4 အယ်ဘီးန ကောန်းဂန်ဘောင်ဟှ တခြားသံတခုဟှို ငါကြားရဟှယ်။ အယ်သံဟှ
9 သူ့နတူးဒူ တရားဘဲဟှူမေထုန် လောက်ဂေ့ဘီး စည်းဇိမ်ခံစားဂေ့ဟှူ မ္လေဂီးရဲ့ မန်းဂီးလေဟှာ သူ့ဟှို လောန်နေဟှူမီးခိုးဟှို ဗြင်ဂေ့ဟှူ ခီမာ သူ့တွပ် ရရာတိုင်း ငိုဂေ့ဟှယ်။ 10 အယ်လူလေဟှာ သူခံရဟှူညှဉ်းဆဲရှင်းဟှို ကြော့‑က်ဂေ့ဟှူကြောန့် ဝီးဟှရပ်ဘီး “ရရာတိုင်း ကီးဟှူဗြို့၊ အားကီးဟှူ ဗာဗုလုန်ဗြို့! နန်ဟှာ ဖြစ်မှဖြစ်ရလေ! ဖြစ်မှဖြစ်ရလေ! ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်ခံရဟှူ တရားစီရင်ရှင်းဟှာ ရရာတိုင်း တိုဟှူ ခီတခုမာ ပြစ်ဒန်စီရင်ရှင်းဟှို ခံရလေဘီ!” ဆိုဘီး ပြောဂေ့ဟှယ်။
11 မ္လေဂီးထတ်မာရှိဟှူ ကူသယ်လေဟှလည်း သူ့ရဲ့ ကူပစ်စီးလေဟှို ဝယ်ဟှို့သူ ယော့‑က်လည်း မှေ့ဘဲဟှူကြောန့် သူ့တွပ် ဝန်းနဲကြေကွဲဘီး ငိုဂေ့ဟှယ်။ 12 သူးနို့လေရဲ့ ကူပစ်စီးလေဟှာ ရွှေ၊ ငွေ၊ က္လော့‑က်မြတ်ရတနာ၊ ပုလဲ၊ ပိချော၊ ခရမ်းရောန်ဝတ်ထည်၊ ပိုးထည်၊ နီဟှူထည်၊ သစ်မွှီးဘောန်းဇောင်၊ ဆင်စွယ်ပစ်စီးဘောန်းဇောင်၊ ဖိုးကီးဟှူသစ်သား၊ ကြေးသံ၊ က္လော့‑က်ဖ္လူလေန လောက်ဟှားဟှူ ပစ်စီးဘောန်းဇောင်၊ 13 သစ်ကြံပိုး၊ ဟမ်းရှစ်ဟှူမွှီးကြိုင်၊ နံ့သာပေါန်း၊ ဆီမွှီး၊ လောဗန်၊ စဗျစ်ဝိုင်၊ ဆီ၊ မုညစ်၊ ဂျောင်ဆန်၊ ကွဲနွားလိဆန်၊ သိုး၊ ဗြင်း၊ ဗြင်းရထား၊ လူ့ကိုယ်ခန္ဓာန လူလေရဲ့ သတ်လေဘဲ ဖြစ်ဂေ့ဟှယ်။ 14 ကူသယ်လေဟှ “နန်းနို့ရဲ့ စိနှလောင်းတတ်မတ်ဟှူ ရရာတိုင်း ကောန်းဟှူ သစ်သီးလေလည်း ပျော့‑က်ဟှားဘီ။ စည်းဇိမ် ဂေါင်သရေလေလည်း ပျော့‑က်ဟှားဘီ။ အယ်ဇာလေဟှာ ဖယ်ခါလည်းရဟှို့ မှုဘီ” ဆိုဘီး ပြောဟှယ်။ 15 သူ့အားဖြင့် ကြွယ်ဝလာဂေ့ဘီး အယ်ကူပစ်စီးလေဟှို ပိုင်ဂေ့ဟှူ သူလေဟှာ သူခံရဟှူ ညှဉ်းဆဲရှင်းဟှို ကြော့‑က်ဂေ့ဟှူကြောန့် ဝီးဟှရပ်ဘီးဟှာ ငိုဘီး၊ ရရာတိုင်း ဝန်းနဲဘီး 16 “ပိချော၊ ခရမ်းရောန်ထည်န နီရောန်ထည်ဟှို ဝတ်ဟှားဘီး ရွှေတန်ဆာ၊ က္လော့‑က်မြတ်ရတနာန ပုလဲလေဟှို ဆင်ဟှားဟှူဗြို့ဂီး! နန်ဟှာ ဖြစ်မှဖြစ်ရလေ! ဖြစ်မှဖြစ်ရလေ! 17 ဖြားဖြစ်ကြောန့်နူးဆိုဟှာ အယ်မျှလော့‑က် များဟှူစည်းဇိမ်ဟှာ တနာရီထဲမာ လောင်းဝ ဖျစ်ဆီးရှင်းဟှို ခံရဟှယ်” ဆိုဘီး ပြောလေ့မယ်။ ရေယာဉ်မှူးန ခရီးသယ်လေဂူလောင်း၊ သန်းဖောသားလေန ရေလမ်းမာ ကူသယ်လောက်နေဂေ့ဟှူ လူလေ ဂူလောင်းဟှာ ဝီးဟှရပ်ဘီး
18 သူ့ဟှို လောန်နေဟှူမီးဟှ မီးခီုးလေဟှို ဗြင်ဘီး “ဖယ်ခါဒူးဟှလည်း အယ်ဗြို့ထတ် ခမ်းနားဟှူဗြို့ ရှိဖူးဟှ!” ဆိုဘီး အော်ပြောဂေ့ဟှယ်။ 19 သူးနို့ဟှာ မ္လေမုဟှို သူးနို့ခေါန်းထတ်ဟှို ပစ်တန်ဘီး၊ ဝန်းနဲကြွေကွဲဘီး၊ ငိုဂေ့ဘီးဟှာ “သူးနို့ရဲ့ ဖိုးတန်ဟှူ ပစ်စီးလေကြောန့် ပန်လယ်ထဲမာရှိဟှူ သန်းဖောလေဟှို ပိုင်ဂေ့ဟှူသူ ရှိမျှဟှို ကြွယ်ဝစေဟှူ ရရာတိုင်း ကီးဟှူဗြို့! နန်ဟှာ တနာရီထဲမာဘဲ လောင်းဝ ဖျစ်ဆီးရှင်းဟှို ခံရဟှူကြောန့် ဖြစ်မှဖြစ်ရလေ! ဖြစ်မှဖြစ်ရလေ!” ဆိုဘီး အော်ဘီးပြောဂေ့ဟှယ်။
20 ကောန်းဂန်ဘောင်ဟှစဘီး သန့်ရှင်းဟှူသူလေ၊ တမန်တော်လေန ပရောဖက်လေ၊ အယ်ဗြို့ရဲ့ ဖြစ်ပျစ်ကြောန့် ဝန်းသာဂေ့ပါ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ နန်းနို့ ဖတ်မာနေဘီး အယ်ဗြို့ထတ်ဟှို ပြစ်ဒန်စီရင်ရှင်းဟှို ရော့‑က်စေဟှယ် ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။
21 အယ်ဘီးန ခွန်အားကီးဟှူ ကောန်းဂန်တမန်တပါးဟှာ ရရာတိုင်း ကီးဟှူ က္လိဆောင်မျိုး က္လော့‑က်တောင်း တတောင်းဟှို ခီဘီးဟှာ ပန်လယ်ထဲဟှို ခ္လဘီး “ဗာဗုလုန်ဗြို့ဂီးဟှာ အယ်မျိုးဘဲ ပစ်ခ္လရှင်းဟှို ခံရဘီး လောင်းဝ တွိရဟှို့ မှုဘီ။ 22 စောန်းသမား၊ ဂီတသမား၊ ပလွေသမား၊ တံပိုးခရာမှုမားလေရဲ့ တီးမှုသံဟှို နန်းနို့ထဲမာ လောင်းဝ တွိရဟှို့ မှုဘီ။ က္လိဆောင်သံဟှိုလည်း လောင်းဝ ကြားရဟှို့ မှုဘီ။ 23 ဆီမီးရဲ့ လန်းရောန်ဟှိုလည်း နန်းနို့ထဲမာ လောင်းဝ လန်းဟှို့ မှုဘီ။ ဒို့သားန ဒို့သမီးလေရဲ့ သံဟှိုလည်း နန်းနို့ထဲမာ လောင်းဝ ကြားရဟှို့ မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန့်ရဲ့ ကူသယ်လေဟှာ မ္လေဂီးရဲ့ အာဏာကီးမားဟှူ သူလေ ဖြစ်ဂေ့ဟှယ်။ လူမျိုးဂူလောင်းဟှာ နန်းနို့ရဲ့ ပြုစားရှင်းန လှည့်ဇားဇာဟှို ခံရဂေ့ဟှယ်” ဆိုဘီး ပြောလေဟှယ်။
24 ပရောဖက်လေ၊ သန့်ရှင်းဟှူသူလေန မ္လေဂီးထတ်မာ သေသတ်ခံရဟှူ လူလေ ဂူလောင်းရဲ့ သွီးလေဟှိုလည်း အယ်ဗြို့မာတွိရဟှယ်။
<- ဗျာဒိတ်တော် 17ဗျာဒိတ်တော် 19 ->- a ၁၈.၂ ဗျာ ၁၄.၈
Languages