6 ဟေသို့ဆိုရာ ငါဟ နင်လို့အား အမိန့်ပေးခြင်း မဟုတ်၊ ခွင့်ပြုခြင်းသာ ဖြစ်အယ်။ 7 အမန်စင်စစ် ငါဟ လူတိုင်းဟို ငါ့လိုပင် ဖြစ်စေလိုအယ်။ အားပေမဲ့ ဘုရားသခင်ဟ လူတဦးစီအား ထူးခြားလဲ့ ဆုကျေးဇူး အသီးသီးဟို ပေးအယ်။
8 အဲလိုမို့ အိုင်ထောင်မဆိသူများနဲ့ မုဆိုးမများအား ငါတိုင်းတိုင်း တကိုယ်တည်း ဆက်လက် နေထိန်နိန်ရင် ပိုပင်း ကောင်းလိမ့်မယ်။ 9 အားပေမဲ့ နင်လို့ရဲ့ စိတ်ဟို မချုပ်တည်းနိန်ရင် အိုင်ထောင်ပြုသင့်အယ်။ ကိလေသာစိတ် ပူလောင်ခြင်း ဆိတာထက် အိုင်ထောင်ပြုခြင်းဟ ပိုပင်း ကောင်းအယ်။
10 [b]အိုင်ထောင်သည်များအား ငါပညတ် လိုအယ်။ ဟေပညတ်မှာ ငါရဲ့ ပညတ် မဟုတ်ဘဲ သခင်ဘုရားရဲ့ ပညတ်ဖြစ်အယ်။ ပေါင်အိုမဟ မိမိဖိုးအိုနဲ့ ခွဲခွာယွေ့ မနေရ။ 11 ခွဲခွာယွေ့ နေလျှင်လည်း နောက်ထပ် အိုင်ထောင်မပြုဘဲ နေရမယ်၊ အဲဟာမဟုတ်ရင် မိမိဖိုးအိုနဲ့ ပြန်လည်ယွေ့ ပေါင်းသင်းရမယ်။ ဖိုးအိုဟလည်း မိမိပေါင်အိုမဟို မကွာဆှင်းရ။
12 သခင်ဘုရားရဲ့ ပညတ်ချက် မဟုတ်သော်လည်း အခြားသူလို့အား ငါပညတ်လိုတာဟ ယုံကြည်သူ အမျိုးသားတယောက်ဟ မယုံကြည်သူ ပေါင်အိုမ ဆိပင်း အဲပေါင်အိုမဟ သဘောတူပေါင်းသင်း နေထိန်လိုရင် သူ့အား မကွာစေနဲ့။ 13 အဲတိုင်းတိုင်း ယုံကြည်သူအမျိုးသမီးဟ မယုံကြည်သူ ဖိုးအို ဆိယွေ့ အဲဖိုးအိုဟ ဆက်လက် ပေါင်းသင်းနေထိန်လိုရင် သူ့အား မကွာစေနဲ့။ 14 အကျောန်းမှာ ယုံကြည်သူ မဟုတ်သော ယောက်ျားဟ မိမိပေါင်အိုမအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ ယုံကြည်သူ မဟုတ်သော မိန်းမဟလည်း မိမိဖိုးအိုအားဖြင့် သန့်ဆှင်းစေခြင်းဟို ခံရအယ်။ အားမဟုတ်ရင် သူလို့ရဲ့ လူပဲ့သငယ်လို့ဟ ညစ်ညူးကြလိမ့်မယ်။ အားပေမဲ့ သူလို့ဟ သန့်ဆှင်းကြအယ်။ 15 အားပေမဲ့ မယုံကြည်သူဖက်မှ ကွဲကွာလိုရင် ကွဲကွာစေ။ အဲသို့သော အခြေနေမျိုးတွင် ယုံကြည်သူယောက်ျား ဖြစ်စေ၊ မိန်းမ ဖြစ်စေ အနှောင်အဖွဲ့ ကင်းအယ်။ ဘုရားသခင်ဟ နင်လို့အား ငြိမ်းချမ်းမှု ရဆိစေရန် ခေါ်ယူထားအယ်။ 16 အချင်းမိန်းမ၊ နင်ဟ မိမိဖိုးအိုဖြစ်သူဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း[c]။ အချင်းယောက်ျား၊ နင်ဟ ကိုယ့်ပေါင်အိုမဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း။[d]
26 အခု ကြုံတွေ့နေရလဲ့ စိတ်ပင်ပန်းခြင်းကျောန့် လူတယောက်ဟ ဆိမြဲ အခြေနေအတိုင်း ဆက်လက် နေထိန်ရင် ကောင်းအယ်။ 27 နင်ဟ ပေါင်အိုမဆိရင် လွတ်စေခြင်းဖို့ မကြံစည်နဲ့။ ပေါင်အိုမ မဆိရင် ပေါင်အိုမဟို မဆှာနဲ့။ 28 အားပေမဲ့ အိုင်ထောင်ပြုရင် အပစ်တစုံတရာ ကျူးလွန်ခြင်း မဟုတ်၊ အိုင်ထောင်မဆိလဲ့ မိန်းမဟ အိုင်ထောင်ပြုခဲ့သော် စလို အပစ်ဟိုမျှ မကျူးလွန်။ အားပေမဲ့ အိုင်ထောင်သည်လို့ နေ့စဉ် တွေ့ကြုံရမဲ့ ဆင်းရဲဒုက္ခများနဲ့ နင်လို့အား ကင်းစေလိုယွေ့ ဟေသို့ ငါပြောရခြင်း ဖြစ်အယ်။
29 ညီအကို မောင်နှမလို့၊ ငါဆိုလိုတာဟ ဟေသို့တည်း အချိန်ကာလ ကုန်ဆုံးတော့မယ်။ အခုမှစယွေ့ အိုင်ထောင်သည်ယောက်ျားများဟ အိုင်ထောင်မဆိသလို နေရမယ်။ 30 ငိုကြွေးသူများဟ မငိုကြွေးသလို၊ ရယ်မောသူများဟ မရယ်မောသလို လည်းကောင်း ဖြစ်ရမယ်။ ဥစ္စာပစ္စည်း ဝယ်ယူသူများဟ အဲဥစ္စာပစ္စည်းဟို မပိုင်သလို ဖြစ်ရမယ်။ 31 ဟေလောကအရာဟို သုံးသောသူဟ မသုံးသလို ဖြစ်ရမယ်။ ပစာကို့ ဟေလောကရဲ့ အဆင်းသဏ္ဌာန်ဟ ရွေ့သွားကွယ်ပျောက် တတ်အယ်။
32 နင်လို့ဟ စိုးရိမ်ခြင်းနဲ့ ကင်းလွတ်စေဖို့ ငါ အလိုဆိအယ်။ ဖိုးအို မဆိသောသူဟ သခင်ဘုရားရဲ့ စိတ်တော်နဲ့ တွေ့စေခြင်းငှာ သခင်ဘုရားရဲ့ အမှုတော်ဟို အလေးနက် ထားတတ်အယ်။ 33 အားပေမဲ့ အိုင်ထောင်သည်ယောက်ျားဟတော့ မိမိရဲ့ ပေါင်အိုမ နှစ်သက်စေရန် စိတ်ဆန္ဒ ဆိသဖြင့် လောကီအမှုဟို အလေးအနက် ထားတတ်အယ်။ 34 အဲကျောန့် သူဟ စိတ်နေခွ ဖြစ်ယွေ့ နေအယ်။ အိုင်ထောင်မဆိလဲ့ မိန်းမ အဲဟာမဟုတ်ရင် အပျိုဖြစ်သူဟ သခင်ဘုရားအား မိမိရဲ့ ခန္ဓာနဲ့ စိတ်ဝိညာဉ်ဟိုပါ ဆက်ကပ်လိုသဖြင့် သခင်ဘုရားရဲ့ အမှုတော်ဟို အလေးနက် ထားတတ်အယ်။ အားပေမဲ့ အိုင်ထောင်သည်မိန်းမဟတော့ မိမိဖိုးအို နှစ်သက်စေရန် စိတ်ဆန္ဒ ဆိသဖြင့် လောကီအမှုဟို အလေးနက် ထားတတ်အယ်။
35 ဟေသို့ပြောရခြင်းမှာ နင်လို့ရဲ့ အကျိုးဟို လိုလားသောကျောန့် ပြောခြင်းဖြစ်အယ်။ နင်လို့အား ချုပ်ချယ်သောစိတ်နဲ့ ပြောတာ မဟုတ်။ နင်လို့ဟ သခင်ဘုရားအား အကြွင်းမဲ့ ဆက်ကပ်ဝတ်ပြုခြင်းအားဖြင့် မန်ကန်သော နည်းလမ်းဖြင့် အသက်ဆှင်နိန်ဖို့ ပြောခြင်း ဖြစ်အယ်။
36 စေ့စပ်ပင်းနောက် ထိမ်းမြားခြင်း မပြုရန် သဘောတူ စိတ်ပိုင်းဖြတ်ထားသူနေဦးနဲ့[f] ပတ်သက်ယွေ့ ပြောရလျှင် ယောက်ျားဟ မိန်းမအပေါ်တွင် မိမိပြုမူပုံ မသင့်တာဟို သိသောအခါနှိုက် လည်းကောင်း၊ မိမိစိတ်ဟို မထိန်းချုပ်နိန်သောအခါနှိုက် လည်းကောင်း ထိမ်းမြားခြင်းဟို ပြုသင့်အယ်။ ဟေသို့ပြုခြင်းနှိုက် အပစ်မဆိ။ 37 အားပေမဲ့ ယောက်ျားဟ မိမိတတ်တိုင်း အိုင်ထောင်မပြုဘဲနေရန်[g] စိတ်ပိုင်းဖြတ်ပင်း မိမိရဲ့ စိတ်ဟိုလည်း လုံးဝချုပ်ထိန်းနိန်သဖြင့် မိမိနဲ့ဆိုင်သော ငယ်ရွယ်သော မိန်းမနဲ့ အိုင်ထောင်ပြုခြင်း[h]ဟို ထိန်းသိမ်းထားရန် မိမိစိတ်ထဲနှိုက် ဆုံးဖြတ်ထားပါဟ သူဟ ပိုယွေ့ ကောင်းအယ်။ 38 အဲလိုမို့ မိမိနဲ့ စေ့စပ်ထားသူ မိန်းမပျိုနဲ့ လက်ထပ်ခြင်း[i]အမှုဟ ကောင်းအယ်၊ အားပေမဲ့ ထိမ်းမြားခြင်းမပြုသူ[j]ဟလည်း သာယွေ့ ကောင်းအယ်။
39 မိန်းမဖြစ်သူဟ မိမိရဲ့ ဖိုးအို အသက်ဆှင်စဉ် ကာလပတ်လုံး ချည်နှောင်မှု ဆိအယ်။ အားပေမဲ့ ဖိုးအိုဆုံးသွားသောအခါနှိုက် မိမိနှစ်သက်သောသူ စသူနဲ့မဆို ထိမ်းမြားလက်ထပ်နိန်အယ်။ အားပေမဲ့ လက်ထပ်မှုဟ ယုံကြည်သူအချင်းချင်း လက်ထပ်မှုသာ ဖြစ်ရမယ်။ 40 အဲမိန်းမဟ အိုင်ထောင်မပြုဘဲနေရင် သာယွေ့ မင်္ဂလာဆိအယ်။ ဟေဟ ငါရဲ့ ထင်မြင်ယူဆချက် ဖြစ်အယ်။ ငါဟလည်း ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူဖြစ်အယ်ဟု ငါ ထင်မှတ်အယ်။
<- ၁ ကောရိန္သု 6၁ ကောရိန္သု 8 ->- a ယောက်ျားဟ အိုင်ထောင်မပြုဘဲနေရင် ကောင်းအယ်၊ အဲဟာမဟုတ်ရင် နင်လို့ပြောတာဟ ယောက်ျားဟ အိုင်ထောင်မပြုဘဲ နေနိန်ရင် ကောင်းအယ်။
- b မ ၅.၃၂; ၁၉.၉; မာ ၁၀.၁၁,၁၂; လု ၁၆.၁၈
- c အချင်းမိန်းမ၊ နင်ဟ မိမိဖိုးအိုဖြစ်သူဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း၊ အဲဟာမဟုတ်ရင် အချင်းမိန်းမ နင်ဟ မိမိခင်ပွန်းဖြစ်သူဟို ကယ်တင်နိန်မယ် မဟုတ်ဟု မသိနိန်။
- d အချင်းယောက်ျား၊ နင်ဟ ကိုယ့်ပေါင်အိုမဟို ကယ်တင်မယ် မကယ်တင်မယ်ဟို စလို သိနိန်မလုန်း၊ အဲဟာမဟုတ်ရင် အချင်းယောက်ျား၊ နင်ဟ ကိုယ့်ပေါင်အိုမဟို ကယ်တင်နိန်မယ် မဟုတ်ဟု မသိနိန်။
- e အားပေမဲ့ လွတ်ခြင်းသို့ ရောက်နိန်ရင် လွတ်ရသောအခွင့်ဟို ယူလော့၊ အဲဟာမဟုတ်ရင် အစေခံအခြေနေထက် သာသောအရာဟို ရွေးချယ်လော့။
- f စေ့စပ်ပင်းနောက် ထိမ်းမြားခြင်း မပြုရန် သဘောတူ စိတ်ပိုင်းဖြတ်ထားသူနေဦးနဲ့၊ အဲဟာမဟုတ်ရင် ယောက်ျားနဲ့ သူရဲ့ လက်မထပ်ရသေးသော သမီး၊ အကယ်ယွေ့ သူဟ သူမအား ပစ္စည်းဥစ္စာပိုင်ဆိုင်မှု မဆိဟု ခံစားရပင်း သူမလက်ထပ်ရန် အသက်အရွယ်ရောက်နေလျှင် သူ့ဆန္ဒဆိလဲ့အတိုင်း လုပ်ဆောင်ပင်း သူမဟို လက်ထပ်ခွင့် ပြုသင့်အယ်။
- g အိုင်ထောင်မပြုဘဲနေရန်၊ အဲဟာမဟုတ်ရင် သူရဲ့ သမီးဟို လက်မထပ်စေဝူး။
- h ငယ်ရွယ်သော မိန်းမနဲ့ အိုင်ထောင်ပြုခြင်း၊ အဲဟာမဟုတ်ရင် သူမဟို အိုင်ထောင်ပြုစေအယ်။
- i လက်ထပ်ခြင်း၊ အဲဟာမဟုတ်ရင် သူရဲ့ သမီးဟို လက်ထပ်စေလော့။
- j ထိမ်းမြားခြင်းမပြုသူ၊ အဲဟာမဟုတ်ရင် သူမဟို လက်ထပ်ခြင်း မပြုနိန်ဝူး။
Languages