1 အယ်ဘီးန ကောန်းဂန်တမန်ဟှာ က္လော့‑က်သလင်းမျိုး ရရာတိုင်း လန်းဘီး တော့‑က်ပနေဟှူ သတ်ရေစီးဟှူမ္လစ်ဟှို ငါ့ဟှို ပြလေဟှယ်။ အယ်မ္လစ်ဟှာ ဘုရားသခင်န သိုးသားဂန်းဟှားရဲ့ ပလ္လင်ဟှထွပ်ဘီး 2 ဗြို့ရဲ့ လမ်းမလယ် တရှော့‑က်လောင်းဟှို စီးဆင်းနေဟှယ်။ မ္လစ်ရဲ့ တဖတ်မာ ဆယ့်နှေ့မျိုးသီးဟှူ၊ တလဟှို တခါသီးဟှူ၊ ဆယ့်နှေ့ခါသီးဟှူ သတ်ပန်ရှိဟှယ်။ အယ်ပန်ရဲ့ ဝပ်ဟှ လူမျိုးဘောန်းဇောင်ဟှို ကျန်းမာစေဟှယ်။ 3 ကီဆဲခံရဇာ ခုလည်း ရှိဟှို့မှုဘီ။
7 ယေရှုဟှ “နားထောန်ပါ။ ငါဟှာ ဗြန်းဗြန်ဟှားလာမယ်။ အယ်စာစောန်ထဲမာ ပရောဖက်ပြုဘီး ဟောပြောဟှူ စကားလေဟှို လိုက်နာဘီး စောန့်ထီးဟှူသူဟှာ မင်္ဂလာရှိဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
8 ငါယောဟန်ဟှာ အယ်ကြောန်းရာလေဟှို ဗြင်ရကြားရဟှူသူ ဖြစ်ဟှယ်။ ငါဟှာ ဗြင်ရကြားရဟှူ ခီမာ အယ်ဇာလေဟှိုပြဟှူ ကောန်းဂန်တမန်ဟှို ကိုးကွယ်ဟှို့တွပ် သူ့ရဲ့ခေရင်းမာ ပျပ်ဝပ်ဟှူ ခီမာ၊ 9 သူဟှ “အယ်မျိုးလောက်န။ ငါဟှာ နန်ဟှနေစဘီး နန့်ရဲ့ညီကိုလေ ဖြစ်ဂေ့ဟှူ ပရောဖက်လေန အယ်စာစောန်မာပါဟှူ စကားလေဟှို လိုက်နာစောန့်ထီးဟှူ သူလေရဲ့ စေခံဖြစ်ဟှယ်။ ဘုရားသခင်ဟှို ကိုးကွယ်ပါ” ဆိုဘီး ပြောဟှယ်။ 10 အယ်ဘီးန ကောန်းဂန်တမန်ဟှ “အယ်စာစောန်ထဲမာ ပရောဖက်ပြုဟှူ စကားလေဟှို ဇိခပ်န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ခီဟှာ နီးကပ်လာဘီ။ 11 တရားဘဲဟှူသူဟှာ ဆစ်ဘီးဟှာ တရားဘဲဟှူဇာဟှို လောက်ပါစေ။ ညစ်ညူးဟှူသူဟှာ ညစ်ညူးဘီး နေပါစေ။ ဖြောန့်မတ်ဟှူသူဟှာ ဆစ်ဘီးဟှာ ဖြောန့်မတ်ဟှူမှုဟှို လောက်ပါစေ။ သန့်ရှင်းဟှူသူဟှာ ဆစ်ဘီးဟှာ သန့်ရှင်းပါစေ” ဆိုဘီး ငါ့ဟှိုပြောဟှယ်။
12 ယေရှုဟှ “နားထောန်ပါ။ ငါဟှာ ဗြန်းဗြန်ဟှားလာမယ်။ ငါပေးဟှို့ ကျိုးပြစ်လေဟှို ယူလာဘီး လူလေ ဂူလောင်းဟှို သူးနို့လောက်ဟှူ ဇာလေတိုင်း ငါပေးမယ်။ 13 [a]ငါဟှာ အာလဖန ဩမေဃလည်း ဖြစ်ဟှယ်။ ဦးဆောင်းန နော့‑က်ဆောင်းဖြစ်ဘီး စနဆောင်းလည်း ဖြစ်ဟှယ်။
14 “ကိုယ့်ရဲ့ ဝတ်လောင်ဟှို လျှော်ဘီး ဖ္လူအောန်လောက်ဟှူ သူဟှာ သတ်ပန်ရဲ့သီးဟှို စားရဟှူခွမ့်န ခွဗော့‑က်ဟှနေဘီး ဗြို့ထဲဟှို ဝမ်ရဟှူခွမ့်ဟှို ရဂေ့ဟှူ သူလေဟှာ မင်္ဂလာရှိဂေ့ဟှယ်။ 15 ပ္လန်မာဟှ ခွီးဖြစ်ဟှူသူ၊ ပြုဇားတတ်ဟှူသူ၊ တရားဘဲဟှူ မေထုန်လောက်ဟှူသူ၊ လူဟှိုသတ်ဟှူသူ၊ ရောက်ထုဟှို ကိုးကွယ်ဟှူသူန မုသားဟှို နှစ်သက်ဘီး ကျင့်ဂေ့ဟှူသူလေ ရှိဂေ့ဟှယ်။”
16 “ငါယေရှုဟှာ သင်းတော်လေတွပ် အယ်ကြောန်းရာလေဟှို နန်းနို့ဟှို သတ်သေခံဟှို့တွပ် ငါ့ရဲ့ ကောန်းဂန်တမန်ဟှို လွှတ်လိုက်ဟှယ်။ ငါဟှာ ဒါဝိဒ်ရဲ့မ္လစ်န မျိုးနွယ်ဖြစ်ဘီး ရရာတိုင်း လန်းဟှူ မိုးသော့‑က်ကြယ် ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
17 ဝိညာဉ်တော်န ဒို့သမီးလေဟှာ “လာဂေ့ပါ” ဆိုဘီး ပြောဟှယ်။
20 အယ်ကြောန်းရာလေဟှို သတ်သေခံဟှူ သခင်ဟှာ “မှန်ပါဟှယ်! ငါဟှာ ဗြန်းဗြန်ဟှားလာမယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
21 သခင်ယေရှုရဲ့ ကျေးဇူးတော်ဟှာ သန့်ရှင်းဟှူသူ ဂူလောင်း[b]နတူးဒူ ရှိပါစေ။ အာမင်။
<- ဗျာဒိတ်တော် 21
Languages