1 အဲလိုလဲ အခုမှာ ဆက်လက်ယွေ့ သူ့အဖရဲ့ ပိုင်ဆိုင်မှုကို လက်ခံမဲ့ အောင်နီငယ်ဟ အရာအားလုံးကို အမန်တကယ် ပိုင်ဆိုင်သော်လည်း ငယ်စဉ်ကပင် ကျွန်လိုမျိုး ဆက်ဆံခံရအယ်။ 2 သူငယ်စဉ်အခါဟ သူ့အဖ သတ်မှတ်ထားတဲ့ အချိန်မတိုင်ခင်အထိ သူ့ကိစ္စတွေကို စီမံခန့်ခွဲတဲ့ သူရဲ့ လက်အောက်နှိုက် နေရအယ်။ 3 အေးနည်းတိုင်းတိုင်း၊ ငါလို့ဟလည်း ဝိညာဉ်ရေးရာ ရင့်ကျက်မှုမရောက်ခင် လောကဟို အုပ်ချုပ်သော ဝိညာဉ်များရဲ့ ကျွန်များ ဖြစ်ခဲ့ကြအယ်။ 4 အဲလိုလဲ နောက်ဆုံး မန်ကန်လဲ့အချိန် ရောက်လာသောအခါ၊ ဘုရားသခင်ဟ သူ့သားတော်ဟို စေလွှတ်ခဲ့အယ်။ သူဟ လူသားအမေ့တယောက်မှ မွေးဖွားလာပင်း ယုဒလူလို့ရဲ့ ပညတ်တရားအောက်နှိုက် နေထိန်ခဲ့ကာ 5 [a]ပညတ်တရားအောက်နှိုက် ဆိသောသူများဟို ရွေးနှုတ်ရန် ဖြစ်အယ်။ အေးလိုမို့ ငါလို့ဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်လာရအယ်။
6 နင်လို့ဟ သူရဲ့ လူပဲ့သူငယ်များ ဖြစ်ကျောန်း ပြသရန်[b] ဘုရားသခင်ဟ “အဗ္ဗ၊ ငါ့ အဖ” ဟု ကြွေးကြော်သော သားတော်ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နလုံးထဲဟို စေလွတ်ခဲ့အယ်။ 7 အေးလိုမို့ နင်ဟ ကျွန် မဟုတ်တော့ဘဲ လူပဲ့ ဖြစ်အယ်။ အားပင်း နင်လို့ဟ သူရဲ့လူပဲ့ဖြစ်ကတည်းဟ ဘုရားသခင်သည် နင့်အား သူရဲ့လူပဲ့သူငယ်အတွက် ဆိသမျှဟို ပေးမယ်။
12 ငါ့မိတ်ဆွေလို့၊ ငါလိုမျိုးဖြစ်ကြပါလို့ နင်ဟို ငါ တောင်းပန်ပါအယ်။ နောက်ဆုံးမှာတော့ ငါဟ နင့်လိုပဲ ဖြစ်အယ်။ နင် ငါ့ဟို ပစာအမားမှ လုပ်ခဲ့ဝူး။ 13 သတင်းကောင်းဟို ပထမဆုံးအကြိမ် နင့်ဟို ငါ ပစာကျောန့် ဟောခဲ့တာလဲ နင်မှတ်မိလော။ ငါကိုယ်ခန္ဓာ အားနည်းနေသောကျောန့် ဖြစ်အယ်။ 14 အဲလိုလဲ ငါ့ရဲ့ကျန်းမာရေး အခြေအနေကျောန့် နင့်လို့အတွက် အနှောင့်အယှက်ဖြစ်သော်လည်း နင်လို့ဟ ငါ့ဟို မထီမဲ့မြင်မပြု အဲဟာမဟုတ်ရင် မငြင်းပယ်။ အဲအစား ဘုရားသခင်ရဲ့ ခေါန်းခင်တမန်လိုမျိုး ခရစ်တော် ယေရှုလိုမျိုး ငါ့ဟို လက်ခံကြအယ်။ 15 နင်လို့ဟ ရမ်းဆာ့ ပျော်ရွှင်ကြအယ်။ ပစာဖြစ်သွားလုန်း။ နင်လို့ဖြစ်နိန်ရင် နင်လို့ရဲ့ ကိုယ့်မျက်စေ့ဟိုပင် ထုတ်ယွေ့ ပေးမယ်လို့ ငါတတ်တိုင်း ပြောနိန်အယ်။ 16 ငါဟ နင်လို့ဟို သမ္မာတရားဟို ပြောသောကျောန့် အခုနင်လို့ရဲ့ ရန်သူ ဖြစ်သွားပီလော။
17 တခြားလူတွေဟ နင်ဟို ရမ်းဆာ့စိတ်ဝင်စားတယ်ဆိုတာ ပြတာမဟုတ်ဘဲ သူလို့ရဲ့ ရည်ရွှယ်ချက်ဟ မကောင်းဘူး။ သူလို့ လိုချင်တာဟ နင့်ဟို ငါနဲ့ ခွဲထားချင်အယ်။ အေးလိုမို့ နင့်ဟ သူလို့နှိုက် ဆိသလိုမျိုး သူတို့ဟို နင်နှိုက် တူညီသော စိတ်ဝင်စားမှု ဆိလိမ့်မယ်။ 18 နင်နဲ့အတူ ငါဆိနေစဉ်တွင်မဟုတ်ဘဲ အမြဲတမ်း ကောင်းလဲ့ရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရတာဟ ကောင်းအယ်။ 19 ငါ့ချစ်လှစွာသော လူပဲ့သငယ်များ၊ နောက်တခါ အောင်ငဲမွေးသော အမေ့လိုမျိုးပင်၊ ခရစ်တော်ရဲ့ အသွင်သဏ္ဌာန်ဟ နင့်အထဲနှိုက် ဖြစ်ပေါ်လာလဲ့ တိုင်အောန် နင့်အတွက် အဲတိုင်းတိုင်း နာကျင်မှုမျိုးကို ခံစားလျက်နေရအယ်။ 20 ငါ နင်နဲ့ မတူတဲ့ သဘောထားကို ခံယူနိန်ဖို့ အခု ငါ နင်နဲ့ ဆိချင်မှ ဆိမယ်။ ငါဟ နင်လို့အတွက် ရမ်းဆာ့ စိုးရိမ်အယ်။
28 အခု၊ ငါ့ရဲ့မိတ်ဆွေလို့၊ နင်လို့ဟ ဣဇက်လိုမျိုး ကတိတော်ကျောန့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ 29 အေးအချိန်တွင် ဇာတိပကတိအတိုင်း မွေးဖွားသော သားဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကျောန့် မွေးဖွားလာသူအား ညှဉ်းဆဲခဲ့ပင်း အခုလည်း အေးနည်းတူ ဖြစ်အယ်။ 30 အဲလိုလဲ ကျမ်းစာဟ စလိုဟောထားလုန်း။ “ကျွန်မနဲ့ သူ့သားကို မောင်းထုတ်လော့။ အကျောန်းမှာ ကျွန်မရဲ့ သားဟ ကျွန် မဟုတ်သော မိန်းမရဲ့သားနဲ့အတူ အဖရဲ့ ဥစ္စာကို မပိုင်ရ” ဟု ဆိုထားအယ်။ 31 အေးနောက် ငါ့မိတ်ဆွေလို့၊ ငါလို့ဟ ကျွန်မရဲ့ လူပဲ့များ မဟုတ်ဘဲ ကျွန် မဟုတ်သော လူပဲ့များ ဖြစ်ကြအယ်။
<- ဂလာတိ 3ဂလာတိ 5 ->
Languages