ရောမ ရောမ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ နိဒါန်း ရောမ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ ဟှာ ခရစ်တော် မွီးဘီးန ၅၄ န ၅၈ ခုနှစ်ကြားမာ တမန်တော် ပေါလုဟှ ရေးဟှားဟှယ်။ ပေါလုဟှာ ရောမဗြို့ဟှို သွားရသေးဘဲဟှူကြောန့် ရောမဗြို့မာရှိဟှူ ယုဒလူမျိုးန လူမျိုးခြား ခရစ်ယာန်လေဟှို သွန်သန်ဟှို့တွပ် အယ်စာဟှို ရေးလိုက်ဟှယ်။ သူဟှာ အယ်ခီဒူးဟှ ကောရိန့်ဗြို့မာ နေနေဟှူကြောန့် အယ်ဗြို့ဟှနေဘီး အယ်စာဟှို ရေးလိုက်ဟှူဇာဖြစ်ဟှယ်။ လူမျိုးလေ ဂူလောင်းဟှာ ယေရှုခရစ်တော်ဟှို ယောင်ကြည်ဘီး နားထောန်ပါ ဆိုဘီး ပေါလုဟှ ရေးဟှားလေဟှယ် (၁၆.၂၆)။ ရောမသင်းတော်ဟှို ပေါလုရဲ့ ပေးစာဟှာ နေရာတိုင်းမာရှိဟှူ ခရစ်ယာန်လေတွပ် ရေးကီးဟှူ စာဖြစ်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ပေါလုဟှာ ယေရှုခရစ်တော် အားဖြင့်ဘဲ့ ကယ်တန်ရှင်း ရနိုင်ဟှယ် ဆိုဘီး ရှင်းရှင်းလန်းလန်းဟှား ရှင်းပြဟှားဟှယ်။ ပေါလုဟှာ ယေရှုခရစ်တော်ရဲ့ ဒန်းကောန်းဟှို ဓမ္မဟောန်ကျမ်းနလည်း ခိဆစ်ပေးဟှားဟှယ်။ ကျမ်းစာပညာရှင်လေ ဘောင်ဂီးဟှာ “ငါဟှာ ခရစ်တော်ရဲ့ ဒန်းကောန်းတွပ် လောင်းဝ ယှစ်ကြော့‑က်ဇာ မှေ့ဟှ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်ဒန်းကောန်းဟှာ ရင်ဦးဆောင်း ယုဒလူမျိုး၊ နော့‑က်မှ လူမျိုးခြားလေထဲမာ ယောင်ကြည်လတ်ခံလာဟှို့ သူလေဂူလောင်းဟှို ကယ်တန်ပေးဟှူ ဘုရားသခင်ရဲ့ တဂိုးတော်ဖြစ်ပါဟှယ်” ဆိုဘီး အယ်ကျမ်းထဲဟှ ရရာတိုင်း ရေးကီးဇာဟှို ၁.၁၆ ထော့‑က်ခံဂေ့ဟှယ်။ ရောမကျမ်းရဲ့ ပထမပိုင်းဟှာ (၁—၁၂) နတ်နဲဟှူ သီအိုလော်ဂျီ ဖြစ်ဘီး ဒုတိယပိုင်းဟှာ (၁၃—၁၅) ခရစ်ယာန် သတ်ရှင်ရှင်း ပေါင်ဇံတွပ် လတ်တွိက္လဟှူ လမ်းညွန်ချစ်လေ ဘောင်ဂီးပါဝမ်လေဟှယ်။ ကြောန်းရာ ကျဉ်းချောက် ၁။ ပေါလုဟှာ ထောင်းဇံတိုင်းဘဲ့ သူ့ကိုယ်သူ မိတ်ဆစ်ရှင်းအားဖြင့် အယ်ကျမ်းဟှို စပြုဟှားဘီး ဖယ်လူလေနားဟှို ရေးဟှားဟှယ် ဆိုဘီး ပြောနေဟှူကြောန်း (၁.၁–၁၅) ၂။ သူဟှာ လူ့သားမျိုးနွယ်ရဲ့ ခြေနေန ဆိုင်ဟှူဇာန ယေရှုခရစ်တော်အားဖြင့်ဘဲ့ ကယ်တန်ခံရမယ် ဆိုဇာဟှို ရေးဟှားဟှူကြောန်း (၁.၁၆—၁၁.၃၆) ၃။ ပေါလုဟှာ ခရစ်ယာန်သတ်ရှင်ရှင်း ပေါင်ဇံတွပ် လတ်တွိက္လဟှူ လမ်းညွှန်ချစ်လေ ဘောင်းဂီးဟှို ရေးဟှားဟှူကြောန်း (၁၂.၁—၁၅.၁၃) ၄။ သူဟှာ ရောမသင်းတော်ဟှ သင်းဝမ်သူလေဟှို နှောက်ဆစ်စကား ဘောင်းဂီး ပြောရှင်းအားဖြင့် ရောမကျမ်းဟှို နိဂေါင်းချောက်ဟှားဟှူကြောန်း (၁၆.၁–၂၇)
13 [a]ညီကို မောန်နှမလေ ငါဟှာ လူမျိုးခြားလေမာ သီးပွမ့်လေရဟှူမျိုး နန်းနို့လေမာလည်း သီးပွမ့်လေရဟှို့တွပ် နန်းနို့လေနားဟှို လာနိုင်အောန် ခါဘီးခါ စီစဉ်ဟှူလည်းဘဲ့ ခုခီထိ တားဆီးမှုဟှို ခံနေရဟှူကြောန်းဟှို နန်းနို့လေ သိစေရှင်ပါဟှယ်။ 14 ငါဟှာ ဂရိလူမျိုးဘဲ့ဖြစ်ဖြစ်၊ ရိုင်းဟှူလူဘဲ့ဖြစ်ဖြစ်၊ ပညာရှိဘဲ့ဖြစ်ဖြစ်၊ ပညာမဲ့ဘဲ့ဖြစ်ဖြစ်၊ လူဘောန်းဇောင်ဟှို ဟောပြောရမယ့် ဒန်းကောန်းရဲ့ ကြွေးဟှာ ငါ့မာတန်နေပါဟှယ်။ 15 အယ်ကြောန့် ရောမဗြို့မာရှိဟှူ နန်းနို့လေဟှိုလည်း အယ်ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် ငါဟှာ ရရာတိုင်း စိအားထတ်သန်နေပါဟှယ်။
24 အယ်ကြောန့် ဘုရားသခင်ဟှာ သူးနို့ရှင်းရှင်း ကိုယ်ခန္ဓာရဲ့ အသရေဟှို ပျစ်စီးစေဟှို့တွပ် သူးနို့လေရဲ့ ကိလေသာစိ ညစ်ညူးရှင်းလတ်ဟှို အပ်လိုက်လေဟှယ်။ 25 အယ်သူလေဟှာ ဘုရားသခင်ရဲ့ သမ္မာတရားဟှို မှားဟှူနေရာမာ ထားဂေ့ဘီး ဖန်ဆင်းရှင်ဟှို ကိုးကွယ်ရဟှို့စား ဖန်ဆင်းဟှားဟှူ ဇာလေဟှို ဝတ်ပြုကိုးကွယ်ဂေ့လေဟှယ်။ ဖန်ဆင်းရှင်ဟှာ ထာဝရမင်္ဂလာ ရှိတော်မူဟှယ်။ အာမင်။
26 အယ်မျိုးလောက်ဟှူကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို ယှစ်ဇာကောန်းဟှူ ကိလေသာလတ်ထဲဟှို အပ်လိုက်တော်မူလေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ထဲဟှ မီးမလေဟှာ သဘာဝဆစ်ဆံမှုဟှို ပယ်ဘီးဟှာ သဘာဝန ဆန့်ကျင်ဖတ်ဖြစ်ဟှူ ဆစ်ဆံရှင်းနော့‑က်ဟှို လိုက်ဂေ့လေဟှယ်။ 27 အယ်တိုင်းဘဲ့ ယော့‑က်ကျားလေလည်း မီးမန သဘာဝဆစ်ဆံမှုဟှို ပယ်ဘီးဟှာ ရှင်းရှင်း ရာဂမီးတော့‑က်လောန်ဂေ့ဘီး ယှစ်ဇာကောန်းဟှူဇာဟှို ယော့‑က်ကျားရှင်းရှင်း ပြုဂေ့ဟှူကြောန့် သူးနို့လေရဲ့ ဆိုးညစ်ဟှူကျင့်တွပ် ထိုက်သင့်ဟှူ ပြစ်ဒန်လေဟှို ခံရဂေ့ဟှယ်။
28 အယ်သူလေဟှာ ဘုရားသခင်ဟှို သိမှတ်ဘဲန လျစ်လျူရှုဂေ့ဟှူကြောန့် ဘုရားသခင်ဟှာ သူးနို့လေဟှို ယောက်ညံ့ဟှူစိလတ်ဟှို အပ်လိုက်တော်မူဟှူကြောန့် သူးနို့လေဟှာ ပြုသင့်ဘဲဟှူဇာလေဟှို ပြုကျင့်ဂေ့လေဟှယ်။ 29 အယ်သူလေဟှာ မျိုးမျိုးဖြစ်ဟှူ ဆိုးယောက်မိုက်မဲရှင်း၊ တရားဘဲဟှူ မေထုန်ပြုရှင်း၊ ညစ်ညမ်းရှင်း၊ လောဘတတ်မတ်ရှင်း၊ ကျင့်ပျစ်ရှင်း၊ မနာလိုရှင်း၊ လူ့သတ်ဟှို သတ်ရှင်း၊ ရန်ဖြစ်ရှင်း၊ လှည့်ဇားရှင်း၊ ရန်ငြိုးထားရှင်းန သူများတင်းပြောဆိုရှင်း၊ 30 ပေါက်ခတ်ပြောဆိုရှင်း၊ ဘုရားသခင်ဟှို မူးရှင်း၊ မိုက်ရိုင်းရှင်း၊[e] မာန်မာနထောန်လွှားရှင်း၊ ဝါကြွားရှင်း၊ ကောန်းဘဲဟှူမှုလေဟှို တီထွမ်ရှင်း၊ မိဖစကားဟှို နားထောန်ဘဲနေရှင်း၊ 31 သိတရားကင်းမဲ့သူ၊ ဂဒိတည်ဘဲဟှူသူ၊ ကြင်နာဟှူစိကင်းမဲ့သူ၊ သနားရှင်းစိကင်းမဲ့သူလေ ဖြစ်ဂေ့ဟှယ်။ 32 အယ်မျိုး ကျင့်ဂေ့ဟှူသူလေဟှာ သေဒန်ဟှို ခံထိုက်ဟှယ်ဆိုဘီး ဘုရားသခင် စီရင်ဟှားဇာဟှို သိဂေ့ဟှူလည်းဘဲ့ သူးနို့ကိုယ်တိုင်လည်းကျင့်ဘီး အယ်မျိုး ကျင့်ဂေ့ဟှူသူလေဟှိုလည်း အားပေးဂေါင်ယူဂေ့လေဟှယ်။
ရောမ 2 ->- a ၁.၁၃ တ ၁၉.၂၁
- b ၁.၁၆ မာ ၈.၃၈
- c ၁.၁၇ ဖြောန့်မတ်ဟှူသူဟှာ ယောင်ကြည်ရှင်းအားဖြင့် သတ်ရှင်လေ့မယ်၊ အယ်မျိုးမှုဘဲနေဟှာ ယောင်ကြည်ရှင်းအားဖြင့်ဘဲ့ ဖြောန့်မတ်ဟှူသူဟှာ သတ်ရှင်လေ့မယ်။
- d ၁.၂၁ ဧ ၄.၁၇,၁၈
- e ၁.၃၀ ဘုရားသခင်ဟှို မူးရှင်း၊ မိုက်ရိုင်းရှင်း၊ အယ်မျိုးမှုဘဲနေဟှာ ဘုရားသခင်ဟှို မူးဟှူသူန မိုက်ရိုင်းဟှူ သူလေ ဖြစ်ဂေ့ဟှယ်။
Languages