1 ပေါလုဟ တရားလွှတ်တော်အဖွဲ့ဟို တန်းတန်းကျေ့ပင်း “ငါ့ညီအကိုလို့ ငါဟ ခုနေ့တိုင်အောန် တသက်လုံး ဘုရားသခင် ဆေ့တော်တွင် ဩတ္တပ္ပစိတ် ကြည်လင်ပင်း ကောင်းစွာ နေထိန်ခဲ့ပါအယ်” ဟု ပြောအယ်။ 2 ယဇ်ပုရောဟိတ်မင်း အာနနိဟလည်း သူ့အနီးတွင် ရပ်နေသူများအား ပေါလုရဲ့ စလောင်ဟို ရိုက်ရန် အမိန့်ပေးလေအယ်။ 3 [a]ပေါလုဟ သူ့အား “အဖြူရောင် သုတ်ထားသော နံရံ၊ နင်လို့ဟို ဘုရားသခင်ဟ အမန်ဒဏ်ခတ်မယ်။ နင်ဟ ငါအား တရားဥပဒေအရ စီရင်ရန် တရားရုံးတွင် ထိန်လျက် နေချိန်နှိုက် ငါ့ဟို ရိုက်ခိုင်းခြင်းဖြင့် ဥပဒေဟို ချိုးဖောက်အယ်” ဟု ဆိုအယ်။
4 ပေါလုရဲ့ အနီးတွင် ရပ်နေသော သူလို့ဟ “နင်ဟ ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်မင်းဟို ဆဲသလော” လို့ မေးရင်၊
5 ပေါလုဟ “ညီအကိုလို့၊ အေးသူဟ ယဇ်ပုရောဟိတ်မင်း ဖြစ်တာဟို ငါ မသိပါ။ ကျမ်းစာဟ ‘နင်ရဲ့လူများဟို အုပ်စိုးသောသူအား မကောင်းသော စကားဟို မပြောရ’ ဟု ပြောအယ်။”
6 [b]ပေါလုဟ တရားရုံးထဲတွင် တဖွဲ့ဟ ဖာရိရှဲများ ဖြစ်ယွေ့ တခြားတဖွဲ့ဟ ဇဒ္ဒုကဲများ ဖြစ်ကျောန်းဟို သိမျော်သောအခါ “ငါ့ ညီအကိုလို့၊ ငါဟ ဖာရိရှဲ ဖြစ်ပင်း ဖာရိရှဲရဲ့ သားလည်း ဖြစ်အယ်။ သေသူလို့ဟ ဆှင်ပြန်ထမြောက်မယ်ဟို မျော်လင့်သူဖြစ်သဖြင့် အခု ငါဟလည်း စစ်ဆေးခံနေရခြင်း ဖြစ်အယ်” ဟု တရားရုံးဆေ့တွင် အော်ပင်းပြောဆိုအယ်။
7 အေးလို့ ပေါလု ပြောလိုက်သောအခါ ဖာရိရှဲများနဲ့ ဇဒ္ဒုကဲလို့ကြားတွင် သဘောထားကွဲလွဲမှု ဖြစ်ပေါ်ယွေ့ အစုအဝေးဟ အုပ်စုကွဲသွားလေအယ်။ 8 [c]အကျောန်းမှာ ဇဒ္ဒုကဲလို့ဟ သေခြင်းမှ ထမြောက်ခြင်း မဆိ၊ ခေါန်းခင်တမန် မဆိ၊ ဝိညာဉ် မဆိဟု ဆိုကြအယ်။ အဲလိုလဲ ဖာရိရှဲလို့ဟ အေးအရာသုံးခုလုံးဟို ဆိအယ်လို့ ယုံကြည်ကြအယ်။ 9 အော်ပြောဆိုမှုဟ ပိုယွေ့ ကျယ်လာပင်း၊ ဖာရိရှဲဂိုဏ်းဝင် ကျမ်းတတ်ဆရာ တချို့လို့ဟ ထယွေ့ “ဟေသူနှိုက် ပစာအပစ်ဟိုမျှ ငါလို့ မတွေ့၊ ဝိညာဉ်တပါး အဲဟာမဟုတ်ရင် ခေါန်းခင်တမန် တပါးပါးဟ သူ့အား မြွက်ဆိုကောင်း မြွက်ဆိုခဲ့လိမ့်မယ်” လို့ ပြင်းထန်စွာ ငြင်းခုန် ပြောဆိုကြအယ်။
10 ငြင်းခုန်မှုဟ ရမ်းဆာ့ ပြင်းထန်လာသဖြင့် ပေါလုဟို အပိုင်းပိုင်းဆုတ်ဖြတ်မယ်ဟို တပ်မှူးကြီးဟ စိုးရိမ်အယ်။ အဲလိုမို့ သူဟ စစ်သားများအား ဆင်းသွားယွေ့ ပေါလုအား အေးသူလို့ဆေမှ အတင်းခေါ်လာပင်း၊ ရဲတိုက်ထဲဟို ခေါ်သွားရန် အမိန့်ပေးအယ်။
11 အေးညနှိုက် ဘုရားသခင်ဟ ပေါလုရဲ့ အနီးတွင် ရပ်လျက် “မကြောက်နဲ့၊ နင်ဟ ယေရုရှလင်မြို့တွင် ငါ့ရဲ့အကျောန်းဟို သက်သေခံခဲ့သလိုမျိုး ရောမမြို့တွင်လည်း သက်သေခံရ အုံးမယ်” ဟု မိန့်အယ်။
16 အဲလိုလဲ အေးလို့ ချောင်းမြောင်းသတ်မယ့် အစီအစဉ်ဟို ပေါလု ညီမရဲ့ သားဟ ကြားသိသွားသဖြင့် ရဲတိုက်ထဲဟို ဝင်ပင်းရင် ပေါလုအား ပြောကြားအယ်။ 17 အေးနောက် ပေါလုဟ အရာဆိတယောက်ဟို ခေါ်ပင်း “တပ်မှူးကြီးအား ပြောရန် ကိစ္စတခု ဆိယွေ့ အေးလူငယ်ဟို သူ့ဆေဟို ခေါ်သွားပေးပါ” ဟု ပြောအယ်။ 18 အရာဆိဟ အေးသူဟို တပ်မှူးကြီးဆေဟို ခေါ်သွားပင်း “ထောင်သား ပေါလုဟ ငါ့ဟို ခေါ်ယွေ့ အေးလူငယ်ဟို အဆှင့်ဆေဟို ပို့ခိုင်းပါအယ်။ ပစာကို့ သူ့မှာ အဆှင့်အား ပြောရန် ကိစ္စတခု ဆိပါအယ်” ဟု ပြောအယ်။
19 တပ်မှူးဟ သူရဲ့ လက်ဟို ဆွဲယွေ့ တိတ်ဆိတ်ရာ နေရာဟို သွားပင်း “နင်ဟ ငါ့ဟို ပြောစရာဆိတာဟ ပစာလုန်း” ဟု မေးအယ်။
20 သူဟ “ယုဒအာဏာပိုင်လို့ဟ ပေါလုရဲ့ အချက်အလက်ဟို ပိုမိုသေချာစွာ စုံစမ်းစစ်ဆေး လိုဟန်ပြုလျက် မနက်ဖြန်နေ့နှိုက် သူ့ဟို တရားရုံးဟို ခေါ်သွားရန် အဆှင့်အား တောင်းဆိုမယ်လို့ သဘောတူဆုံးဖြတ်ထားကြအယ်။ 21 အဲလိုလဲ အေးမှာ လူလေးဆယ်ကျော် ပုန်းနေကြပင်း သူ့ဟို စောင့်လျက်ဆိနေသောကျောန့် သူလို့ပြောတာဟို နားမထောင်ကြပါနဲ့။ သူလို့ဟ သူ့ဟို မသတ်ရမချင်း မစားမသောက်ဘဲနေမယ်လို့ သစ္စာကတိပြုထားကြအယ်။ အခု သူလို့ဟ အသင့်ပြင်ဆင်ပင်း အဆှင့်ရဲ့ ဆုံးဖြတ်ချက်ဟို စောင့်နေကြအယ်” ဟု ပြောအယ်။
22 တပ်မှူးကြီးဟ “ဟေအရာများဟို ငါ့အား နင်ပြောပြကျောန်း စသူဟိုမှ မပြောနဲ့” ဟု ဆိုပင်း အေးလူငယ်ဟို ပြန်လွှတ်လိုက်အယ်။
31 တပ်သားဟလည်း တပ်မှူးရဲ့ အမိန့်ပေးလဲ့အတိုင်း သယ်ဆောင်လာကြအယ်။ သူလို့ဟ ပေါလုဟို ခေါ်ယွေ့ အန္တိပတရိမြို့အထိ ညတွင်းချင်း ပို့ဆောင်ကြအယ်။ 32 နောက်တနေ့နှိုက် ခြေလျင်တပ်သားများဟ ရဲတိုက်ဟို ပြန်လာခဲ့ကြပင်း မြင်းတပ်သားများဟ ပေါလုနဲ့အတူ ဆက်လက်ပင်း ခရီးသွားကြအယ်။ 33 သူလို့ဟ ပေါလုအား ကဲသရိမြို့ဟို ခေါ်သွားပင်း စာဟို ဘုရင်ခံမင်းအား ပေးယွေ့ ပေါလုဟို သူ့ဆေမှာ အပ်နှံကြအယ်။ 34 ဘုရင်ခံမင်းဟ အေးစာဟို ဖတ်ပင်းနောက် ပေါလုအား ပစာပြေသား ဖြစ်သလောလို့ မေးအယ်။ သူဟ ကိလိကိပြေသားဖြစ်ကျောန်းဟို သိသောအခါ၊ 35 သူဟ “ဟေအရပ်ဟို နင်ရဲ့ တရားလိုများ ရောက်လာသောအခါ နင့်ရဲ့အမှုဟို ငါ ကြားနာမယ်” ဟု ဆိုအယ်။ အေးနောက် ပေါလုဟို ဟေရုဒ်မင်းကြီး ဆောက်လုပ်ခဲ့သော နန်းတော်တွင် အစောင့်အကြပ်နဲ့ထားရန် အမိန့်ပေးလေအယ်။
<- တမန်တော် 22တမန်တော် 24 ->
Languages