4 ငါလို့ လူမျိုးလို့ရဲ့ ထင်ဆှားသော ဖိုးဖေး အာဗြဟံဟ စစ်ပွဲမှ မိမိသိမ်းယူရဆိခဲ့လဲ့ ဥစ္စာပစ္စည်းများရဲ့ ဆယ်ဖို့တဖို့ဟို မေလခိဇေဒက်အား ပေးလှူခဲ့တာဖြစ်ရာ ဟေလို ပေးလှူခြင်း ခံရသူဟ စလောက် ကြီးမြတ်မယ်ဟို ဆင်ခြင်ကြလော့။ 5 အဲလူလို့မှာ အာဗြဟံမှ ဆင်းသက်လာလဲ့ မိမိလို့ ညီအကိုများ ဖြစ်ကြသော်လည်း လေဝိအမျိုးသားထဲမှ ယဇ်ပုရောဟိတ် ဖြစ်လာသောသူလို့ဟ ပညတ်တရားအရ လူလို့ဆေမှ ဆယ်ဖို့တဖို့ ကောက်ခံရမယ် ဟူသော ပညတ်ချက်ဟို ရဆိထားကြအယ်။ 6 မေလခိဇေဒက်ဟ လေဝိအမျိုး မဟုတ်သော်လည်း အာဗြဟံဆေမှ ဆယ်ဖို့တဖို့အလှူဟို ခံယူလျက် ဘုရားသခင်ရဲ့ ကတိတော်များ ရဆိထားသူ အာဗြဟံဟို ကောင်းချီးပေးခဲ့အယ်။ 7 ကြီးသောသူဟ ငယ်သောသူအား ကောင်းချီးပေးတတ်တာဟို ငြင်းဆိုဖွယ် မဆိ။ 8 အဲအရာနှိုက်လည်း ယဇ်ပုရောဟိတ်များအနေဖြင့် ဆယ်ဖို့တဖို့ အလှူဟို ခံယူခြင်းဟ သေမျိုးဖြစ်သော လူသားလို့ဟ ခံယူကြခြင်း ဖြစ်အယ်၊ အားပေမဲ့ မေလခိဇေဒက်မူ ကျမ်းစာတော်တွင် ဖော်ပြတာနဲ့အညီ အသက်ဆှင်သူအနေဖြင့် ဆယ်ဖို့တဖို့အလှူဟို ခံယူခြင်း ဖြစ်အယ်။ 9 အဲကျောန့် ဆယ်ဖို့တဖို့ဟို ခံယူသူ လေဝိဟ အာဗြဟံမှ တဆင့် မေလခိဇေဒက်အား ဆယ်ဖို့တဖို့ ပေးလှူတာဟု ဆိုနိန်အယ်။ 10 အကျောန်းမှာ အာဗြဟံဟ မေလခိဇေဒက်နဲ့ တွေ့ဆုံစဉ်အခါဟ လေဝိဟ မမွေးဖွားသေးဘဲ အာဗြဟံရဲ့ ကိုယ်နှိုက် ဆိနေတာဟု ဆိုနိန်သောကျောန့် ဖြစ်အယ်။
11 ဣသရေလအမျိုးသားလို့ရဲ့ ပညတ်တရားဟို ပေးအပ်ရာနှိုက် လေဝိအမျိုးနဲ့ဆိုင်လဲ့ ယဇ်ပုရောဟိတ်များဟို အခြေခံယွေ့ ပေးအပ်ခြင်း ဖြစ်အယ်၊ အဲလိုမို့ လေဝိအမျိုး ယဇ်ပုရောဟိတ်လို့ဟ ပီးပြေ့စုံလင်အောန် ဆောင်ရွက်နိန်ရင် အာရုန်ရဲ့ အရိုက်အရာအစား မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူ[a] အခြား ယဇ်ပုရောဟိတ်တပါး ပေါ်ထွန်းလာရန် မလိုပေ။ 12 ယဇ်ပုရောဟိတ် အရိုက်အရာနှိုက် ပြောင်းလဲခြင်း ဆိရင် ပညတ်တရားနှိုက်လည်း ပြောင်းလဲခြင်း ဆိရန် လိုအပ်အယ်။ 13 ဟေအကျောန်းအရာများဟ ဖော်ပြနေလဲ့ ငါလို့ရဲ့ သခင်ဘုရားဟ လေဝိအမျိုး မဟုတ်၊ အခြားတပါးသော အမျိုးအနွယ်မှ ဆင်းသက်သောသူ ဖြစ်အယ်၊ အဲအမျိုးအနွယ်ဝင် တယောက်မျှ ယဇ်ပုရောဟိတ်အဖြစ် မဆောင်ရွက်ခဲ့။ 14 ငါလို့ရဲ့ သခင်ဟ ယုဒအမျိုးထဲမှ ပေါ်ထွန်းကျောန်း သိသာထင်ဆှားအယ်၊ မောရှေဟ အဲယုဒအမျိုးနဲ့ ပတ်သက်ယွေ့ ယဇ်ပုရောဟိတ်နဲ့ စပ်ဆိုင်လဲ့အရာ တစုံတခုဟိုမျှ မပြောဆိုခဲ့ပေ။
20 အဲမျှမက ဟေအမှုအရာဟ ကတိသစ္စာပြုခြင်း မပါဘဲ ဖြစ်လာတာ မဟုတ်။ အကျောန်းမှာ အခြားသော ယဇ်ပုရောဟိတ်လို့ဟ ကတိသစ္စာပြုခြင်း မပါဘဲ ယဇ်ပုရောဟိတ်များ ဖြစ်လာကြအယ်။ 21 အားပေမဲ့ ယေရှုအား ယဇ်ပုရောဟိတ်အဖြစ် ခန့်ထားသောအခါနှိုက်
23 အခြားသော ယဇ်ပုရောဟိတ်လို့ဟ သေခြင်းတရားကျောန့် တာဝန်ဟို ဆက်လက်ယွေ့ မထမ်းဆောင်နိန်ကြသဖြင့် ရမ်းဆာ့သောသူလို့ဟ ယဇ်ပုရောဟိတ် ဖြစ်လာကြအယ်။ 24 ယေရှုဟ ထာဝရ အသက်ဆှင်တာ ဖြစ်ယွေ့ မပြောင်းလဲသော ယဇ်ပုရောဟိတ် အရိုက်အရာဟို ရဆိအယ်။ 25 အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။
26 အဲလိုမို့ ယေရှုဟ ငါလို့နဲ့ သင့်လျော်သော ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ ကိုယ်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ အပစ်ကင်းလွတ်အယ်၊ အပစ်သားလို့နဲ့ ခွဲခြားထားခြင်း ခံရကာ ခေါန်းခင်သားအပေါင်းလို့ထက် ချီးမြှောက်ခြင်းဟို ခံအယ်။ 27 ယဇ်ပုရောဟိတ်မင်းလို့ဟ နေ့စဉ် ဦးရင် မိမိလို့ အပစ်များအတွက် လည်းကောင်း၊ အဲပင်းရင် လူလို့ရဲ့ အပစ်များအတွက် လည်းကောင်း၊ ယဇ်ပူဇော်ကြရအယ်။ ကိုယ်တော်ဟ ဟေလိုပြုရန် မလို၊ အကျောန်းမှာ ကိုယ်တော်ဟ မိမိကိုယ်ဟို တကြိမ်တည်း ယဇ်ပူဇော်ယွေ့ အဲအမှုဟို ပီးစီးစေပီ။ 28 မောရှေရဲ့ ပညတ်တရားဟ အားနည်းယွေ့ မစုံလင်သော လူသားလို့ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားအယ်၊ အားပေမဲ့ ပညတ်တရား ပေါ်ပေါက်ပင်းလဲ့ နောက်ပိုင်း ထာဝရ ကာလပတ်လုံး စုံလင်သော သားတော်ဟို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုချက်ဖြင့် ခန့်ထားအယ်။
<- ဟေဗြဲ 6ဟေဗြဲ 8 ->
Languages