8 “ညနေခင်းချိန် ရောက်လာသောအခါ ဥယျာဉ်ဆှင်ဟ မိမိရဲ့ စီမံခန့်ခွဲရေးမှူးအား ‘အလုပ်သမားများဟို ခေါ်ယွေ့ နောက်ဆုံး အလုပ်ဝင်သူများမှ အစပြုပင်း ပထမဆုံး အလုပ်ဝင်သူများတိုင်အောန် အားခများဟို ပေးလော့’ ဟု ဆိုအယ်။ 9 ငါးနာရီချိန်တွင် စပင်းအလုပ်လုပ်သော သူလို့ဟ ငွေဒင်္ဂါး တပြားစီရအယ်။ 10 အဲလိုမို့ ပထမဆုံး ငှားလဲ့ အလုပ်သမားများ လာကြသောအခါ သူလို့ဟ ပိုပင်း ရမယ် ဟု ထင်ထားကြပေမဲ့ သူလို့ဟလည်း ငွေဒင်္ဂါးတပြားစီ ရကြအယ်။ 11 သူလို့ဟ သူလို့ရဲ့ အားခဟို ယူပင်း စတင်ကာ ဥယျာဉ်ဆှင်ဟို ကဲ့ရဲ့ပစ်တင်ကြအယ်။ 12 ‘နောက်ဆုံးလာသော ဟေသူလို့ဟ တနာရီလောက်သာ အလုပ်လုပ်ကြရအယ်။ ငါလို့မူ တနေကုန် နေပူကြဲကြဲတွင် ပင်ပန်းစွာ လုပ်ကိုင်ကြရပေမဲ့လည်း အဆှင်ဟ ငါလို့အား အဲသူလို့နဲ့ ညီတူမျှတူ အားခပေးအယ် ဟုတ်မောင့်လဲ့။’ 13 ဥယျာဉ်ဆှင်ဟ သူလို့ထဲမှ တယောက်အား ‘နားထောင်ပါ၊ မိတ်ဆွေ၊ ငါဟ နင့်ဟို မတရားပြုတာ မဟုတ်။ နင်ဟ တနေ့လျှင် ငွေဒင်္ဂါး တပြားနဲ့ အလုပ်လုပ်ရန် သဘောတူခဲ့တာ မဟုတ်လော။ 14 အခု နင့်ရဲ့ အားခဟို ယူယွေ့ အိုင်ဟို သွားလော့။ နောက်ဆုံးငှားလဲ့ ဟေအလုပ်သမားအား နင့်ဟို ပေးသလို ငါပေးလိုအယ်။ 15 ငါဟ ငါပိုင်လဲ့ ငွေဟို ပြုလိုသမျှ မပြုရသလော။ အဲဟာမဟုတ်ရင် ငါသဘော ကောင်းသောကျောန့် နင် မနာလိုစိတ် ဆိသလော’ ဟု ဆိုအယ်။”
16 [a]အားပင်း ယေရှုဟ “အဲနည်းတူ နောက်ကျသော သူလို့ဟ အရင်ကျကြလိမ့်မယ်။ အရင်ကျသော သူလို့ဟ နောက်ကျကြလိမ့်မယ်” ဟု မိန့်အယ်။
17 ယေရှုဟ ယေရုရှလင်မြို့ဟို တက်ကြွစဉ် လမ်းခရီးနှိုက် တဘဲ့တော် တဆယ့်နေပါးလို့အား မလှမ်းမကမ်းဟို သီးသန့် ခေါ်ဆောင်ပင်းရင်၊ 18 “နားထောင်ကြလော့၊ ငါလို့ဟ ယေရုရှလင်မြို့သို့ တက်သွားကြအယ်။ အဲမြို့တွင် လူသားဟ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများရဲ့ လက်ထဲအပ်နှံခြင်းဟို ခံရလိမ့်မယ်။ သူလို့ဟ သေဒဏ်စီရင်ကြလိမ့်မယ်။ 19 အားပင်း တပါးအမျိုးသားလို့ရဲ့ လက်သို့ အပ်နှံကြလိမ့်မယ်။ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ကြပေမဲ့ သုံးရက်မြောက်သောနေ့နှိုက် လူသားဟ ထမြောက်လိမ့်မယ်” ဟု မိန့်အယ်။
20 အဲပင်းရင် ဇေဗေဒဲရဲ့ ပေါင်အိုမဟ သားများနဲ့အတူ ယေရှုဆေ ချဉ်းကပ်ပင်း ဦးချရှိခိုးလျက် မျက်နှာသာပေးဖို့ ပြောလေအယ်။
21 ယေရှုဟ သူမဟို “နင် မစာအရာဟို အလိုဆိလုန်း” ဟု မေးရင်၊
22 ယေရှုဟ “နင်လို့သည် စလိုအရာအတွက် တောင်းဆှောက်နေတာဟို နင်လို့ မသိကြ၊ ငါသောက်ရမဲ့ ဒုက္ခဝေဒနာမုတ်ဟို နင်လို့ သောက်နိန်ကြသလော” ဟု မေးအယ်။
23 ယေရှုဟ “နင်လို့သည် ငါရဲ့ မုတ်မှ အမန်ပင် သောက်ရကြပေမဲ့ ငါရဲ့ လက်ယာဘက်နဲ့ လက်ဝဲဘက်လို့နှိုက် ထိန်ရသောအခွင့်ဟို ငါပေးတာ မဟုတ်။ ဟေနေရာဟ ငါ့ရဲ့အဖ ပြင်ဆင်ထားသူများ အတွက်သာ ဖြစ်အယ်” ဟု မိန့်အယ်။
24 ဟေအကျောန်းအရာဟို အခြား တဘဲ့တော် ဆယ်ဦးလို့ ကြားသောအခါ သူလို့ဟ အဲညီအကိုနေယောက်ဟို အူထော့ကြအယ်။ 25 [b]ယေရှုဟ သူလို့ဟို အတူတကွ ခေါ်လျက် “လူမျိုးခြားလို့တွင် အုပ်ချုပ်သူလို့ဟ ပြည်သူလို့အပေါ် စိုးမိုးခြယ်လှယ်ကြယွေ့ အကြီးအကဲလို့ဟ သူလို့အပေါ် အာဏာသုံးတတ်ကြတာဟို နင်လို့ သိကြအယ်။ 26 [c]နင်လို့ဟတော့ အဲလိုမပြုကြနဲ့။ အဲအစား၊ နင်လို့တွင် ကြီးမြတ်သောသူဖြစ်လိုသူဟ နင်လို့ရဲ့ အစေခံ ဖြစ်ရမယ်။ 27 ဦးရင်ဆုံးဖြစ်ချင်သောသူဟ နင်လို့ရဲ့ ကျွန်ဖြစ်ရမယ်။ 28 လူသားပင်လျှင် သူတပါးအား အစေခံရန် ကြွလာတာ မဟုတ်။ အဲလိုလဲ သူတပါးရဲ့ အစေဟိုခံရန်နဲ့ မိမိအသက်ဟို စွန့်ယွေ့ လူများအား ရွေးနုတ်ရန် ကြွလာသတည်း” ဟု မိန့်အယ်။
29 ယေရှုနဲ့ တဘဲ့တော်လို့ဟ ယေရိခေါမြို့မှ ထွက်ခွာလာကြစဉ် လူအုပ်ကြီးဟ နောက်တော်ဟို လိုက်ကြအယ်။ 30 ယေရှု ကြွသွားကျောန်းဟို လမ်းအနီးတွင် ထိန်နေသော မျက်စေ့ မမျော်သောသူနေယောက်လို့ဟ ကြားယွေ့ “ဒါဝိဒ်ရဲ့သားတော် သခင်ဘုရား၊ ငါလို့ဟို သနားမန့်” ဟု စတင် အော်ကြအယ်။
31 လူအုပ်ကြီးလို့ဟ သူလို့အား တိတ်တိတ်နေရန် ငေါက်ငမ်းပြောဆိုကြပေမဲ့ သူလို့ဟ “ဒါဝိဒ်ရဲ့သားတော် သခင်ဘုရား၊ ငါလို့ဟို သနားမန့်” ဟု ပိုပင်းအော်ကြအယ်။
32 ယေရှုဟ ရပ်တန့်ယွေ့ အဲသူလို့အား အထံတော်ဟိုခေါ်ပင်းလျှင် “နင်လို့အတွက် မစာအရာဟို ပြုစေလိုလုန်း” ဟု မေးအယ်။
33 သူလို့ဟ “သခင်ဘုရား၊ ငါလို့အား မျက်စေ့ပြန်ယွေ့ မျော်ချင်ပါအယ်” ဟု ဆှောက်ကြအယ်။
34 ယေရှုဟ သူလို့ဟို သနားသဖြင့် သူလို့ရဲ့မျက်စေ့ဟို လက်နဲ့ တို့အယ်။ အဲသူလို့ဟ ခုတင်ချင်းပင် မျက်စေ့မျော်ယွေ့ နောက်တော်ဟို လိုက်ကြအယ်။
<- မဿဲ 19မဿဲ 21 ->
Languages