6 အေးအရာလို့ဟို ပြင်ဆင်ပီးသောအခါ ယဇ်ပုရောဟိတ်လို့ဟ မိမိလို့ရဲ့ တာဝန်များဟို ဆောင်ရွက်ရာတွင် တဲတော်ရဲ့ ပထမအခန်းဟို နေ့စဉ် ဝင်ရကြအယ်။ 7 အားပေမဲ့ ယဇ်ပုရောဟိတ်မင်း တပါးတည်းသာ တဲတော်ရဲ့ ဒုတိယအခန်းဟို ဝင်ရအယ်၊ သူဟ ဟေဟို ဝင်ရတာဟလည်း တနှစ် တကြိမ်သာ ဖြစ်ပင်း မိမိရဲ့ အတွက် လည်းကောင်း၊ လူလို့ မသိနားမလည်ယွေ့ ကျူးလွန်မိသော အပစ်များအတွက် လည်းကောင်း၊ ပူဇော်ရန် သွေးဟို ယူဆောင်ယွေ့ ဝင်ရအယ်။ 8 ဟေထုံးစံအရ တဲတော်ရဲ့ ပထမခန်း တည်ဆိနေသမျှ ကာလပတ်လုံး ရမ်းဆာ့ သန့်ဆှင်းရာ ဌာနတော်ဟို ဝင်ရန် လမ်းဟ ပိတ်လျက်ဆိမယ်ဖြစ်ကျောန်း သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဆှင်းလင်းစွာ သွန်သင်အယ်။ 9 အဲတဲတော်ဟ ဟေမျက်မှောက်ကာလအတွက် ပုံဥပမာ ဖြစ်ယွေ့ ပူဇော်သကာနဲ့ ယဇ်လို့ဟ ဝတ်ပြုသူရဲ့ စိတ်နေလုံးဟို မစုံလင်စေနိန်ကျောန်း ဖော်ပြအယ်။ 10 အဲအရာလို့ဟ စားစရာ၊ သောက်စရာနဲ့ ဆေးကြောသန့်စင်ခြင်း ဝတ်များနဲ့ဆိုင်အယ်။ ဟေဟာဟ ပြင်ပနဲ့ ဆိုင်လဲ့ စည်းမျဉ်းများ ဖြစ်ယွေ့ ခပ်သိမ်းသောအရာလို့ဟို ဘုရားသခင် အသစ်ပြုပြင်မဲ့ ကာလတိုင်အောန်သာ တည်ဆိနေကြအယ်။
11 အားပေမဲ့ ခရစ်တော်ဟ ရောက်ဆိလာပင်းနောက်[a] ကောင်းသောအရာများနဲ့ ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာပီ။ ကိုယ်တော်အမှုတော်ဆောင်ရာ တဲတော်ဟ ပိုယွေ့ ကြီးမြတ်ပင်း ပီးပြေ့စုံအယ်၊ အဲတဲတော်ဟ လူ့လက်ဖြင့် တည်ဆောက်တာ မဟုတ်၊ ဟေဖန်ဆင်းခံ လောကနဲ့ မဆိုင်။ 12 ကိုယ်တော်ဟ ရမ်းဆာ့သန့်ဆှင်းရာ ဌာနတော်ထဲဟို တကြိမ်တည်း အပီး ဝင်သောအခါ ယဇ်ပူဇော်ရန် ဆိတ်နဲ့ နွားသငယ်လို့ရဲ့ အသွေးဖြင့် မဟုတ်ဘဲ၊ မိမိရဲ့ အသွေးတော်အားဖြင့် ဝင်ယွေ့ ငါလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးအယ်။ 13 အကျောန်းမှာ ညစ်ညူးခြင်းဆိသော သူလို့အပေါ် ပက်ဖျန်းသော ဆိတ်အသွေး၊ နွားအသွေးနဲ့ နွားမသငယ်ရဲ့ ပြာလို့ဟ ကိုယ်ကာယဟို စင်ကြယ်စေယွေ့ သူလို့ဟို သန့်ဆှင်းစေတာဆိုရင်၊ 14 ခရစ်တော်ရဲ့ အသွေးဟ အဲအရာလို့ထက် စလောက်ပိုယွေ့ သန့်ဆှင်းနိန်လိမ့်မလုန်း၊ ခရစ်တော်ဟ ထာဝရ ဝိညာဉ်တော်အားဖြင့် မိမိတတ်တိုင်း အပစ်အနာအဆာ ကင်းလဲ့ ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား ပူဇော်ဆက်သအယ်။ အသက်ဆှင်သော ဘုရားသခင်ရဲ့ အစေဟို ငါလို့ ဆောင်ရွက်နိန်ကြစေရန် ခရစ်တော်ရဲ့ အသွေးဟ အကျိုးမဲ့လဲ့ လုပ်ထုံးလုပ်နည်းများဟို လိုက်နာမှုကျောန့် မစင်ကြယ်သော ငါလို့ရဲ့ အသိစိတ်ဟို စင်ကြယ်စေလိမ့်မယ်။
15 အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။
16 သေတမ်းစာ အတည်ဖြစ်နိန်ရန် သေတမ်းစာဟို ရေးသားခဲ့သူဟ အမန်သေပီ ဖြစ်ကျောန်း အထောက်အထား ပြရမယ်။ 17 သေတမ်းစာရေးသူ အသက်ဆှင်နေစဉ် သူရဲ့ သေတမ်းစာဟ အတည် မဖြစ်၊ အဲသူသေဆုံးပင်းမှသာ အတည် ဖြစ်အယ်။ 18 အဲပထမ ပဋိညာဉ်[b]ပင် အသွေးဖြင့် အတည် ဖြစ်အယ်။ 19 မောရှေဟ ပညတ်တရားတွင် ပါဆိလဲ့ ပညတ်ဆိသမျှလို့ဟို လူအားလုံးလို့အား နီမြန်းသော သိုးမွေးနဲ့ ဟုဿုပ်ပင်ခက်ဟို အသုံးပြုကာ ယေနဲ့ ရောသော နွားအသွေး၊ ဆိတ်အသွေးဖြင့် ပညတ်ကျမ်းစာဟို လည်းကောင်း၊ လူအားလုံးလို့ဟို လည်းကောင်း၊ ပက်ဖျန်းအယ်။ 20 အေးနောက် မောရှေဟ “ဟေအသွေးဟ နင်လို့ လိုက်နာရန် ဘုရားသခင် ပေးအပ်သော ပဋိညာဉ်နဲ့ဆိုင်သော အသွေးဟို အတည် ဖြစ်စေအယ်” ဟု ဆိုအယ်။ 21 အေးတိုင်းတိုင်း မောရှေဟ တဲတော်နဲ့တကွ ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုလဲ့ တန်ဆာဆိသမျှဟိုလည်း အသွေးဖြင့် ပက်ဖျန်းအယ်။ 22 ပညတ်တရားအရ အရာခပ်သိမ်းဟ အသွေးအားဖြင့် သန့်ဆှင်းစေအယ်၊ အသွေး သွန်းလောင်းခြင်း မဆိရင် အပစ်ခွင့်လွှတ်ခြင်း မဆိ။
Languages