်းပြီးနောက် သူ့အထက်၌ မိမိ၏လက်ကို တင်ကာ ကျန်းမာလာစီ၏။ 9 ထိုအခြင်းအရာများကြောင့် ကျွန်းထက်၌ဟိသော တခြား မကျန်းမာသောသူ အားလုံးသည်လည်း ပေါလုပါးသို့ ရောက်လာကြ၍ ကျန်းမာခြင်းကို ရကြလေ၏။ 10 သူရို့သည် များစွာသော လက်ဆောင်များကို အကျွန်ရို့အား ပီးကြလေ၏။ အကျွန်ရို့သည် ထိုမှ ရွက်ရွှင့်ကြသောအခါလည်း လမ်းခရီး၌ လိုအပ်သော စားနပ်ရိက္ခာများကို သင်္ဘောထက်သို့ တင်ပီးကြ၏။
17 သုံးရက်လွန်သောအခါ၊ ပေါလုသည် ဒေသခံ ယုဒ ခေါင်းဆောင်တိကို တွိ့ဆုံခြင်းငှာ ခေါ်လေ၏။ ထိုသူရို့သည် စုရုံးလာကြသောအခါ ပေါလုက “ငါ၏ ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် မိမိအမျိုးသားရို့ကိုလည်းကောင်း၊ ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးခသော ထုံးတမ်းဓလေ့ကို သော်လည်းကောင်း မဆန့်ကျင်ခ သော်လည်း၊ ယုဒအမျိုးသားရို့သည် ငါ့ကို ယေရုဆလင်မြို့၌ ဖမ်းဆီးပြီး ရောမလူမျိုးရို့၏ လက်သို့ အပ်လိုက်ကြ၏။ 18 သူရို့သည် ငါ့ကို စစ်ဆီးပြီးမှ ငါ၌ သီထိုက်သော အပြစ်တစ်စုံတစ်ခုမျှ မတွိ့သောကြောင့် လွတ်စီလိုကြ၏။ 19 [a]သို့ရာတွင် ယုဒလူမျိုးရို့က ဆန့်ကျင်သောကြောင့် ငါသည် ဧကရာဇ်ဘုရင်ထံ၌ အယူခံဝင်ပါမည်ဟု ဆိုရပါ၏။ ထိုသို့ ပြုရခြင်းမှာ မိမိလူမျိုးရို့ကို အပြစ်တင်စွပ်စွဲစရာ တစ်စုံတစ်ခု ဟိသောကြောင့် မဟုတ်။ 20 ထို့ကြောင့် သင်ရို့အား တွိ့ဆုံခွင့်နှင့် ပြောဆိုခွင့်ကို ဤသို့ တောင်းရခြင်းဖြစ်ပါ၏။ ငါသည် ဤကဲ့သို့ သံကြိုးများဖြင့် တုပ်နှောင်ခြင်းကို ခံရသည်မှာ ဣသရေလအမျိုးသားရို့ မျှော်လင့်နိန်သော အသျှင်ကြောင့်သာ ဖြစ်၏” ဟု ပြောလေ၏။
21 သူရို့ကလည်း “သင်၏အကြောင်းကို ယုဒပြည်မှ ရီး၍ပီးလိုက်သော ဇာစာကိုမျှ အကျွန်ရို့ မရဘဲ၊ အကျွန်ရို့၏ လူတိလည်း သင်၏အကြောင်းနှင့်ပတ်သတ်၍ မကောင်းသောအရာ တစ်စုံတစ်ခုကိုမျှ သတင်းပို့သောသူ သို့မဟုတ် ပြောသောသူ တစ်ယောက်မျှ မဟိကြပါ။ 22 သို့ပင်သျှောင် သင်၏ အယူအဆ အကြောင်းကိုမူ ငါရို့ နားထောင်လိုပါ၏။ အကြောင်းမူကား ဤဂိုဏ်းခွဲကို အရပ်ရပ်၌ ဟိသောလူတိက ဆန့်ကျင်ပြောဆိုနိန်ကြသည်ကို ငါရို့သိကြ၏” ဟု ဆိုကြ၏။
23 ထို့ကြောင့် သူရို့သည် ပေါလုကို ရက်ချိန်းပီးကြပြီး၊ ထိုနိ့ရက် ရောက်လာသောအခါ များစွာသောလူရို့သည် ပေါလုတည်းခိုရာသို့ ရောက်လာကြ၏။ ပေါလုကလည်း ထိုသူရို့အား မိုးထဖက်မှ စ၍ ညမိုးချုပ်သည်ထိတိုင်အောင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ယှင်းပြဟောပြောလေ၏။ ယေသျှု၏ အကြောင်းကို နားလည်ယုံကြည်စီခြင်းငှာ မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများမှ ကိုးကား၍ ကြိုးစားကာ ဟောပြောလေ၏။ 24 လူတချို့သည် ပေါလုဟောပြောချက်ကို နားလည်သဘောပေါက် လာကြသော်လည်း၊ အချို့မူကား မယုံကြည်ကြ။ 25 ထို့ကြောင့် သူရို့သည် အချင်းချင်း သဘောထားကွဲ၍ ထွက်လားကြသည်မှာ ပေါလု၏ နောက်ဆုံးသောစကားကို ကြားကြသောကြောင့် ဖြစ်၏။ ထိုစကားမူကား “သန့်ယှင်းသောဝိညာဉ်တော်သည် သင်ရို့၏ အဖိုးအဖီးရို့ကို ပရောဖက် ဟေသျှာယအားဖြင့် မိန့်တော်မူခသော စကားသည်ကား၊
28 ထို့နောက် ပေါလုကလည်း “သို့ဖြစ်၍ ငါသည် သင်ရို့ကို သိစီလိုသည်မှာ၊ ငါ့ဘုရားသခင်၏ ကယ်တင်ခြင်းတရားသည် တခြားလူမျိုးရို့အား ပီးလိုက်သည်ဖြစ်၍ သူရို့သည် နားထောင်ကြလိမ့်မည်” ဟု ဟောပြောကာ အဆုံးသတ်လေ၏။ 29 [b]
30 ပေါလုသည် ထိုမြို့တွင် မိမိ ငှားထားသောအိမ်၌ နှစ်နှစ်ပတ်လုံး နီ၍၊ မိမိအား လာရောက်တွိ့လိုသောသူ မှန်သမျှကို ကြိုဆိုလက်ခံလေ၏။ 31 ထိုသူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့် အသျှင်ယေသျှုခရစ်တော်၏ အကြောင်းအလုံးစုံကို ရဲရင့်စွာ လွတ်လွတ်လပ်လပ် ဟောပြောသွန်သင်လေ၏။
<- တမန်တော် 27
Languages