တိတု တိတုဟှို ပေါလုရဲ့ ပေးစာ နိဒါန်း တိတုဟှို ပေါလုရဲ့ ပေးစာ ဟှာ သင်းတော်ဟှို လိစာတပ်ဘဲန လူပေါက်ကိုဟှို လိစာတပ်ဟှားဘီး ပေါလုဟှနေ ပေးဟှားဟှူ ပေးစာလေးစောန်ထဲဟှ တစောန်ဖြစ်ဟှယ်။ တခြားပေးစာ သောင်းစောန်ဟှ ၁ တိမောသေ၊ ၂ တိမောသေ၊ တိတုန ဖိလေမုန်ဖြစ်ဟှယ်။ ပေါလုဟှာ တိတုနားဟှို ရေးနေဘေမဲ့လည်း လူလေဘောင်ဂီးဟှို သံက္လယ်ဂီးန စာဖတ်ပြနေမျိုး ရေးဟှားလေဟှယ်။ သူဟှ တမန်တော် တယော့‑က်ရဲ့ ရည်ချင်းလေဟှို ရှင်းပြဟှားဟှူကြောန့် အယ်မူဇာဟှို ကျွန်တော့်ဟှားလေ သိရဘီး တချို့ဇာလေဟှို တိတုဟှ သိဟှားဘီးဇာလေ ဖြစ်ဟှယ်။ ပေါလုဟှာ အယ်ပေးစာဟှို ခရစ်တော် မွီးဘီးန ၆၃–၆၅ ခုနှစ်လော့‑က်မာ ရေးဟှားဇာ ဖြစ်နိုင်လေဟှယ်။ ပေါလုဟှာ တိတုဟှို ကရာတေကျွန်းမာရှိဟှူ သင်းတော်လေဟှို ဦးဆောန်ဟှို့တွပ် ညွှန်ကြားဟှားဟှယ်။ ပေါလုဟှ သင်းတော်ခေါန်းဆောင်းလေဟှို ဝီးကော့‑က်ဘီး လေ့ကျင့်ပေးဟှို့တွပ်န တိတုဟှို ညွှန်ကြားဟှို့တွပ် အယ်ပေးစာဟှို ရေးဟှားဟှယ်။ သူဟှာ တိမောသေရဲ့ ပေးစာထဲဟှ တူညီဟှူ ညွှန်ကြားချစ်လေဟှို ပေးဟှားဟှယ်။ သင်းတော် ခေါန်းဆောန်လေဟှာ ဖယ်မျိုးဗြင့်မားဟှူ စံခီရှိရမယ် ဆိုဇာဟှို သူ့ပေးစာဟှ ဖော်ပြဟှားဟှယ်။ အယ်နေ့ခေတ် သင်းတော်လေန သင်းတော် ခေါန်းဆောန်လေဟှာ ခေါန်းဆောန်မှု စံနှုန်းလေဟှို လေးလေးနတ်နတ်ဟှား ဂရုစိုက်ဟှို့ လိုအပ်ဟှယ်။ ကြောန်းရာ ကျဉ်းချောက် ၁။ ပေါလုဟှာ တိတုဟှို ခေါန်းဆောန်လေ ခန့်အပ်ဟှို့တွပ် ညွှန်ကြားဟှားဟှူကြောန်း (၁.၁–၁၆) ၂။ သူဟှ ဘုရားနှစ်သက်ဟှူ သတ်ရှင်မှု ပေါင်စံန သတ်ရှင်ဟှို့တွပ် လူလေဟှို လေ့ကျင်ပေးဟှို့လည်း ညွှန်ကြားဟှားဟှူကြောန်း (၂.၁—၃.၁၁) ၃။ နော့‑က်ဆောင်းမာ ပေါလုဟှာ သူ့ရဲ့ စီစဉ်တချို့ဟှို ဝီမျှဘီးဟှာ နှော့‑က်ဆစ်စကား ပြောဇာအားဖြင့် နိဂေါင်းချောက်ဟှားဟှူကြောန်း (၃.၁၂–၁၅)
10 အယ်မူတရားဟှို ဆန့်ကျင်ဘီး ကျိုးမှေ့ဘဲဟှူ စကားလေန လှည့်ဇားဟှူလူလေ ဘောင်ဂီးရှိဟှယ်။ ထူးသဖြင့် ရေဖျားလှီးဟှားဟှူ လူလေထဲဟှနေ ခရစ်ယာန် ဘာသာထဲဟှို ပ္လောန်းလဲလာဟှူ လူလေထဲမာ ရှိဟှယ်။ 11 အယ်လူလေရဲ့ ဇပ်ပေါ့‑က်လေဟှို ပိရမယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ စင်ကြယ်ဘဲဟှူ စီးပွားလေဟှို တတ်မတ်ဟှူ ရည်ရွယ်ချစ်ကြောန့် ဟောပြောသင့်ဘဲဟှူ ဇာလေဟှို သွန်သန်ဘီးဟှာ အီထောန်ရေးလေဟှို ပြိုကွဲအောန် လောက်ဟှူကြောန့် ဖြစ်ဟှယ်။ 12 သူးနို့ရဲ့ ပရောဖက်ဖြစ်ဟှူ ကရေတေ ကျွန်းသား တယော့‑က်ဟှ “ကရေတေ ကျွန်းသားလေဟှာ မြဲဒမ်းလီညာဟှူသူလေ၊ သားရဲဆိုးလေ၊ ရရာတိုင်း ပျင်းဘီးဟှာ စားကီးဟှယ်” ဆိုဘီး ပြောရစ်ဟှယ်။ 13 အယ်လူပြောဇာဟှာ ရရာတိုင်း မှန်ဟှယ်။ အယ်ကြောန့် သူးနို့ဟှာ တကယ် ယောင်ကြည်လာဟှို့တွပ်ရော၊ 14 ယုဒဘာသာရဲ့ ဒဏ္ဍာရီစကားလေန သမ္မာတရားဟှို ပယ်ဘီး သူးနို့ရဲ့ ပညတ်ဟှို စွန်ပစ်ဂေ့ဟှို့တွပ်ရော၊ သူးနို့လေဟှို သေးသေးချားချာဟှာ ဆောင်းမရမယ်။ 15 ကိုယ့်ကိုယ်ကိုယ် စိနှလောင်း သန့်ရှင်းစင်ကြယ်ဟှူ လူလေတွပ်ဟှ ဂူလောင်းဟှာ သန့်ရှင်းဟှယ်။ အယ်ဘေမဲ့ ကိုယ့်ကိုယ်ကိုယ် စင်ကြယ်ဟှ ဆိုဟှာ ယောင်ကြည်မှုမှေ့ဘဲဟှူ သူလေတွပ်ဟှ ဖြားဇာလည်း စင်ကြယ်သန့်ရှင်းဟှယ် ဆိုဇာ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်လူလေရဲ့ စိနှလောင်းန သိစိဟှာ ညစ်ညူးနေဟှူကြောန့် ဖြစ်ဟှယ်။ 16 သူးနို့ဟှာ ဘုရားသခင်ဟှို သိဟှယ် ဆိုဘီး ဝန်ခံဘေမဲ့လည်း သူးနို့ရဲ့ကျင့်လေဟှ ထော့‑က်ခံဟှ။ သူးနို့လေဟှာ မူးဇာကောန်းဟှူလူ၊ နားထောန်းဘဲ့ဟှူလူ၊ ကောန်းဟှူဇာလေဟှို ခုလည်းလောက်ဟှို့ ထိုက်ဘဲ့ဟှူလူလေ ဖြစ်ဂေ့ဟှယ်။
တိတု 2 ->
Languages