1 ယေရှုနဲ့ တဘဲ့တော်လို့ဟ ယေရုရှလင်မြို့ဟို ချဉ်းကပ်လာပင်း သံလွင်တောင်အနီးဆိ ဗက်ဖာဂေရွာဟို ရောက်ကြစဉ်၊ ယေရှုဟ တဘဲ့တော်နေယောက်အား ဦးရင် စေလွတ်ယွေ့၊ 2 “နင်လို့ ဆေ့တွင် ဆိသော ရွာဟို သွားကြလော့။ ကြိုးနဲ့လှန်ထားသော မြည်းမနဲ့ သူရဲ့ နားမှာဆိသော မြည်းသငယ်ဟို နင်လို့ ခုတင်ချင်း မျော်ရလိမ့်မယ်။ ကြိုးဟို ဖြေယွေ့ မြည်းများဟို ငါဆေ ယူခဲ့ကြလော့။ 3 တစုံတယောက်ဟ နင်လို့အား တစုံတခုပြောရင် ‘သခင်[a]အလိုဆိပါအယ်’ ဟု ပြောကြလော့။ အားပင်း သူဟ ခုတုံး ယူခွင့်ပြုလိမ့်မယ်” ဟူယွေ့ မိန့်အယ်။
4 ဟေအကျောန်းအရာဟ ပရောဖက် ဟောခဲ့လဲ့အတိုင်း အမန်တကယ် ဖြစ်ပျက်လာခြင်း ဖြစ်ယွေ့၊
6 တဘဲ့တော် နေယောက်လို့ဟ ထွက်သွားပင်းရင် ယေရှု မိန့်မှာလဲ့အတိုင်း ဆောင်ရွက်ကြအယ်။ 7 သူလို့ဟ မြည်းမနဲ့ မြည်းသငယ်ဟို ယူခဲ့ပင်း မိမိလို့ရဲ့ ဝတ်လုံများဟို လွားတင်ကြရာ ယေရှုဟ အဲအပေါ်မှာ ထိန်အယ်။ 8 လူအုပ်ကြီးလို့ဟလည်း မိမိလို့ရဲ့ ဝတ်လုံများဟို လမ်းပေါ်မှာ ခင်းကြအယ်။ လူအချို့လို့ဟ သစ်ပင်များမှ အကိုင်းအခက်များဟို ခုတ်ပင်း လမ်းပေါ်မှာ ခင်းကြအယ်။ 9 ကိုယ်တော်ရဲ့ဆေ့မှ သွားသော လူအုပ်ကြီးနဲ့ နောက်မှလိုက်သော လူအုပ်လို့ဟ “ဒါဝိဒ်ရဲ့ သားတော်အား ဟောရှဏ္ဏာ ဖြစ်စေသတည်း။ ထာဝရဘုရားရဲ့ နာမတော်နဲ့ ကြွလာသော အဆှင်ဟ မင်္ဂလာဆိစေသတည်း။ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြစေသတည်း” ဟု ကြွေးကြော်ကြအယ်။
10 ယေရုရှလင်မြို့ဟို ကိုယ်တော် ဝင်လာသောအခါ တမြို့လုံး အုတ်အုတ်သဲသဲဖြစ်ပင်းရင် လူလို့ဟ “ဟေသူသည် စသူလုန်း” ဟု မေးမြန်းကြအယ်။
11 လူအုပ်ကြီးဟ “ဟေသူသည် ဂါလိလဲပြေ နာဇရက်မြို့သား ပရောဖက် ယေရှု ဖြစ်အယ်” ဟု ဖြေကြားကြအယ်။
12 ယေရှုဟ ဗိမာန်တော်ဟို ဝင်ပင်း ဗိမာန်တော် အထဲမှ ရောင်းဝယ်နေသူလို့ဟို မောင်းထုတ်အယ်။ ပိတ်ဆန်လဲသူလို့ရဲ့ စားပွဲများနဲ့ ချိုးငက်ရောင်းသူလို့ ထိန်ခုံများဟို လှန်လောပစ်အယ်။ 13 အေးသူလို့အား “ ‘ငါအိုင်တော်ဟို ဆုတောင်းရာ အိုင်တော်ဟု ခေါ်ဝေါ်ခြင်းဟို ခံရလိမ့်မယ်’ ဟု ကျမ်းစာနှိုက် ရေးထားပေမဲ့လည်း နင်လို့ဟ အိုင်တော်ဟို ထားမြခိုအောင်းရာ ဖြစ်စေကြပီ ဟုတ်မောင့်လဲ့” ဟု မိန့်အယ်။
14 ဗိမာန်တော်တွင် မျက်မမြင်များနဲ့ ခြေမစွမ်းမသန်သူများဟ အထံတော်ဟို လာကြပင်း ကိုယ်တော်ဟ သူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။ 15 ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ ကိုယ်တော် လုပ်သော အံ့ဩဖွယ် အမှုအရာများဟို မျော်ယွေ့ “ဒါဝိဒ်ရဲ့ သားတော်အား ဟောရှဏ္ဏာ ဖြစ်စေသတည်း” ဟု ဗိမာန်တော်ထဲတွင် လူပဲ့သငယ်လို့ အော်နေတာဟို ကြားကြသောအခါ အူထော့လျက်၊ 16 သူလို့ဟ “ဟေလူပဲ့သငယ်လို့ ပစာအရာ ပြောဆိုနေတာဟို ကြားသလော” ဟု ယေရှုအား မေးဆှောက်ကြအယ်။
17 အေးနောက် ယေရှုဟ မြို့မှ ထွက်ပင်းရင် ဗေသနိရွာဟို ကြွယွေ့ အဲရွာနှိုက် တညတာကုန်စေအယ်။
18 ယေရှုဟ နက်စာစောစော မြို့သို့ပြန်လည်ကြွလာစဉ် မွတ်အယ်။ 19 လမ်းတွင် သင်္ဘောသဖန်းပင် တပင်ဟို မျော်သဖြင့် အေးအပင်ဆိရာဟို သွားပေမဲ့ အပင်ပေါ်တွင် အရွက်များမှ လွဲယွေ့ စလိုအရာဟိုမျှ မတွေ့။ အဲလိုမို့ ကိုယ်တော်ဟ အေးအပင်အား “နင်ဟ နောင်ပစာအခါနှိုက် အသီးမသီးစေနဲ” ဟု မိန့်အယ်။ သင်္ဘောသဖန်းပင်ဟလည်း ခုတုံးပင် နွမ်းခြောက်သွားလေအယ်။
20 အေးအရာဟို တဘဲ့တော်လို့ မျော်ရင် အံ့ဩကြအယ်။ သူလို့ဟ “သင်္ဘောသဖန်းပင်သည် ပစာသို့ အမြန် နွမ်းခြောက်သွားသလုန်း” ဟု အချင်းချင်းမေးကြအယ်။
21 [b]ယေရှုဟ “နင်လို့အား ငါ အမန်အကန် ပြောတာဟ နင်လို့ဟ သံသယကင်းသော ယုံကြည်ခြင်းဆိရင် သင်္ဘောသဖန်းပင်ဟို ငါလုပ်သလို လုပ်နိန်တာသာမက ဟေတောင်အား ‘ဟေနေရာမှ ရွေ့ပင်း ပင်လယ်ထဲဟို ကျလော’ ဟု ပြောရင် ပြောလဲ့အတိုင်း ဖြစ်လိမ့်မယ်။ 22 နင်လို့ဟ ယုံကြည်ခြင်းဆိရင် ဆုတောင်းသမျှလို့ဟို ရဆိကြလိမ့်မယ်” ဟု မိန့်အယ်။
23 ယေရှုဟ ဗိမာန်တော်ဟို ပြန်လည်ကြွလာယွေ့ ဟောပြောသွန်သင်စဉ် ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ အထံတော်ဟို လာပင်းရင် “နင်ဟ ဟေအမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ပြုလုန်း။ အေးအခွင့်အာဏာဟို စသူဟ နင့်အားပေးလုန်း” ဟု မေးဆှောက်ကြအယ်။
24 ယေရှုဟ သူလို့အား “နင်လို့ဟို မေးခွန်းတခုဟို ငါမေးပင်း နင်လို့ ငါ့ဟို ဖြေရင် ဟေအမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ငါလုပ်တာဟို ငါပြောမယ်။ 25 ယောဟန် နှစ်ခြင်းမင်္ဂလာဟ ပစာကလာသလုန်း။ ခေါန်းခင် ဆေမှလော အဲဟာမဟုတ်ရင် လူလို့ ဆေမှသလော” ဟု မေးအယ်။
33 “အခြားပုံဥပမာ တခုဟို နားထောင်ကြလော့” ဟု ယေရှုဟ ပြောအယ်။ “စပျစ်ဥယျာဉ်တခုဟို စိုက်ပျိုးသည့် မြေပိုင်ဆှင် တယောက်ဆိအယ်။ သူဟ စောင်းရန်း ကာယွေ့ စပျစ်သီးနယ်ရာကျင်းဟို တူးပင်း လင့်စင်တခုဟိုလည်း ဆောက်လုပ်အယ်။ အေးနောက် မိမိရဲ့ ဥယျာဉ်ဟို ခြံသမားလို့အား ငှားယွေ့ ခရီးထွက်သွားအယ်။ 34 စပျစ်သီးပေါ်ချိန် နီးလာသောအခါ မိမိရဲ့ ငယ်သားများဟို ခြံသမားလို့ဆေ စေလွှတ်ပင်း သီးစားခ စပျစ်သီးများဟို တောင်းခံစေအယ်။ 35 ခြံသမားလို့ဟ ငယ်သားများဟို ဖမ်းယွေ့ ရိုက်သူဟို ရိုက်၊ သတ်သူဟို သတ်၊ ခဲနဲ့ပစ်သူဟို ပစ်ကြအယ်။ 36 ထပ်ပင်း ဥယျာဉ်ဆှင်ဟ ပထမအကြိမ်ထက် ငယ်သားများဟို ပိုပင်း စေလွှတ်ယွေ့ ခြံသမားလို့ဟ အေးငယ်သားများဟိုလည်း အရင်ခါတိုင်း လုပ်ကြပြန်အယ်။ 37 နောက်ဆုံးနှိုက် သူဟ ‘ငါရဲ့သားဟို အေးသူလို့ လေးစားလိမ့်မယ်’ ဟု ဆိုလျက် မိမိရဲ့ သားဟို ခြံသမားလို့ ဆေဟို စေလွှတ်အယ်။ 38 အဲလိုလဲ အေးသူလို့ဟ ဥယျာဉ်ဆှင်ရဲ့ သားကို မျော်သောအခါ ‘ဟေသူဟ အမွေစား အမွေခံ ဖြစ်အယ်။ လာကြ၊ သူ့ဟို သတ်ယွေ့ သူ့ဥစ္စာဟို ယူကြကုန်အံ့’ ဟု အချင်းချင်း တိုင်ပင်ပင်းနောက် 39 သူ့ဟို ဖမ်းပင်း စပျစ်ဥယျာဉ် အပြင်ဟို ထုတ်ယွေ့ သတ်ကြအယ်။
40 “အဲလိုမို့ စပျစ်ဥယျာဉ်ဆှင် ရောက်လာသောအခါ ခြံသမားလို့အား ပစာသို့ ပြုလိမ့်မလုန်း” ဟု မေးအယ်။
41 သူလို့ဟ “သူသည် အေးဆိုးသွမ်းသော သူလို့ဟို အမန်ပင် သတ်ပစ်လိမ့်မယ်။ စပျစ်ဥယျာဉ်ဟိုလည်း စပျစ်သီးစားခ မန်မန်ပေးမဲ့ အခြားခြံသမားလို့အား ပေးအပ်ပါလိမ့်မယ်” ဟု ဖြေကြားအယ်။
42 ယေရှုဟ သူလို့အား၊
43 “အဲလိုမို့ နင်လို့အား ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို နင်လို့ ဆေမှ ရုပ်သိမ်းယွေ့ နိုင်ငံတော်ရဲ့ အသီးဟို လူအပေါင်းအား ပေးလိမ့်မယ်” ဟု ဆိုအယ်။ 44 [d]
45 ယေရှုရဲ့ ပုံဥပမာများဟို ယဇ်ပုရောဟိတ်ကြီးများနဲ့ ဖာရိရှဲများ ကြားကြသောအခါ မိမိလို့ဟို ရည်မှတ်ယွေ့ မိန့်ကျောန်းသိကြအယ်။ 46 သူလို့ဟ ကိုယ်တော်ဟို ဖမ်းဆီးရန် နည်းလမ်းဆာကြပေမဲ့ ကိုယ်တော်အား ပရောဖက်ဟု မှတ်ယူယုံကြည်နေသူ လူအုပ်ကြီးဟို ကြောက်ကြအယ်။
<- မဿဲ 20မဿဲ 22 ->
Languages