2 နော့‑က်ထပ် မီးနရောဟှားဟှူ ဖန်ပန်လယ်မျိုးဇာဟှိုရော၊ သားရဲတကောန်ဟှာ သူ့ရဲ့ ရောက်ထုန သူ့နာမယ်ရဲ့ ကိန်းဂဏန်းဟှို နိုင်ရဟှားဟှူ သူလေဟှာ ဘုရားသခင်ရဲ့ စောန်းလေဟှို ကိုင်ဆောန်ဘီးဟှာ အယ်ဖန်ပန်လယ်ထတ်မာ ရပ်နေဂေ့ဟှူဇာဟှိုရော ငါဗြင်ရဟှယ်။ 3 သူးနို့ဟှာ ဘုရားသခင်ရဲ့စေခံ မောရှေရဲ့ချင်းန သိုးသားဂန်းဟှားရဲ့ ချင်းဟှို ဆိုဘီး
5 အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ ကောန်းဂန်ဘောင်မာရှိဟှူ သတ်သေခံချစ် တဲတော်ရှိဟှူ ဗိမာန်တော်ဟှာ ဖွမ့်ဘီးရှိနေဟှယ်။ 6 ဘေးဒန်ခွန်နစ်မျိုးဟှို ယူဆောန်လာဟှူ ကောန်းဂန်တမန်ခွန်နစ်ပါးဟှာ အယ်ဗိမာန်တော်ထဲဟှ ထွပ်လာဂေ့ဟှယ်။ သူးနို့ဟှာ စင်ကြယ်တော့‑က်ပဟှူ ပိချောဟှို ဝတ်ဟှားဘီး ရင်ဖတ်မာ ရွှေရင်စည်းဟှို စည်းဟှားဟှယ်။ 7 အယ်ဘီးန သတ္တဝါလေးပါးထဲဟှ တပါးဟှာ ကမ္ဘာဆစ်ဆစ် သတ်ရှင်ဟှူ ဘုရားသခင်ရဲ့ ရရာတိုင်း ပြင်းဟှူဒေါသန ပ္လဲ့နေဟှူ ရွှေဖလား ခွန်နစ်လောင်းဟှို အယ်ကောန်းဂန်တမန်လေဟှို ပေးလေဟှယ်။ 8 ဗိမာန်တော်ဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်န တဂိုးတော်လေဟှနေ ထွပ်လာဟှူ မီးခိုးလေန ပ္လဲ့နေဟှူကြောန့် ကောန်းဂန်တမန် ခွန်နစ်ပါးဟှာ ဘေးဒန်ခွန်နစ်မျိုး မပီးမရှင်း ဖယ်သူလည်း ဗိမာန်တော်ထဲဟှို ဝမ်နိုင်ဂေ့ဟှ။
<- ဗျာဒိတ်တော် 14ဗျာဒိတ်တော် 16 ->- a ၁၅.၃ လူမျိုးဘောန်းဇောင်လေ၊ တချို့ မူရင်းလတ်ရေးမူလေမာ ခေတ်လေ၊ ဆိုဘီး ပါရှိဟှယ်။
Languages