4 အကြောင်းမူကား အပြစ်ကျူးလွန်ကြသော ကောင်းကင်တမန်များကို ဘုရားသခင်သည် ချမ်းသာပီးတော်မမူဘဲ ငရဲထဲသို့ ပစ်ချတော်မူပြီး၊ ထိုနီရာတွင် သူရို့ကို မှောင်မိုက်ထဲ၌ သံကြိုးများဖြင့်[a] ချိုင်ထားကာ တရားစီရင်တော်မူရာနိ့ကို စောင့်နိန်စီတော်မူ၏။ 5 ဘုရားသခင်သည် ဘုရားတရားမဲ့သော သူရို့ကို ရီလွှမ်းမိုးစီတော်မူသောအခါ ရှီးကမ္ဘာကိုလည်း ချမ်းသာပီးတော်မမူ။ သို့ရာတွင် ဖြောင့်မတ်ခြင်းတရားကို ဟောပြောသောသူ နောဧကိုမူကား အခြားသောလူ ခုနစ်ယောက်နှင့်အတူ ကွယ်ကာပီးတော်မူ၏။ 6 ဘုရားသခင်သည် သောဒုံနှင့် ဂေါမောရမြို့ကို မီးနှင့်ဖျက်ဆီးခြင်းအားဖြင့် အပြစ်ဒဏ်စီရင်တော်မူပြီး ဘုရားတရားမဲ့သောသူရို့အတွက် ဖြစ်ပျက်လာမည့် နမူနာကို ပြုတော်မူခ၏။ 7 သို့ရာတွင် ကိုယ်တော်သည် မတရားသော သူရို့၏ ကိုယ်ကျင့်တရားပျက်ပြားစွာ နီထိုင်မှုများကြောင့် အလွန်စိတ်ပျက်လျက် ဟိသည့် ဖြောင့်မတ်သောသူ လောတကိုမူကား ကယ်နုတ်တော်မူ၏။ 8 ထိုဖြောင့်မတ်သောသူသည် သူရို့နှင့်အတူ နီထိုင်စဉ် သူရို့၏ ဆိုးညစ်မှုများကို နိ့စဉ်ရက်ဆက် တွိ့မြင် ကြားသိသဖြင့် လွန်စွာ စိတ်ဒုက္ခ ရောက်ခရပေ၏။ 9 သို့ဖြစ်၍ သခင်ဘုရားသည် ဘုရားဝတ်၌ မွိ့ပျော်သောသူရို့အား စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်တော်မူရန် လည်းကောင်း၊ မဖြောင့်မတ်သောသူရို့ကို တရားစီရင်တော်မူရာနိ့၌ ပြစ်ဒဏ်စီရင်ရန် ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။ 10 အထူးသဖြင့် ထိုသူရို့၏ ကိုယ်ခန္ဓာသည် ကိလေသာစိတ် ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင်၏ အခွင့်အာဏာတော်ကို မထီမဲ့မြင်ပြုသောသူတိ ဖြစ်ကြ၏။
17 ထိုသူရို့သည် ရီခန်းလားသည့် စမ်းချောင်းများ၊ လီမုန်တိုင်းတွင် ရွှင့်လားသည့် မြူခိုးများကဲ့သို့ ဖြစ်ကြ၏။ ဘုရားသခင်သည် သူရို့အတွက် အလွန် မှောင်မိုက်သော နီရာကို သီးသန့်ထားတော်မူ၏။ 18 အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။ 19 သူရို့သည် ထိုသူရို့အား လွတ်လပ်မှုကိုပီးမည်ဟု ကတိပီးခသော်လည်း သူရို့ကိုယ်တိုင်ပင် ပျက်စီးခြင်း၏ကျွန် ဖြစ်နိန်ကြ၏။ အကြောင်းမူကား လူကိုစိုးမိုးသောအရာသည် လူ၏သခင် ဖြစ်၏။ 20 အကယ်၍ လူသည် ငါရို့၏အသျှင်နှင့် ကယ်တင်သျှင် ဖြစ်တော်မူသော ယေသျှုခရစ်တော်ကို သိကျွမ်းရခြင်းအားဖြင့် လောကီ ညစ်ညူးခြင်းများမှ လွတ်မြောက်ကြပြီးနောက်၊ တဖန် ထိုညစ်ညူးခြင်းများ၏ ကျွန်ဖြစ်ကြလျှင် ထိုသူရို့၏ နောက်ဖြစ်ဟန်သည် ရှိ့ဖြစ်ဟန်ထက် ဆိုးရွားလေ၏။ 21 ဖြောင့်မတ်သောလမ်းကို သိပြီးနောက် မိမိရို့ခံယူထားသည့် မြင့်မြတ်သော ပညတ်တော်ကို စွန့်ရွှတ်လိုက်ကြသည်ထက် ထိုတရားလမ်းကို မသိဘဲနိန်ခြင်းက သူရို့အတွက် ပို၍ ကောင်း၏။ 22 “ခွီးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်၏။ ရီချိုးထားသောဝက်သည်လည်း ဗွက်အိုင်ထဲတွင် ပြန်၍ လူးတတ်၏” ဟူသော မှန်သော ဆိုရိုးစကားသည်လည်း ထိုသူရို့၌ မှန်ပေ၏။
<- ၂ ပေတရု 1၂ ပေတရု 3 ->- a မှောင်မိုက်ထဲ၌ သံကြိုးများဖြင့်၊ တချို့သော လက်ရီးမူရင်းကျမ်းတွင် မှောင်မိုက်သော တွင်းနက်များ၊ ဟု ဖော်ပြထားသည်။
Languages