3 ယေသျှုခရစ်၏ သစ္စာဟိသော စစ်သူရဲကောင်းတစ်ယောက် အဖြစ်ဖြင့် ဆင်းရဲဒုက္ခထဲ၌ ငါနှင့်အတူ ကြံ့ကြံ့ခံလော့။ 4 စစ်သားတစ်ယောက်သည် အရပ်သားကိစ္စများ၌ ဝင်မပါဘဲ၊ မိမိတပ်မှူး၏စိတ်ကို ကြေနပ်စီခြင်းငှာသာ ကြိုးစားလုပ်ဆောင်တတ်၏။ 5 ထို့အတူ ပြိုင်ပွဲဝင် အားကစားသမားတစ်ယောက်သည် ပြိုင်ပွဲစည်းကမ်းချက်များကို မလိုက်နာလျှင် အောင်မြင်ခြင်းဆုသရဖူကို မရနိုင်။ 6 ကြိုးစား၍ လုပ်ဆောင်သော လယ်သမားသည် အဦးဆုံး သီးနှံဝေစုကို ခံယူအပ်၏။ 7 ငါပြောသမျှသော အကြောင်းအရာများကို စဉ်းစား ဆင်ခြင်လော့။ အကြောင်းမူကား သခင်ဘုရားသည် ထိုအရာအားလုံး၌ နားလည်နိုင်သောဉာဏ်ပညာကို သင့်အား ပီးတော်မူလိမ့်မည်။
8 ဒါဝိဒ်အမျိုးမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သည့် သီခြင်းမှ ထမြောက်လာသော ယေသျှုခရစ်တော်ကို အောက်မိ့လော့။ ဤကား ငါ၏ သတင်းကောင်းတရားဖြစ်၏။ 9 ငါသည် သတင်းကောင်းတရားတော်ကို ဟောပြောသောကြောင့် ရာဇဝတ်သား တစ်ယောက်ကဲ့သို့ သံကြိုးနှင့် ချိုင်နှောင်ခြင်းကို ခံရသည်ထိ ဒုက္ခခံရ၏။ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ကား ချိုင်နှောင်ခြင်းကို မခံရ။ 10 ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။ 11 မှန်သောစကားဟူမူကား၊
20 အိမ်ကြီးတစ်ဆောင်၌ ရွှီ၊ ငွီဖြင့် ပြုလုပ်ထားသော ပစ္စည်းများသာ ဟိသည် မဟုတ်၊ သစ်သားဖြင့်လည်းကောင်း၊ မြီကြီးဖြင့်လည်းကောင်း ပြုလုပ်ထားသော ပစ္စည်းများလည်း ဟိကြ၏။ တချို့မှာ အထူးရည်ရွယ်ချက်အတွက် ဖြစ်၏။ တချို့မှာ သာမန်အတွက် ဖြစ်ကြ၏။ 21 မိမိကိုယ်ကို သန့်ယှင်းစင်ကြယ်လျက် မိမိသခင်အဖို့ ကောင်းသောအမှု၌ အသုံးတော်ခံခြင်းငှာ ဆက်ကပ်ထားသောသူရို့သည် အထူးရည်ရွယ်ချက်အတွက် လုပ်ထားသောပစ္စည်းများ ဖြစ်ကြလိမ့်မည်။ 22 လူပျိုရို့၏ ကိလေသာတပ်မက်ခြင်း ကို ယှောင်ကြဉ်လော့။ စင်ကြယ်သောစိတ်နှင့် သခင်ဘုရား၌ ဆုတောင်း ပတ္ထနာပြုသောသူများနှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာဟိခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း ဟိစီခြင်းငှာ ကြိုးစားအားထုတ်လော့။ 23 သို့ရာတွင် မိုက်မဲ၍ အသိဉာဏ်ကင်းမဲ့သော အငြင်းပွားမှုတိကို ယှောင်ယှားလော့။ အကြောင်းမူကား ထိုအရာများသည် ခိုက်ရန်ဖြစ်ပွားခြင်းကို ဖြစ်စီတတ်သည်ကို သင်သိပေ၏။ 24 ထို့အပြင် သခင်ဘုရား၏ အစီခံဟူသည် ရန်မဖြစ်ရ။ လူတိုင်းကို သနားကြင်နာတတ်ပြီး စိတ်ရှည်၍ သွန်သင်ဆုံးမနိုင်စွမ်းဟိရမည်။ 25 ဆန့်ကျင်ဖက်ပြုသော သူရို့သည် နောင်တရပြီး သမ္မာတရားကို သိလာရန် ဘုရားသခင် အခွင့်ပီးတော်မူလိမ့်မည်ဟု မျှော်လင့်လျက် သူရို့ကို နူးညံ့သိမ်မွိ့စွာ သွန်သင်တတ်သူ ဖြစ်ရမည်။ 26 ထိုအခါ မာရ်နတ်သည် မိမိ၏အလိုအတိုင်းပြုမူရန် သူရို့အား ဖမ်းဆီးထားသော်လည်း သူရို့သည် ထိုထောင်ချောက်မှ လွတ်မြောက်ပြီး အမြင်မှန် ရလာကြလိမ့်မည်။
<- ၂ တိမောသေ 1၂ တိမောသေ 3 ->- a မ ၁၀.၃၃; လု ၁၂.၉
Languages