1 လူလို့အထဲမှ ရွေးကောက်ခြင်း ခံရသော ယဇ်ပုရောဟိတ်မင်းအားလုံးဟ အပစ်ဖြေရာယဇ်များနဲ့ ပူဇော်သကာများဟို လူလို့ရဲ့ ကိုယ်စား ဘုရားသခင်ဆေ ပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်း ခံရအယ်။ 2 သူတတ်တိုင်းနှိုက်ပင် အားနည်းချက် အမျိုးမျိုးဆိသဖြင့် အသိပညာ ကင်းမဲ့ယွေ့ မားယွင်းသူလို့အား ကိုယ်ချင်းစာတရား ထားနိန်အယ်။ 3 သူတတ်တိုင်း အားနည်းချက် ဆိသောကျောန့် အပစ်ဖြေရာယဇ်ဟို လူလို့အတွက် သာမက မိမိအတွက်လည်း ဆက်ကပ်ရအယ်။ 4 စသူမျှ မိမိတတ်တိုင်း ယဇ်ပုရောဟိတ်မင်းအဖြစ် မခန့်ထားနိန်။ ဘုရားသခင်ဟ အာရုန်အား ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်ထားသလို ကိုယ်တော်ရဲ့ ရွေးကောက်ခန့်ထားခြင်း ခံရမှသာ ယဇ်ပုရောဟိတ်မင်း ဖြစ်နိန်အယ်။
5 အဲတိုင်းတိုင်း ခရစ်တော်ဟလည်း ယဇ်ပုရောဟိတ်မင်းအရာနှိုက် မိမိတတ်တိုင်း ချီးမြှောက်တာ မဟုတ်။ ဘုရားသခင်ဟ ကိုယ်တော်အား
7 [b]ခရစ်တော်ဟ လူ့ဇာတိအဖြစ်နှိုက် ဆိစဉ်ဟ မိမိအား သေခြင်းမှ ကယ်တင်နိန်သော ဘုရားသခင် ဆေဟို ကြွေးကြော်ကာ မျက်ရည်ကျလျက် ဆုတောင်းခဲ့အယ်။ ဘုရားသခင်ဟလည်း ကိုယ်တော်ရဲ့ ဆုတောင်းသံဟို နားညောင်းအယ်။ ကိုယ်တော်ဟ နှိမ့်ချသောစိတ် ဆိသောကျောန့် ဘုရားသခင်ဟ နားထောင်အယ်။ 8 ကိုယ်တော်ဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများဟို ခံခြင်းအားဖြင့် နာခံတတ်ရန် သင်ယူအယ်။ 9 ကိုယ်တော်ဟ စုံလင်ခြင်းဟို ရောက်သောအခါ မိမိဟို နာခံသောသူအပေါင်းလို့အား ထာဝရ ကယ်တင်ခြင်းဟို ပေးသောသူ ဖြစ်လာယွေ့ 10 ကိုယ်တော်အား မေလခိဇေဒက်ရဲ့ အရိုက်အရာဟို ဆက်ခံသူ[c] ယဇ်ပုရောဟိတ်မင်းဟု ဘုရားသခင်ရဲ့ ခေါ်ခြင်းဟို ခံရအယ်။
Languages