7 ဟေသို့ အချင်းချင်း တရားစွဲဆိုခြင်းဟ နင်လို့အတွက် ဆုံးရှုံးမှု ဖြစ်စေအယ်။ တရားစွဲဆိုမဲ့အစား မတရားပြုခြင်းဟို ခံရတာဟ ပိုပင်း မကောင်းသလော။ လုယက်ခြင်းခံရတာဟ ပိုပင်း မကောင်းသလော။ 8 နင်လို့ဟ ဟေသို့ ခံမဲ့အစား ညီအကို အချင်းချင်းဟိုပင် မတော်မတရား ပြုကြအယ်၊ လုယက်ကြအယ်။ 9 ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊ 10 ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေယေသေရက်နဲ့ ယဇ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိန်အထက် လုယူသောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေ မခံရကြ။ 11 နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။
15 နင်လို့ ကိုယ်ခန္ဓာများဟ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါများဖြစ်တာဟို မသိကြသလော။ ငါဟ ခရစ်တော်ရဲ့ ကိုယ်အင်္ဂါဟို ယူယွေ့ ပြေ့တန်ဆာမရဲ့ ကိုယ်အင်္ဂါဖြစ်စေမယ်လော။ မဖြစ်စေနိန်။ 16 ပြေ့တန်ဆာမနဲ့ ဆက်ဆံသောသူဟ ပြေ့တန်ဆာမနဲ့ တသားတကိုယ်တည်း ဖြစ်တာဟို နင်လို့ မသိကြသလော။ အကျောန်းမှာ “အဲသူနေယောက်လို့ဟ တသားတကိုယ်တည်း ဖြစ်ကြလိမ့်မယ်” ဟု ဆိုအယ်။ 17 အားပေမဲ့ သခင်ဘုရားနဲ့ ဆက်ဆံသူဟ ဝိညာဉ်တော်အားဖြင့် ကိုယ်တော်နဲ့ တစိတ်တဝိညာဉ်တည်း ဖြစ်အယ်။
18 မတရားသောမေထုန်ဟို ဆှောင်ကြလော့။ လူပြုတတ်သော အခြား ဒုစရိုက်ဆိသမျှလို့ဟ ကိုယ်ခန္ဓာ ပြင်ပနှိုက် ဆိအယ်။ မတရားသော မေထုန်ဟို ပြုသောသူဟတော့ မိမိကိုယ်ခန္ဓာဟိုပင် ပစ်မားခြင်း ဖြစ်အယ်။ 19 [b]နင်လို့ ကိုယ်ခန္ဓာဟ ဘုရားသခင် ပေးသနားသော ဝိညာဉ်တော် တည်းဟူသော၊ နင်လို့အထဲနှိုက် ကျိန်းဝပ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ ဗိမာန်တော် ဖြစ်ကျောန်းဟို နင်လို့ မသိကြသလော။ နင်လို့တတ်တိုင်းဟို နင်လို့ မပိုင်၊ အားပေမဲ့ ဘုရားသခင်ဟ ပိုင်အယ်။ 20 ကိုယ်တော်ဟ နင်လို့ဟို အဖိုးအခ ပေးယွေ့ ဝယ်ယူထားအယ်။ အဲကျောန့် နင်လို့ရဲ့ ကိုယ်ခန္ဓာဟို ဘုရားသခင်ရဲ့ ဘုန်းတော်အတွက် အသုံးပြုကြလော့။
<- ၁ ကောရိန္သု 5၁ ကောရိန္သု 7 ->
Languages