5 အဲအခါ ပင်လယ်နဲ့ ကုန်းမြေပေါ်တွင် ရပ်နေတာဟို ငါမျော်ရသော ခေါန်းခင်တမန်ဟ မိမိရဲ့ လက်ယာလက်ဟို ခေါန်းခင်ဟို မြှောက်လျက် 6 ကမ္ဘာအဆက်ဆက် အသက်ဆှင်ပင်း ခေါန်းခင်နဲ့ မြေကြီးပေါ်နှိုက် ဆိသောအရာများဟို လည်းကောင်း၊ ပင်လယ်နဲ့ ပင်လယ်နှိုက် ဆိသောအရာများဟို လည်းကောင်း ဖန်ဆင်းသောသူဟို တိုင်တည်ယွေ့ “အချိန်ကာလ ကြာညောင်းတော့မှာ မဟုတ်။ 7 သတ္တမ ခေါန်းခင်တမန် မှုတ်မဲ့ တံပိုးခရာ မှုတ်သံမြည်သော နေ့ရက်ကာလနှိုက် မိမိအစေခံ ပရောဖက်လို့အား ပြောကြားခဲ့လဲ့ အကြံအစည်လို့ဟ ပီးမြောက်စေလိမ့်မယ်” ဟု ဆိုအယ်။
8 အဲပင်းရင် ငါကြားခဲ့သော ခေါန်းခင်မှ အသံဟ “ပင်လယ်နဲ့ ကုန်းမြေပေါ်တွင် ရပ်နေသော ခေါန်းခင်တမန်ရဲ့ လက်နှိုက် ဆိလဲ့ ဖွင့်ထားသော စာလိပ်ဟို သွားယွေ့ ယူလော့” ဟု ငါ့အား တဖန် မြွတ်ဆိုလေအယ်။
9 အဲကျောန့် ငါဟ အဲခေါန်းခင်တမန်ဆေဟို သွားယွေ့ စာလိပ်ငယ်ဟို ငါ့အားပေးရန် တောင်းခံသောအခါ သူဟ “စာလိပ်ဟို ယူယွေ့ စားလော့။ အေးအရာဟ နင်ရဲ့ ဝမ်းထဲနှိုက် ခါးစေပေမဲ့လည်း နင်ရဲ့ ခံတွင်းနှိုက် ပျားရည်လို ချိုလိမ့်မယ်” ဟု ငါ့အား ဆိုအယ်။
10 ငါဟလည်း ခေါန်းခင်တမန်ရဲ့ လက်မှ စာလိပ်ငယ်ဟို ယူယွေ့ စားအယ်။ အေးဟာဟ ငါရဲ့ ခံတွင်းနှိုက် ပျားရည်လို ချိုပေမဲ့လည်း စားပင်းနောက် ငါရဲ့ ဝမ်းထဲနှိုက် ခါးလေအယ်။ 11 အဲပင်းရင် ခေါန်းခင်တမန်ဟ “နင်သည် ရမ်းဆာ့သော လူမျိုးများ၊ တိုင်းနိုင်ငံများ၊ ဘာသာစကားများ၊ ဆှင်ဘုရင်များရဲ့ အကျောန်းနဲ့ စပ်လျဉ်းလဲ့ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို နောက်တဖန် ဟောပြောလိမ့်မယ်” ဟု ငါ့အား ဆိုအယ်။
<- ဗျာဒိတ် 9ဗျာဒိတ် 11 ->
Languages