7 အကျွန်ရို့သည် တရွိ့ရွိ့ဖြင့် ရက်ပေါင်းများစွာ ရွက်ရွှင့်ကြပြီး ကနိဒ်မြို့သို့ ခက်ခဲစွာဖြင့် ရောက်ကြ၏။ ထိုမှ လီမသင့်သောကြောင့် ရှိ့သို့ မလားနိုင်သဖြင့် အကျွန်ရို့သည် သာလမုန်အငူနားမှ ဖြတ်၍ ကရေတေကျွန်းကို အကာအကွယ်ပြု၍ ထိုကျွန်းဘေးမှ ရွက်ရွှင့်ကြ၏။ 8 အကျွန်ရို့သည် ကမ်းရိုးတန်းတလျှောက်မှ ခက်ခဲစွာ ရွက်ရွှင့်ကြ၍ လာသဲမြို့အနီး ဆိပ်ကမ်းသာဟုခေါ်သော အရပ်သို့ ရောက်ကြ၏။
9 ထိုအရပ်၌ အကျွန်ရို့သည် အချိန်များစွာ ရပ်နားခကြရာ အပြစ်ဖြေရာ[b]နိ့ရက် လွန်လာပြီဖြစ်၍ ပင်လယ်ခရီးလားရာ၌ အန္တရာယ်များသောကာလ ရောက်လာလေ၏။ ထို့ကြောင့် ပေါလုသည် သူရို့အား၊ 10 “အချင်းလူရို့၊ အဂုအခါ ပင်လယ်ခရီးပြုမည်ဆိုပါက ဘေးတွိ့မည်။ ထိုသို့ဖြစ်လျှင် သင်္ဘောနှင့် ကုန်ပစ္စည်းများ ဆုံးယှုံးခြင်းသာ မဟုတ်၊ ငါရို့ အသက်လည်း ဆုံးယှုံးစရာဟိကြောင်းကို ငါတွိ့မြင်၏” ဟု သတိပီးစကားကို ဆို၏။ 11 သို့ပင်သျှောင် တပ်မှူးသည် ပေါလု၏ စကားထက် သင်္ဘောပိုင်သျှင်နှင့် တက်မကိုင်ရို့၏ စကားကိုသာ နားထောင်ကြ၏။ 12 ထိုဆိပ်ကမ်းသည် ဆောင်းကာလ၌ မနီသင့်သောကြောင့်၊ လူအများစုမှာ ထိုဆိပ်ကမ်းမှ ထွက်ခွာ၍ ဖြစ်နိုင်လျှင် ဖိနိတ်မြို့သို့ ရောက်အောင်လားကာ ထိုအရပ်၌ ဆောင်းကာလကို ကုန်လွန်ခြင်းငှာ စိတ်ပိုင်းဖြတ်ကြ၏။ ဖိနိတ်မြို့ကား ကရေတေကျွန်း၏ ဆိပ်ကမ်းမြို့ဖြစ်ပြီး အနောက်တောင်ဖက်နှင့် အနောက်မြောက်ဖက်[c]သို့ မျက်နှာမူလျက် တည်ဟိ၏။
21 လူရို့သည် အစာမစားဘဲ အချိန်ကြာမြင့်စွာ နီကြပြီးနောက်၊ ပေါလုသည် သူရို့ရှိ့၌ မတ်တက်ရပ်၍ “သင်ရို့ ငါ့စကားကို နားထောင်၍ ကရေတေကျွန်းမှ မခွာဘဲနိန်လျှင် ဤပျက်စီးဆုံးယှုံးခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ 22 သို့သော် အဂုမူကား အားတင်းထားကြလော့။ သင်္ဘော ပျက်စီးခြင်းမှတစ်ပါး သင်ရို့အထဲတွင် တစ်ယောက်မျှ အသက်ဆုံးယှုံးရမည် မဟုတ်။ 23 အကြောင်းမူကား၊ ငါကိုးကွယ်သော ငါ့အသျှင် ဘုရားသခင်၏ ကောင်းကင်တမန် တစ်ပါးသည် လွန်ခသောည၌ ငါ့ပါးသို့ လာပြီး၊ 24 ‘ပေါလု၊ မကြောက်ကေ့။ သင်သည် ဧကရာဇ်ဘုရင်၏ ရှိ့သို့ ရောက်ရမည်။ ဘုရားသခင်သည်လည်း သင့်ကို ထောက်ထား၍ သင်နှင့် အတူတကွ လိုက်လာသောသူအပေါင်းရို့အား အသက်ဘေးမှ လွတ်မြောက်စီလိမ့်မည်’ ဟု ဆို၏။ 25 ထို့ကြောင့် အချင်းလူရို့၊ အားတင်းထားကြလော့။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သောကြောင့် ငါ့ကို ကောင်းကင်တမန် ဖော်ပြခသည့်အတိုင်း ဖြစ်လာလိမ့်မည်။ 26 သို့ရာတွင်၊ ငါရို့ သင်္ဘောသည် ကျွန်းတချို့တွင် သောင်တင်လိမ့်မည်” ဟု ဆို၏။
27 တစ်ဆယ့်လေးရက်မြောက်သောည၌ အကျွန်ရို့သင်္ဘောသည် အာဒြိပင်လယ်ထဲတွင် လီတိုက်ရာသို့ မျောပါ နိန်၏။ ညဉ့်သန်းခေါင် အချိန်ခန့်တွင် သင်္ဘောသားရို့သည် ကမ်းနှင့် နီးလာသည်ဟု ထင်မှတ်ကြ၏။ 28 ထို့ကြောင့် သူရို့သည် ရီအတိမ်အနက်ကို စမ်းကြည့်သောအခါ အနက်ပေ ၁၂၀ ဟိကြောင်းကို တွိ့ရကြ၏။ ထိုမှ အနည်းငယ်လွန်သောအခါ တဖန်တိုင်းကြည့်လျှင် အနက်ပေ ၉၀ ဟိသည်ကို တွိ့ကြ၏။ 29 ထိုအခါ သူရို့က သင်္ဘောသည် ကျောက်ဆောင်များအား တိုက်မိမည်ကို စိုးရိမ်ကြ၏။ ထို့ကြောင့် သင်္ဘော၏ ပဲ့ပိုင်းမှ ကျောက်ဆူးလေးလက်ကို ချပြီး၊ မိုးလင်းပါစီဟု ဆုတောင်းကြ၏။ 30 ထို့နောက် သင်္ဘောသားရို့သည် ထိုသင်္ဘော၏ ဦးပိုင်းသို့ လား၍ ကျောက်ဆူးတချို့ကို ချဟန်ပြုပြီး အသက်ကယ်လောင်းကို လျှောချကာ ထွက်ဗြီးခြင်းငှာ ကြိုးစားကြ၏။ 31 သို့ရာတွင် ပေါလုသည် တပ်မှူးနှင့် စစ်သားတိအား၊ “သင်္ဘောသားရို့ သင်္ဘောထက်၌ မဟိလျှင် သင်ရို့သည် အသက်ချမ်းသာရခြင်းငှာ မျှော်လင့်ခြင်းမဟိ” ဟု ဆို၏။ 32 ထိုအခါ စစ်သားရို့သည် အသက်ကယ်လောင်းကြိုးကို ဖြတ်၍ လောင်းကို အောက်သို့ ချလိုက်ကြ၏။
33 အရုဏ်မတက်မီ၊ ပေါလုသည် ထိုသူအပေါင်းရို့အား အစာ စားစီခြင်းငှာ တိုက်တွန်းလိုသောကြောင့် “သင်ရို့သည် ဇာပိုင်ဖြစ်မည်ကို အစာမစားဘဲ ဆက်တိုက် စောင့်မျှော်နိန်ကြသည်မှာ အဂုဆိုလျှင် တစ်ဆယ့်လေးရက်ပင် ဟိခပြီ။ 34 ထို့ကြောင့် သင်ရို့သည် အစာကိုစားကြရန် ငါတိုက်တွန်း၏။ သင်ရို့သည် အသက်ရှင်ကျန်ရဖို့အလို့ငှာ လိုအပ်သောအရာဖြစ်၏။ သင်ရို့၏ ဦးဂေါင်းမှ ဆံခြီတစ်မျှင်မျှ ဆုံးယှုံးလိမ့်မည် မဟုတ်” ဟု ဆို၏။ 35 ထိုသို့ ပြောဆိုပြီးနောက်၊ ပေါလုသည် ပေါင်မုန့်တချို့ကို ယူလာပြီး သူရို့အားလုံးရှိ့တွင် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ဝီမျှစားသုံးကြ၏။ 36 ထိုသူအပေါင်းရို့သည်လည်း စိတ်အားတက်လာပြီး အစားအစာတချို့ကိုယူ၍ စားကြ၏။ 37 ထိုသင်္ဘော၌ လိုက်ပါလာသော အကျွန်ရို့သည် အရီအတွက်အားဖြင့် ၂၇၆ ယောက်[d] ဟိကြ၏။ 38 လူတိုင်း ဝလင်စွာ စားကြပြီးနောက် သင်္ဘောကို ပေါ့ပါးစီခြင်းငှာ ဂျုံစပါးဟိသမျှကို ပင်လယ်ထဲသို့ ချပစ်ကြ၏။
42 ထိုအခါ စစ်သားတိက အကျဉ်းသားရို့သည် ကမ်းဖက်သို့ ရီကူး၍ ထွက်ဗြီးလွတ်မြောက်လားမည်ကို စိုးရိမ်သောကြောင့် သူရို့အားလုံးကို အသီသတ်မည်ဟု စီစဉ်ကြ၏။ 43 သို့ရာတွင် တပ်မှူးသည် ပေါလုအား အသက်ချမ်းသာစီခြင်းငှာ အလိုဟိသောကြောင့် တပ်သားရို့၏ အစီစဉ်ကို တားမြစ်ပြီး၊ ရီကူးနိုင်သော သူရို့သည် ခုန်ဆင်း၍ ကမ်းဖက်သို့ အယင် ကူးစီခြင်းငှာလည်းကောင်း၊ 44 ကျန်ခသောသူရို့သည် ပျဉ်ပြားမှစ၍ သင်္ဘော၏ အပိုင်းအစများကို စီး၍ ကူးစီခြင်းငှာလည်းကောင်း အမိန့်ပီးလေ၏။ ဤနည်းဖြင့် အကျွန်ရို့အားလုံးသည် အသက်ဘေးမှလွတ်၍ ကမ်းသို့ ရောက်ကြ၏။
<- တမန်တော် 26တမန်တော် 28 ->- a ကော ၄.၁၀
- b အပြစ်ဖြေရာနိ့၊ ဤပွဲကို စက်တင်ဘာလ၏ နောက်ဆုံးပတ် သို့မဟုတ် အောက်တိုဘာလ၏ ပထမပတ်၌ ကျင်းပသည်။ ထိုအချိန်တွင် ဆိုးဝါးသော ရာသီဥတု၌ ရွက်ရွှင့်လားရန် အန္တရာယ် ဖြစ်စီသည်။
- c အနောက်တောင်ဖက်နှင့် အနောက်မြောက်ဖက်၊ သို့မဟုတ် အရှိ့မြောက်နှင့် အရှိ့တောင်။
- d ၂၇၆ ယောက်၊ အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် ၂၇၅ ယောက်၊ အခြား၌မူ ၇၆ ယောက်ခန့်၊ ဟူ၍ ပါဟိသည်။
Languages