ပေတရု ပါးမှ ဒုတိယအကြိမ် ပီးစာ နိဒါန်း ပေတရုပါးမှ ဒုတိယအကြိမ် ပီးစာ သည် တမန်တော် ပေတရုက ရီးသားခသော်လည်း မျက်မှောက်ခေတ် ပညာသျှင်များက မှန်ကန်သည်ဟု မထင်မှတ်ကြပေ။ ထိုပီးစာကို ပေတရုကိုယ်စား အခြားသောသူတစ်ဦးက ရီးသားခခြင်းလည်း ဖြစ်နိုင်ဟု ထင်မှတ်ကြ၏။ စာရီးသူက သူသည် ယေသျှု၏အသက်တာနှင့် အထူးသဖြင့် အဆင်းသဏ္ဌာန်ပြောင်းလဲခြင်းဆိုင်ရာ မျက်မြင်သက်သီတစ်ယောက် ဖြစ်ကြောင်း ဖော်ပြထားသည် (၁.၁၇–၁၈)။ ပေတရုသည် ထိုစာကို ရီးခမည်ဆိုလျှင် သူမသီဆုံးခင် ယေသျှုမွီးဖွားပြီးနောက် ၆၅–၆၉ ခုနှစ် အကြားတွင် ရောမမြို့၌ ရီးသားခဟန် ဟိ၏။ ပေတရုသည် ဤစာစောင်ကို ရီးသားပြီးနောက် ရီးသားသည့် ရက်စွဲကို ဖော်ပြကာ သူ၏ ဒုတိယစာစောင် (၃.၁) ဟုလည်း ခေါ်ဆိုထား၏။ သူသည် ခရစ်ယာန် အားလုံးပါးသို့ စာစောင်ကို ပီးပို့ခ၏။ ပေတရုသည် ယုံကြည်သူများအား ကောင်းမွန်သော အသက်တာနှင့် လည်းကောင်း မှားယွင်းသော ဆရာများနောက်သို့ မလိုက်ရန် လည်းကောင်း တိုက်တွန်းရန်အတွက် ဤစာကို ရီးသားခခြင်းဖြစ်၏ (၂)။ ယေသျှု ပြန်ကြွလာရန် အချိန်ကြာလိမ့်မည်ဟု ပြောဆိုနိန်ကြသော သူများကို လျစ်လျူရှုရန် သူရို့ကို တိုက်တွန်းခ၏။ ထိုသို့ပြုမည့်အစား ဘုရားသခင်သည် နှောင်းနှေးကြန့်ကြာတော်မမူဘဲ လူတိုင်း ကယ်တင်ခြင်းရရန် အလိုဟိသည်ဟု ညွှန်ပြခ၏ (၃.၈–၉)။ ဤသည်ကား ကောင်းသော အသက်တာနှင့် နီထိုင်ရန် အကြောင်း ဖြစ်၏ (၃.၁၄)။ အကြောင်းအရာ အကျဉ်းချုပ် ၁။ ပေတရုသည် မိမိကိုယ်ကို မိတ်ဆက်ပြီး သူ၏ စာဖတ်သူများကို ပြောပြခြင်း (၁.၁–၂) ၂။ ထို့နောက်၊ ဘုရားသခင်သည် အကျွန်ရို့အား ခွန်အားပီးတော်မူထားပြီးဖြစ်သောကြောင့် ကောင်းသော အသက်တာနှင့် နီထိုင်ရန် ပေတရုက သတိပီးထားခြင်း (၁.၃–၂၁) ၃။ နောက်တဖန်၊ သူသည် မှားယွင်းသော ဆရာများကို ဆန့်ကျင်ကြရန်နှင့် ထိုမှားယွင်းသော ဆရာများသည် နောက်ဆုံးသောကာလ၌ မည်သို့ဖြစ်ပေါ်လာမည်ကို ဖော်ပြခြင်း (၂.၁–၂၂) ၄။ ထို့နောက်တွင်၊ ပေတရုသည် ယေသျှု၏ ဒုတိယအကြိမ် ကြွလာခြင်းအတွက် ယုံကြည်သူများအား ကောင်းသော အသက်တာနှင့် နီထိုင်ကြရန် အားပီးတိုက်တွန်းခြင်းဖြင့် နိဂုံးချုပ်ထားခြင်း (၃.၁–၁၇)
10 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ သင်ရို့သည် ဘုရားသခင်၏ ခေါ်ယူတော်မူခြင်းနှင့် ရွီးကောက်တော်မူခြင်းကို တည်မြဲစီရန် သာ၍ကြိုးစားကြပါက သင်ရို့သည် မည်သည့်အခါမျှ သင်ရို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်[b]ကြလိမ့်မည် မဟုတ်။ 11 ဤနည်းအားဖြင့် သင်ရို့သည် ကယ်တင်သျှင်ဖြစ်တော်မူသော ငါရို့၏ အသျှင် ယေသျှု ခရစ်တော်၏ ထာဝရနိုင်ငံတော်သို့ ဝင်နိုင်မည့် အခွင့်ကို ပြည့်ဝစွာ ရကြလိမ့်မည်။
12 ထို့ကြောင့် သင်ရို့သည် ဤအကြောင်းအရာများကို သိနားလည်လျက် မိမိရို့ ရထားသည့် သမ္မာတရားတွင် အခြေခံ၍ ခိုင်ခံ့ပြီးဖြစ်သော်လည်း ငါသည် သင်ရို့အား ထိုအကြောင်းအရာများကို အစဉ် သတိပီးလို၏။ 13 ငါသည် အသက်ရှင်လျက် ဟိနိန်သမျှ ကာလပတ်လုံး ထိုအကြောင်းအရာများကို သင်ရို့အား နှိုးဆော်လျက်ဟိသည်မှာ ငါ့အတွက် မှန်ကန်သည်ဟု မှတ်ယူထား၏။ 14 ဇာကြောင့်ဆိုသော် ငါရို့၏အသျှင် ယေသျှု ခရစ်တော်ကလည်း ထိုသို့ဖြစ်မည်ဟု ငါ့အား ဖော်ပြထားသည်အတိုင်း ငါသည် ဤပျက်စီးတတ်သော ကိုယ်ခန္ဓာကို မကြာခင် စွန့်ပစ်ရလိမ့်မည်ဟု သိသောကြောင့် ဖြစ်ပေ၏။ 15 သို့ဖြစ်၍ ငါ သီဆုံးလားပြီးနောက် သင်ရို့သည် ဤအကြောင်းအရာများကို အစဉ် မှတ်မိစီရန် ငါ အကောင်းဆုံး လုပ်ဆောင်လားလိမ့်မည်။
19 ထို့အပြင် ပို၍ စိတ်ချရသော ပရောဖက်များ ဟောပြောထားသည့် ဗျာဒိတ်စကားလည်း ငါရို့၌ ဟိ၏။ ထိုဗျာဒိတ်စကားသည် အရုဏ်တက်သည့်တိုင်အောင် အမှောင်ထဲ၌ ထွန်းလင်းနိန်သည့် ဆီမီးခွက်ကဲ့သို့ ဖြစ်ပြီး မိုးသောက်ကြယ်၏ အလင်းသည်လည်း သင်ရို့စိတ်နှလုံးထဲ၌ ထွန်းလင်းလျက်ဟိသောကြောင့် သင်ရို့သည် ထိုဗျာဒိတ်စကားကို ကြားခြင်းငှာ ဂရုစိုက်ကြလော့။ 20 ကျမ်းစာ၌ဖော်ပြသော ပရောဖက်ပြုချက်များကို မည်သူတစ်ယောက်မျှ မယှင်းပြနိုင်ကြောင်း သင်ရို့ အထူး သိမှတ်ကြလော့။ 21 အကြောင်းမူကား မည်သည့် ပရောဖက်ပြုချက်မျှ လူ့အလိုဆန္ဒအရ ပေါ်လာသည် မဟုတ်။ သန့်ယှင်းသော ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူရို့သည် ဘုရားသခင် ထံတော်ပါးမှ လာသော ဗျာဒိတ်တော်ကို ဟောပြောခြင်းသာဖြစ်၏။
၂ ပေတရု 2 ->
Languages