တိမောသေ ပါးသို့ ပေါလု၏ ဒုတိယအကြိမ် ပီးစာ နိဒါန်း တိမောသေပါးသို့ ဒုတိယအကြိမ် ပီးစာ သည် ပေါလုက သူ၏တပည့် တိမောသေ ပါးသို့ ဒုတိယအကြိမ် ပီးလိုက်သောစာ ဖြစ်သည်။ ထိုစာကို ပေါလု၏ဘဝ နောက်ဆုံးပိုင်း နီးကပ်လာသော အချိန်၌ ရီးထားခခြင်း ဖြစ်ပါသည်။ ဤအချိန်အတောအတွင်း၌ သူသည် ရောမမြို့၌ ထောင်ကျ ခံနိန်ရ၏ (၁.၁၆)။ ပေါလုသည် တိမောသေနှင့် အလွန်ရင်းနှီးသော သူတစ်ယောက်ဖြစ်၍ သူ့ကို မိမိ၏သားတစ်ယောက်အဖြစ် မကြာမကြာ ရည်ညွှန်းရီးသားထား၏ (ဖိ ၂.၂၂; ၁ တိ ၁.၂; ၁.၁၈)။ ဤစာသည်ကား အသင်းတော်တစ်ခု၏ကိုယ်စား လူတစ်ဦး တစ်ယောက်ပါးသို့ လိပ်စာတတ်၍ ပေါလု ရီးသားခသော ပီးစာလေးစောင်ထဲမှ တစ်စောင် ဖြစ်၏။ အခြားသော စာသုံးစောင်မှာ တိမောသေပါးသို့ ပထမအကြိမ် ပီးစာ၊ တိတု နှင့် ဖိလေမုန်ပါးသို့ ပီးစာများ ဖြစ်ကြသည်။ တိမောသေပါးသို့ ဒုတိယအကြိမ် ပီးစာကို ရောမဘုရင်လက်ထက်တွင် ခရစ်ယာန်များ ညှဉ်းဆဲနှိပ်စက်ခြင်း ခံနိန်ရသည့် အချိန်၌ ရီးသားခ၏။ ဤစာစောင်၌ ပေါလုသည် ထောင်ကျနိန်သည်ဖြစ်၍ တိမောသေအား အခက်အခဲများကို သည်းခံရန် ညွှန်ကြားခသည့်အကြောင်းကို ဖော်ပြထားခြင်း ဖြစ်နိုင်ပေ၏။ တိမောသေပါးသို့ ပထမအကြိမ် ပီးစာ၌ ပါဟိသည့်အတိုင်း ဤပီးစာ၌လည်း ပေါလုသည် မှားယွင်းသောဆရာများနှင့် ပတ်သက်၍ သတိပီးချက်များစွာကို တိမောသေအား ပြောပြထား၏ (၁ တိ ၁.၁၆–၁၈)။ သူက ခက်ခဲသောကာလများ ရောက်လာလိမ့်မည် ဟူ၍လည်း တိမောသေအား ကြိုတင်၍ ပြောထား၏ (၃.၁)။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ပေါလုသည် တိမောသေအား နှုတ်ဆက်ခြင်း (၁.၁–၂) နှင့် အားပီးစကားပြောခြင်းဖြင့် (၁.၃–၁၈) အစပြုထားခြင်း ၂။ ထို့နောက် တိမောသေအား သည်းခံခြင်းဟိနိုင်ရန် တိုက်တွန်းထားခြင်း (၂.၁–၁၃) ၃။ တဖန် ပေါလုက သူ့အား အထွေထွေညွှန်ကြားချက်တချို့ကို ပီးထား၏ (၂.၁၄–၂၆) ၄။ ထို့နောက် ပေါလုသည် တိမောသေအား နောင်တွင် ဖြစ်လာမည့် အဖြစ်အပျက်များကိုလည်းကောင်း၊ တုံ့ပြန်ပြောဆိုရန် မှန်ကန်သောနည်းလမ်းကိုလည်းကောင်း သတိပီးထားခြင်း (၃.၁—၄.၈) ၅။ ပေါလုသည် တိမောသေအား မိမိ၏ပုဂ္ဂိုလ်ရေးရာ ဝေဖန်သုံးသပ်ချက်တချို့ဖြင့် နိဂုံးချုပ်ထားခြင်း (၄.၉–၂၂)
8 ထို့ကြောင့် ငါရို့၏သခင်ဘုရားအကြောင်း သက်သီခံခြင်းကို ရှက်ကြောက်ခြင်း မဟိကေ့။ ကိုယ်တော်၏အကျိုးအလို့ငှာ ထောင်ကျခံရသော်လည်း ငါသည် မရှက်။ ဘုရားသခင်၏တန်ခိုးကို ရထားသည်ဖြစ်၍ သတင်းကောင်းတရားအတွက် ငါနှင့်အတူ ဆင်းရဲဒုက္ခ ခံလော့။ 9 ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။ 10 သို့သော်လည်း ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှု ကြွလာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်ကို ငါရို့အား အဂုအချိန်၌ ဖော်ပြတော်မူပြီ။ ကိုယ်တော်သည် သီခြင်းတရားကို အဆုံးသတ်လိုက်ပြီးနောက် သီခြင်းတရားကင်းသော အသက်တာကို သတင်းကောင်းတရားအားဖြင့် ဖော်ပြတော်မူပြီ။
11 [c]ဘုရားသခင်သည် သတင်းကောင်းတရားကို ဟောပြောရန် တမန်တော်တစ်ယောက်အဖြစ် လည်းကောင်း၊ ဆရာတစ်ယောက်အဖြစ်လည်းကောင်း၊ ငါ့အား ခန့်ထားတော်မူ၏။ 12 သို့ဖြစ်၍ ထိုအမှုကို ပြုသောကြောင့် ငါသည် ဤဒုက္ခများကို ခံစားနိန်ရ၏။ သို့သော်လည်း ငါယုံကြည်ကိုးစားသော အသျှင်ကို ငါသိသောကြောင့် ငါ၌ ယုံကြည်မှု အပြည့်ဟိ၏။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အပ်နှံသည့်[d] နိ့ရက်တိုင်အောင် လုံခြုံစွာ ကွယ်ကာထားနိုင်စွမ်းဟိသည်ကို ငါသည် လုံးဝ ယုံကြည်စိတ်ချလျက်ဟိ၏။ 13 ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရို့ဖြင့် ငါ့ပါးက ကြားရသမျှသော စစ်မှန်သည့် ဩဝါဒကို စံနမူနာအဖြစ် ဆုပ်ကိုင်ထားလော့။ 14 ငါရို့အထဲမှာ ဟိသော သန့်ယှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် သင့်အား ပီးအပ်ထားသည့် ကောင်းမြတ်သောအရာတိကို ထိန်းသိမ်းစောင့်ရှောက်လော့။
15 သင်သိသည့်အတိုင်း ဖုဂေလုနှင့် ဟေရမောဂင်ရို့ အပါအဝင် အာယှိနယ်၌ ဟိသောလူတိသည် ငါ့အား စွန့်ခွါလားကြလေပြီ။ 16 ဘုရားသခင်၏ကရုဏာတော်သည် ဩနေသိဖော်၏မိသားစု၌ သက်ရောက်ပါစီသောဝ်။ အကြောင်းမူကား သူသည် ငါ့အား ကြိမ်ဖန်များစွာ စိတ်သက်သာရစီ၏။ ငါသည် အကျဉ်းကျခံနိန်ရသော်လည်း သူသည် မရှက်မကြောက်ဘဲ၊ 17 ရောမမြို့သို့ ရောက်လျင်ရောက်ချင်း ငါ့ကို မတွိ့မချင်း လိုက်ရှာ၏။ 18 ထိုနိ့ရက်၌ သခင်ဘုရား၏ကရုဏာတော်ကို ခံစားရပါစီသောဝ်။ ထို့နောက် သူသည် ဧဖက်မြို့၌ ငါ့ကို နည်းမျိုးစုံဖြင့် အလုပ်အကျွေးပြုခသည်ကို သင်သည် ကောင်းစွာသိ၏။
၂ တိမောသေ 2 ->
Languages