2 သူလို့ဟ မိမိလို့အား ဟေဗြဲစကားဖြင့် ပြောဆိုတာဟို ကြားသောအခါ ပိုယွေ့ တိတ်ဆိတ်နေကြအယ်။
6 “ငါဟ ခရီးသွားယွေ့ ဒမာသက်မြို့အနီးဟို ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ခေါန်းခင်မှ တောက်ပလဲ့ အလင်းရောင်ကြီး တခုဟ ခုတုံး ငါ့ပတ်လည်တွင် ထွန်းလင်းတောက်ပအယ်။ 7 ငါဟ မြေကြီးပေါ် လဲကျသွားရာ ‘ရှောလု၊ ရှောလု၊ နင်ဟ ပစာကျောန့် ငါ့ဟို ငြင်းဆဲလုန်း’ ဟု ပြောသောအသံဟို ကြားရအယ်။ 8 ‘အဆှင်၊ ကိုယ်တော်ဟ စသူလုန်း’ လို့ မေးသော် ကိုယ်တော်ဟ ‘ငါဟ နင်ငြင်းဆဲသော နာဇရက်မြို့သား ယေရှုပင် ဖြစ်အယ်’ ဟု ငါ့ဟို ပြန်ပြောလေအယ်။ 9 ငါနဲ့အတူ ပါလာသောသူလို့ဟ အလင်းဟို မျော်ရပေမဲ့လည်း ငါ့အား ပြောသောသူရဲ့ အသံဟို မကြားရကြ။ 10 ငါဟ ‘အဆှင်၊ ငါဟ ပစာ လုပ်ရမလုန်း’ ဟု မေးပင်း အဆှင်ဟ ‘ထပင်း ဒမာသက်မြို့ဟို သွားလော့။ နင်ဆောင်ရွက်ရန် ခွဲခန့်စီမံထားလဲ့ အမှုအရာအားလုံးဟို အေးမြို့တွင် နင့်အား ပြောမယ်’ ဟု ပြန်ပြောအယ်။ 11 တောက်ပလဲ့ အလင်းရောင်ကျောန့် ငါ မျက်စေ့ ကွယ်သွားသဖြင့် ငါနဲ့အတူ ပါလာကြသော သူလို့ဟ ငါ့ဟို လက်ဆွဲပင်း ဒမာသက်မြို့ဟို ပို့ဆောင်ပေးရကြပါအယ်။
12 “အေးမြို့မှာ အာနနိလို့ နာမယ်ဆိလဲ့ လူတယောက် ဆိအယ်။ သူဟ ပညတ်တရားဟို နာခံယွေ့ ဘုရားဝတ်နှိုက် မွေ့လျော်တဲ့သူ ဖြစ်ပင်း ဒမာသက်မြို့ဆိ ယုဒအမျိုးသား အပေါင်းလို့ရဲ့ ရိုသေလေးစားခြင်းဟိုလည်း ခံရအယ်။ 13 သူဟ ငါဆေ လာယွေ့ အနားမှာ ရပ်ပင်း ‘ညီရှောလု၊ မျက်စေ့ ပြန်မျော်လော့’ ဟု ငါ့အား ပြောဆိုရင်၊ အေးခဏချင်းတွင် ငါဟ သူ့ဟို မျော်ရအယ်။ 14 သူဟ ‘နင်သည် ငါလို့ဖိုးဖေးများ ဘုရားသခင်ဟ မိမိအလိုတော်ဟို သိစေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်သော အစေခံအား မျော်စေရန် လည်းကောင်း၊ အေးအဆှင်ရဲ့ စလောင်မှ အသံဟို ကြားစေရန် လည်းကောင်း ကိုယ်တော်ဟ နင့်အား ရွေးချယ်လေပီ။ 15 နင်ဟ မျော်ရကြားရလဲ့အရာများဟို လူအားလုံးဟ ပြောကြားရန် အေးသူရဲ့ သက်သေဟို ခံရလိမ့်မယ်။ 16 အခု ပစာကျောန့် အချိန်အကြာရီး စောင့်နေလုန်း။ ထပင်း နှစ်ခြင်းဟို ခံလော့။ နင့်ရဲ့ အပစ်များဟို လွှတ်ဖို့ ကိုယ်တော်ရဲ့ နာမဟို ခေါ်ပင်း ဆုတောင်းလော့’ ဟု ဆိုလေအယ်။
22 လူလို့ဟ ပေါလုရဲ့ စကားဟို ဟေမျှအထိ နားထောင်ကြအယ်။ အဲပင်းရင် သူလို့ဟ အသံဟို ထိပ်ဆုံးထိရောက်အောန် အော်ဟစ်ကြတာဟ “သူ့ဟို မြေကြီးပြင်မှ သုတ်သင် ပယ်ဆှင်းပါ။ သူဟ အသက်ဆှင်ရင် မသင့်” ဟု ဆိုကြအယ်။ 23 သူလို့ဟ ဝတ်လုံများဟို ဝှေ့ရမ်းကာ မြေမှုန့်ဟို မိုးခေါန်းခင်ဟို ပစ်လောလျက် အော်ဟစ်ကြအယ်။ 24 ရောမတပ်မှူးကြီးဟ ပေါလုဟို ရဲတိုက်ထဲဟို ခေါ်သွားရန်နဲ့ ပစာကျောန့် ယုဒလူလို့ သူ့ဟို ဆန့်ကျင်လျက် အေးလို့ အော်ဟစ်ရကျောန်းဟို သိဆိရန်အတွက် ပေါလုအား ရိုက်ယွေ့ စစ်ဆေးရန် အမိန့်ပေးအယ်။ 25 အဲလိုလဲ သူ့ဟို ကြာပွတ်နဲ့ ကြိမ်ဒဏ်ခတ်ရန် တုတ်ချေကြသောအခါ ပေါလုဟ အေးမှာရပ်နေလဲ့ တပ်မှူးအား “ရောမနိုင်ငံသား တယောက်ဟို စစ်ဆေးစီရင်ခြင်း မပြုဘဲ ကြိမ်ဒဏ်ခတ်ခြင်းမှာ တရားဥပဒေနဲ့ ကိုက်ညီပါသလော” ဟု ပြောအယ်။
26 တပ်မှူးဟ အေးစကားဟို ကြားသောအခါ သူဟ တပ်မှူးကြီးဆေဟို သွားပင်း “စလို လုပ်မလုန်း၊ အေးလူဟ ရောမနိုင်ငံသား ဖြစ်အယ်” ဟု ဆှောက်အယ်။
27 အေးကျောန့် တပ်မှူးကြီးဟ ပေါလုဆေဟို သွားပင်း “နင်ဟ ရောမနိုင်ငံသားလော၊ ငါ့ဟို ပြောပါ” ဟု သူ့ဟို မေးလေအယ်။
28 တပ်မှူးကြီးဟ “ငါဟ ပိတ်ဆန် အများရီး ပေးခြင်းအားဖြင့် နိုင်ငံသား ဖြစ်လာအယ်” ဟု ဆိုရင်
29 သူ့ဟို စစ်မေးမဲ့ သူလို့ဟလည်း ခုတင်ချင်း နောက်ဟို ဆုတ်ခွာ သွားကြလေအယ်။ ပေါလုဟ ရောမနိုင်ငံသား ဖြစ်တာဟို လည်းကောင်း၊ သူ့အား သံကြိုးဖြင့် တုတ်ချေမိတာဟို လည်းကောင်း သိမျော်ကြသောအခါ တပ်မှူးကြီးဟ ကြောက်လန့်လေအယ်။
Languages