6 [a]အာဗြဟံရဲ့ အတွေ့အကြုံဟို သုံးသပ်ကျေ့ပါ၊ ကျမ်းစာပြောထားတဲ့အတိုင်း “သူဟ ဘုရားသခင်ဟို ယုံကြည်ပင်း အဲယုံကြည်ခြင်းကျောန့် ဘုရားသခင်ဟ သူ့ဟို ဖြောင့်မတ်သူအဖြစ် လက်ခံခဲ့အယ်။” 7 [b]နင်လို့ သဘောပေါက်သင့်အယ်၊ အဲပင်းရင် အာဗြဟံရဲ့ အမျိုးအနွယ် အစစ်အမန်များဟ ယုံကြည်ခြင်းဆိသူများ ဖြစ်အယ်။ 8 ဘုရားသခင်ဟ လူမျိုးခြားများဟို ယုံကြည်ခြင်းအားဖြင့် မိမိကိုယ်ဟို မန်ကန်စေမယ်ဟု သမ္မာကျမ်းစာဟ ကြိုတင်သိမြင်ပင်း အာဗြဟံအား “နင်လို့အားဖြင့် ဘုရားသခင်ဟ လူအားလုံးလို့ဟို ကောင်းချီးပေးလိမ့်မယ်” ဟု သတင်းကောင်းဟို ကြေညာခဲ့အယ်။ 9 အာဗြဟံဟ ယုံကြည်ပင်း ကောင်းချီးခံစားရအယ်၊ အဲလိုမို့ ယုံကြည်သောသူအပေါင်းလို့ဟ သူလိုမျိုး ကောင်းချီးခံစားရကြအယ်။
10 ပညတ်တရားဟို နာခံခြင်းအပေါ် မှီခိုသောသူများဟ ကျိန်ခြင်းအောက်တွင် နေထိန်ကြအယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “ပညတ်တရားကျမ်းနှိုက် ရေးထားသမျှသောအရာလို့ဟို အမြဲမနာခံသောသူဟ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် ဆိအယ်။” 11 အခု ကျမ်းစာပြောတာဟ “ဖြောင့်မတ်သောသူဟ ယုံကြည်ခြင်းအားဖြင့် အသက်ဆှင်လိမ့်မယ်” ဖြစ်သောကျောန့် ပညတ်တရားအားဖြင့် စသူမှ ဘုရားသခင်ဆေ့နှိုက် ဖြောင့်မတ်တာဟု အသိမှတ်ပြုခြင်း ခံရမယ်မဟုတ်ကျောန်း သိသာ ထင်ဆှားအယ်။ 12 အဲလိုလဲ ပညတ်တရားဟ ယုံကြည်ခြင်းနဲ့ မသက်ဆိုင်ပါ။ အဲအစား ကျမ်းစာပြောတာအရ “ပညတ်တရားအတိုင်း ကျင့်သုံးသောသူဟ အသက်ဆှင်လိမ့်မယ်။”
13 အဲလိုလဲ ငါလို့အတွက် ကျိန်ခြင်းခံရခြင်းအားဖြင့် ခရစ်တော်ဟ ငါလို့ဟို ပညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်အယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “သစ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသူတိုင်း ဘုရားသခင်ရဲ့ ကျိန်ခြင်းဟို ခံရအယ်။” 14 အာဗြဟံအား ဘုရားသခင် ကတိထားသော ကောင်းချီးမင်္ဂလာဟို ခရစ်တော် ယေရှုအားဖြင့် လူမျိုးခြားလို့အား ပေးစေဖို့ ခရစ်တော်ဟ အေးလို့ပြုအယ်။ အေးလိုမို့ ဘုရားသခင် ကတိထားတဲ့ ဝိညာဉ်တော်ဟို ယုံကြည်ခြင်းအားဖြင့် ငါလို့ခံယူရဆိရန် ဖြစ်အယ်။
19 အေးလို့ဆိုရင် ပညတ်တရားရဲ့ ရည်ရွယ်ချက်ဟ စလိုလုန်း။ အမားအယွင်းများကျောန်း ပြသရန်အတွက် ထည့်သွင်းထားပင်း ကတိပေးခဲ့သော အာဗြံဟံရဲ့ အမျိုးအနွယ် ပေါ်ထွန်းလာချိန်အထိ တည်တံ့ရန် ရည်ရွှယ်ခဲ့အယ်။ ပညတ်တရားဟို ခေါန်းခင်တမန်များဟ ပေးအပ်ခဲ့ပင်း လူတဦးဟ အချင်းချင်း ကြားဝင်စေ့စပ် ပေးအယ်။ 20 အဲလိုလဲ ကြားဝင်စေ့စပ်သူဟ တဖက်နဲ့သာ ဆိုင်တာမဟုတ်။ ဘုရားသခင်ဟ တပါးတည်း ဖြစ်အယ်။[d]
23 အဲလိုလဲ ယုံကြည်ခြင်း အချိန် မရောက်ခင် ပညတ်တရားဟ ငါလို့အား ဟေလာလတ္တံ့သော ယုံကြည်ခြင်းဟို မပေါ်ထွန်းမချင်း အကျဉ်းသားအဖြစ် တုတ်ချေထားခဲ့အယ်။ 24 အေးလိုမို့ ယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ဘုရားသခင်ဆေ့နှိုက် ဖြောင့်မတ်အယ်လို့ ငါလို့အသိအမှတ်ပြု ခံရရန် ငါလို့ဟို ခရစ်တော် မကြွလာခင်အချိန်ထိ ပညတ်တရားဟ ငါလို့ရဲ့ အုပ်ထိန်းသူ ဖြစ်အယ်။ 25 အခုအချိန်ဟ ယုံကြည်ခြင်းအတွက် အချိန်ရောက်ပီ ဖြစ်ယွေ့ ပညတ်တရားဟ ငါလို့နှိုက် အုပ်စိုးခြင်း မဆိ။
26 နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ 27 နင်ဟ ခရစ်တော်နဲ့ တလုံးတဝတည်း နှစ်ခြင်းမင်္ဂလာဟို ခံခဲ့ပင်း အခုတွင် နင်ဟ ခရစ်တော်ဟို အဝတ်တန်ဆာလိုမျိုး ဝတ်ဆင်ကြအယ်။ 28 အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။ 29 [e]နင်လို့ဟ ခရစ်တော်နဲ့ စပ်ဆိုင်ရင် အေးနောက် နင်တို့ဟ အာဗြဟံရဲ့ အမျိုးအနွယ်များ ဖြစ်ယွေ့ ဘုရားသခင် ကတိထားသောအရာကို ရဆိကြလိမ့်မယ်။
<- ဂလာတိ 2ဂလာတိ 4 ->
Languages