4 ဟေသူလို့ဟ မြေကြီးရဲ့ အဆှင်ဆေ့နှိုက် ဆိသော သံလွင်ပင် နေပင်နဲ့ ဆီမီးခုံ နေခု ဖြစ်ကြအယ်။ 5 တစုံတယောက်ဟ သူလို့ဟို အန္တရာယ်ပြုရင် သူလို့ရဲ့ ခံတွင်းထဲမှ မီးထွက်လာယွေ့ သူလို့ရဲ့ ရန်သူများဟို လောင်ကျွမ်းစေမယ် ဖြစ်အယ်။ တစုံတယောက်ဟ သူလို့ဟို အန္တရာယ်ပြုချင်ရင် အဲသူဟ အဲတိုင်းတိုင်း အသေသတ်ခြင်း ခံရမယ် ဖြစ်အယ်။ 6 သူလို့ ပရောဖက်ပြု ဟောပြောလဲ့ နေ့ရက်များအတွင်း မိုးမရွာစေရန် ခေါန်းခင်ဟို ပိတ်ထားနိန်လဲ့ အခွင့်ဆိပင်း ယေဟို အသွေးအဖြစ်ဟို ပြောင်းလဲစေနိန်သော အခွင့်မှစယွေ့ သူလို့ အလိုဆိလဲ့အခါတိုင်း မြေကြီးဟို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိန်သော အခွင့်ဟို ရကြအယ်။
7 [b]သူလို့ သက်သေခံပင်းသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲဟ သူလို့ဟို စစ်တိုက်ယွေ့ အောန်မြင်ပင်း သူလို့ဟို သတ်ဖြတ်လိမ့်မယ်။ 8 သူလို့ရဲ့ အလောင်းများဟ မြို့ကြီးများရဲ့ လမ်းပေါ်တွင် ကျန်ရစ်ကြလိမ့်မယ်။ အဲမြို့ဟ သူလို့ရဲ့ အဆှင် လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရာမြို့ ဖြစ်အယ်။ အေးမြို့ဟ သောဒုံမြို့နဲ့ အဲဂုတ္တုပြေဟို ပုံဆောင်သောမြို့ ဖြစ်အယ်။ 9 အဲအခါ လူမျိုး၊ လူမျိုးနွယ်စု၊ ဘာသာစကားနဲ့ တိုင်းနိုင်ငံအသီးသီးလို့မှ လူလို့ဟ သူလို့ရဲ့ အလောင်းများဟို သုံးရက်ခွဲတိုင်အောန် ကျေ့ရှုကြပင်း အဲသူလို့ဟို လုတ်တိုင်းနှိုက် သင်္ဂြိုဟ်ရန် ခွင့်မပြုဘဲ နေကြလိမ့်မယ်။ 10 မြေကြီးပေါ်နှိုက် နေထိန်သောသူလို့ဟ အဲသူလို့ရဲ့ အဖြစ်ကျောန့် ဝမ်းမြောက်လျက် ပျော်ရွှင်ကြကာ တဦးဟို တဦး လက်ဆောင်များ ပေးပို့ကြလိမ့်မယ်။ အကျောန်းမှာ အဲပရောဖက် နေဦးလို့ဟ မြေကြီးပေါ်နှိုက် နေထိန်သောသူလို့ဟို ညှဉ်းဆဲကြအယ်။ 11 အဲပင်းရင် သုံးရက်ခွဲကြာသောအခါ ဘုရားသခင်ဆေမှ အသက်ဝိညာဉ်ဟ အဲသူလို့အထဲဟို ဝင်သဖြင့် သူလို့ဟ ထယွေ့ မတ်တတ်ရပ်ကြအယ်။ အဲသူလို့ဟို မျော်သောသူလို့ဟ ရမ်းဆာ့ ကြောက်ရွံ့ကြအယ်။ 12 အဲအခါ ခေါန်းခင်မှ အသံကျယ်ရီးဖြင့် “ဟေအရပ်ဟို တက်ကြလော့” ဟု အဲသူနေဦးလို့အား ဆိုတာဟို ကြားရင် သူလို့ဟ မိုးချေးသားဖြင့် ခေါန်းခင်ဘုံဟို တက်သွားကြအယ်။ သူလို့ရဲ့ ရန်သူများဟလည်း ကျေ့နေကြအယ်။ 13 [c]အဲအချိန်နာရီနှိုက် ပြင်းထန်သော ငလျင်လှုပ်ယွေ့ မြို့ဆယ်ပုံတပုံဟ ပြိုလဲသွားအယ်။ အဲငလျင်ကျောန့် လူပေါင်း ၇,၀၀၀ သေကြအယ်။ ကြွင်းကျန်သော သူလို့ဟ ကြောက်လန့်လျက် ခေါန်းခင်ဘုံဆှင် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းကြအယ်။
14 ဒုတိယ အမင်္ဂလာဟ လွန်သွားလေပီ။ အဲလိုလဲ တတိယ အမင်္ဂလာဟ အလျင်အမြန် ရောက်လာလိမ့်မယ်။
19 [d]အဲပင်းရင် ခေါန်းခင်နှိုက်ဆိသော ဘုရားသခင်ရဲ့ ဗိမာန်တော်ဟ ပွင့်ယွေ့ အဲဗိမာန်တော်ထဲတွင် ကိုယ်တော်ရဲ့ ပဋိညာဉ်သေတ္တာဟို မျော်အယ်။ ဆတ်ပျက်ထိုးခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနဲ့ ကြီးမားသော မိုးသီးကျခြင်းလို့လည်း ဖြစ်လေအယ်။
<- ဗျာဒိတ် 10ဗျာဒိတ် 12 ->
Languages