1 ပညတ်တရားဟ နောင်လာမဲ့ ကောင်းသောအရာများရဲ့ အရိပ်မျှသာ ဖြစ်ပင်း ၎င်းလို့ရဲ့ ပုံသဏ္ဌာန် အစစ်အမန် မဟုတ်သောကျောန့် နှစ်စဉ် အမြဲမပြတ် ပူဇော်နေလဲ့ တူညီသောယဇ်များအားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူလို့ဟို မစုံလင်စေနိန်၊ 2 အကယ်ယွေ့ စုံလင်စေနိန်ခဲ့ရင် ကိုးကွယ်သောသူလို့ဟ တခါတည်းနဲ့ သန့်ဆှင်းခြင်းဟို ရောက်လျက် အပစ်ဆိတာဟု အသိစိတ် မဆိတော့သဖြင့် ယဇ်ပူဇော်ခြင်းဟို ရပ်တန့်ကြလိမ့်မယ် မဟုတ်လော။ 3 အားပေမဲ့ ဟေလို ပူဇော်ခြင်းအားဖြင့် အပစ်များဟို နှစ်စဉ် ပြန်လည်အောက်မေ့ကြအယ်။ 4 အကျောန်းမှာ နွားနဲ့ ဆိတ်လို့ရဲ့ အသွေးဟ အပစ်များဟို မဖယ်ဆှားနိန်။
5 အဲကျောန့် ခရစ်တော်ဟ ဟေလောကဟို ကြွလာသောအခါ ဘုရားသခင်အား၊
11 ယဇ်ပုရောဟိတ် အားလုံးဟ နေ့စဉ်နေ့တိုင်း ရပ်ယွေ့ ဝတ်ပြုကာ အပစ်များဟို မဖယ်ဆှားနိန်လဲ့ တူညီသောယဇ်ဟို အကြိမ်ကြိမ် ပူဇော်နေကြအယ်။ 12 အားပေမဲ့ ခရစ်တော်ဟ တခုတည်းသောယဇ်ဟို အပစ်များအတွက် ထာဝစဉ် ပူဇော်ပင်းရင် အဲအချိန်မှစယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်လျက် 13 မိမိရဲ့ ရန်သူလို့ဟ မိမိခြေတင်ရာအဖြစ် ချထားခြင်း ခံရလဲ့တိုင်အောန် စောင့်ဆိုင်းနေအယ်။ 14 အကျောန်းမှာ ကိုယ်တော်ဟ တခါတည်းသော ပူဇော်သကာအားဖြင့် သန့်ဆှင်းစေခြင်း ခံရသောသူလို့အား ထာဝစဉ် စုံလင်စေအယ်။
15 သန့်ဆှင်းသော ဝိညာဉ်တော်ဟလည်း ငါလို့အား သက်သေခံယွေ့
26 အကျောန်းမှာ ငါလို့ဟ သမ္မာတရားနဲ့ဆိုင်လဲ့ စစ်မန်သော အသိပညာဟို ရဆိပင်း တမင်တကာ ဆက်ယွေ့ အပစ်ပြုရင် အပစ်ဖြေရာယဇ် မဆိတော့ဘဲ 27 တရားစီရင်ခြင်းဟို လည်းကောင်း၊ ဘုရားသခင်ဟို အတိုက်အခံပြုသူလို့အား ကျွမ်းလောင်စေမဲ့ အမျက်တော် မီးဟို လည်းကောင်း၊ ကြောက်ရွံ့လျက် စောင့်မျော်နေကြရန် ဆိတော့အယ်။ 28 မောရှေရဲ့ ပညတ်တရားဟို ငြင်းပယ်သောသူဟ သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ သက်သေခံချက်အားဖြင့် သနားခြင်း မဆိဘဲ သေဒဏ်ပေးခြင်းဟို ခံရကြအယ်။ 29 ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။ 30 အကျောန်းမှာ “ငါဟ လက်စားချေပိုင်သူ ဖြစ်ယွေ့ ငါဟ ဆပ်ပေးမယ်” ဟု လည်းကောင်း၊ “ထာဝရဘုရားဟ မိမိရဲ့ လူမျိုးလို့အား တရားစီရင်လိမ့်မယ်” ဟု လည်းကောင်း၊ မိန့်သောသူဟ စသူဖြစ်တာဟို ငါလို့ သိကြအယ်။ 31 အသက်ဆှင်သော ဘုရားသခင်ရဲ့ လက်တော်ဟို ကျရောက်ခြင်းဟ ကြောက်လန့်ဖွယ် ကောင်းအယ်။
32 မခင် နေ့ရက်များဟို သတိရကြလော့။ အဲအခါ နင်လို့ဟ ဘုရားသခင်ရဲ့ အလင်းဟို ခံယူရဆိပင်းနောက် ဆင်းရဲဒုက္ခဟို ပြင်းထန်စွာ ခံစားကြရသော်လည်း ခံနိန်ရည် ဆိခဲ့ကြအယ်။ 33 နင်လို့ဟ တခါတရံ လူလို့ဆေ့နှိုက် ကဲ့ရဲ့ညှဉ်းဆဲခြင်းဟို ခံကြရအယ်၊ တခါတရံ အခြားသူလို့ ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရသောအခါနှိုက် နင်လို့ဟလည်း ပါဝင် ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရန် အသင့်ဆိကြအယ်။ 34 နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။ 35 အဲကျောန့် ကြီးမြတ်သော အကျိုးကျေးဇူးဆိလဲ့ နင်လို့ရဲ့ ယုံကြည်စိတ်ချမှုဟို မပယ်လောကြနဲ့။ 36 ဘုရားသခင်ရဲ့ အလိုတော်ဟို ဆောင်ရွက်ပင်း ကတိတော်ဟို ခံစားရဆိနိန်ရန် နင်လို့နှိုက် လိုအပ်သောအရာမှာ သည်းခံခြင်း ဖြစ်အယ်။ 37 အကျောန်းမှာ
Languages