1 အယ်မျိုးဆိုဟှာ ယုဒလူမျိုးဟှ ဖယ်မျိုးသာလွန်ဘီး ထူးခြားနူး။ သူးနို့လေ ရေဖျားလှီးဟှူဇာအားဖြင့် ဖြားကျိုးရှိကြောန့်နူး။ 2 ဖတ်ဖတ်မာ ကျိုးဘောင်ဂီးရှိဟှယ်! ပထမနေန ယုဒလူမျိုးလေဟှာ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟှို ယောင်ကြည်ခံယူဂေ့ဟှယ်။ 3 အယ်ဘေမဲ့ သူးနို့လေထဲမာ တချို့လူလေ ယောင်ကြည်ဘဲနေဇာဟှို ဖယ်မျိုးပြောရဟှို့နူး။ ဘုရားသခင်ရဲ့ သစ်စာတော်ဟှာ သူးနို့ ယောင်ကြည်ဘဲဟှူကြောန့် ပျစ်ပြယ်ဟှားဟှို့လော။ 4 ဖယ်မျိုးလည်း ပျစ်ပြယ်နိုင်ဟှ! လူလေဟှာ ဖြောန့်မတ်ဟန်ဆောန်ဘီး လီလယ်ဂေ့ဟှူ လည်းဘဲ့ ဘုရားသခင်ရဲ့ ဖြောန့်မတ်ရှင်းဟှာ မြဲဒမ်းဘဲ့ တည်နေမယ် ဖြစ်ဟှယ်။ ကျမ်းစာလာဟှူဇာဟှ
5 အယ်ဘေမဲ့ နို့လေရဲ့ တရားဘဲဟှူမှုဟှ ဘုရားသခင်ရဲ့ ဖြောန့်မတ်မှန်ကန်ရှင်းဟှို ပိုဘီး ထန်ရှားစေဟှယ် ဆိုဟှာ ဖယ်မျိုးပြောရမယ်နူး။ ဘုရားသခင် ပြစ်ပေးဇာဟှို လူသားတယော့‑က်နေန တရားဟှ ဆိုဘီး ပြောဟှို့ရကြောန့်လော။ (အယ်မျိုး ငါပြောဇာဟှ လူလေ ပြောဆိုလေ့ရှိဟှူတိုင်း ငါပြောဇာဖြစ်ဟှယ်။) 6 အယ်မျိုးမှုဟှ။ အယ်မျိုးဆိုဟှာ ဘုရားသခင်ဟှာ အယ်လောကဟှို ဖယ်မျိုး တရားစီရင်နိုင်မယ်နူး။
7 အယ်ဘေမဲ့ ငါဟှာ သစ်စာပျစ်ဟှူဇာအားဖြင့် ဘုရားသခင်ရဲ့ သမ္မာတရားဟှာ ဖောင်းသရေတော် တိုးပွားထန်ရှားစေဟှယ် ဆိုဟှာ ဖြားဖြစ်ကြောန့် ငါ့ဟှို ပြစ်ကျူးလွန်သူနေန ပြစ်ဒန်စီရင်ရသေးနူး။ 8 “ကောန်းဟှူကျိုးလေ သတ်ရော့‑က်လာဟှို့တွပ် ကောန်းဘဲဟှူကျင့်လေဟှို ကျင့်ဂေ့ဇို့” ဆိုဘီး ပြောရဟှို့လော။ အယ်မျိုး ငါပြောဟှယ်ဆိုဘီး တချို့လူလေဟှာ ပြစ်တန်စွပ်စွဲဘီး ငါ့ဟှိုကဲ့ရဲ့ဂေ့ဟှယ်။ အယ်သူလေဟှာ ပြစ်ဒန်စီရင်ဇာဟှို ခံထိုက်ဟှူမျှလော့‑က် ခံရဂေ့လေ့မယ်။
19 ပညတ်တရားအားဖြင့် တားမြစ်ဟှားဟှူ ကြောန်းရာလေဟှာ ပညတ်တရားအော့‑က်မာ ရှိနေဟှူ လူလေ အားလောင်းတွပ် ဖြစ်ဟှူဇာဟှို ခု နို့လေသိဂေ့ဘီ။ အယ်ကြောန့် လောကသား ဂူလောင်းဟှာ ဇပ်ပေါ့‑က်အားလောင်း ပိခံရဘီး ဘုရားသခင် ရှေ့တော်မာ တရားစီရင်ဇာဟှို ခံရဟှို့တွပ် ဖြစ်လေဟှယ်။ 20 [b]အယ်ကြောန့် ပညတ်တရားရဲ့ ကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်မာ ဖယ်လူလည်း ဖြောန့်မတ်ရာဟှို ရော့‑က်နိုင်ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပညတ်တရားအားဖြင့် နို့လေမာ ပြစ်ရှိဟှူကြောန်းဟှို သိစေဟှို့တွပ်ဘဲ့ ဖြစ်လေဟှယ်။
27 အယ်မျိုးဆိုဟှာ ဝါကြွားရဟှို့ကြောန်းဟှ ဖယ်မာရှိသေးနူး။ နို့လေ ဝါကြွားဟှို့ကြောန်း မှေ့ဟှ။ ပယ်လိုက်ဘီ။ ဖယ်တရားန ပယ်နူး။ ပညတ်တရားအားဖြင့် ပယ်ဟှူဇာလော။ မှုဟှ။ ယောင်ကြည်ရှင်းတရားန ပယ်လိုက်ဟှူဇာ ဖြစ်ဟှယ်။ 28 အယ်ကြောန့် လူဟှာ ပညတ်တရားနဆိုင်ဟှူ ကျင့်အားဖြင့်မှုဘဲ ယောင်ကြည်ရှင်းအားဖြင့် ဖြောန့်မတ်ဟှယ်ဆိုဘီး သိမှတ်ပြုဟှူဇာဟှို နို့လေခံရဂေ့ဟှယ်။ 29 ဘုရားသခင်ဟှ ယုဒလူမျိုးလေရဲ့ ဘုရားဘဲ့ဖြစ်ဟှူဇာလော။ လူမျိုးခြားလေရဲ့ ဘုရားလည်းဖြစ်ဟှယ် မှုဟှလော။ အယ်ဘဲ့ လူမျိုးခြားလေရဲ့ ဘုရားလည်းဖြစ်လေဟှယ်။ 30 [e]ယောင်ကြည်ရှင်းအားဖြင့် ရေဖျားလှီးရှင်းခံဟှူသူဟှို ဖြောန့်မတ်ဟှယ် ဆိုဘီး သိမှတ်ပြုတော်မူဟှူ ဘုရားသခင်ဟှ ရေဖျားလှီးရှင်းခံရဘဲသူဟှိုလည်း ယောင်ကြည်ရှင်းအားဖြင့် ဖြောန့်မတ်ဟှယ်ဆိုဘီး သိမှတ်ပြုပေးဟှူ ဘုရားသခင်ဟှာ တပါးဒဲဘဲ့ ရှိတော်မူဟှယ်။ 31 အယ်မျိုးဆိုဟှာ နို့လေဟှာ ယောင်ကြည်ရှင်းအားဖြင့် ပညတ်တရားဟှို ပယ်ဂေ့ဟှူဇာလော။ လောင်းဝ ပယ်ဟှ၊ ပိုဘီး တည်စေဂေ့ဟှယ်။
<- ရောမ 2ရောမ 4 ->
Languages