ဗျာဒိတ်တော် ယောဟန်ဟှို ဖွမ့်ပြဟှူ ဗျာဒိတ်တော် နိဒါန်း ယောဟန်ဟှို ဖွမ့်ပြဟှူ ဗျာဒိတ်တော်ဟှာ ဓမ္မသစ်ကျမ်းရဲ့ နော့‑က်ဆောင်းကျမ်း ဖြစ်ဟှယ်။ အယ်ကျမ်းဟှို တမန်တော် ယောဟန်ဟှ ခရစ်တော် မွီးဘီးန ၉၅ ခုနှစ်လော့‑က်ဟှ ရေးဟှားလေဟှယ် (၁.၁)။ သူဟှာ ယောဟန်ရေးဟှားဟှူ ဒန်းကောန်းန ပေးစာသောင်းစောင်ဖြစ်ဟှူ ယောဟန်ရဲ့ ပထမပေးစာ၊ ယောဟန်ရဲ့ ဒုတိယပေးစာန ယောဟန်ရဲ့ တတိယပေးစာလေဟှိုလည်း ရေးဟှားလေဟှယ်။ ယောဟန်ဟှာ “ယေရှုရဲ့ ရှစ်ဆောင်း” တဗဲ့တော်တပါးဖြစ်နလည်း သိဂေ့ဟှယ် (ယော ၁၃.၂၃)။ သူဟှာ ယေရှုခရစ်တော်ရဲ့ ဒန်းကောန်းဟှို ဟောဟှူကြောန့် ပတ်မုကျွန်းဟှို နယ်နှင်ဒန်ခံရလေဟှယ်။ သူဟှာ အယ်ကျွန်းမာရှိနေဒူးမာ ဗျာဒိတ်တော်ဟှို ရေးလေဟှယ် (၁.၉)။ ဗျာဒိတ်တော် ထဲမာရေးဟှားဟှူ ယောဟန်ရဲ့ ရည်ရွယ်ချစ်ဟှာ ယေရှုပ္လန်လာဟှို့ခီဟှာ နီးနေဘီ ဖြစ်ဟှူကြောန့် ယေရှုခရစ်တော်ဟှို သစ်စာရှိဟှို့န မျှော်လင့်ချစ်ပေးဟှို့တွပ် စာဖတ်မားလေဟှို တိုက်တွန်းအားပေးဟှားဟှယ် (၁.၃; ၂၂.၇)။ သူဟှာ ယေဘုယျအားဖြင့် ခရစ်ယာန်လေ ဂူလောင်းန ခန်းဂီး ၂—၃ ထဲမာ သင်းတော်ခွန်နစ်ပါးနားဟှို သီးသန့် ရေးဟှားဟှယ်။ ယောဟန်ဟှာ ပရောဖက်ပြုချစ်ဖြစ် (၁.၃) ရေးဟှားဘီး သူဗြင်ဟှားဇာလေဟှို ဖော်ပြဟှို့တွပ် စာစောန်တခုလောင်းမာ ပေါင်ဆောန်ချစ်လေ ဘောင်ဂီးဟှို သောင်းဟှားဟှယ်။ အယ်ကျမ်းဟှာ ဓမ္မဟောန်းကျမ်းထဲဟှ ထူးသဖြင့် ဇာခရိကျမ်း ၆.၁–၈ ရဲ့ စိပိုင်းတချို့န တူဂေ့ဟှယ်။ တံပိုးခွန်နစ်လောင်းန ဖလားခွန်နစ်လောင်းဟှာလည်း ဘုရားသခင်ဟှာ အဲဂုတ္တုပြည်ဟှို ဒန်ပေးဟှို့တွပ် စေလွှတ်လိုက်ဟှူ ကပ်ရောဂါန ရရာတိုင်း တူလေဟှယ် (ထွက်မြောက်ရာကျမ်း ၇—၉)။ ဗျာဒိတ်တော် ဟှာ နော့‑က်ဆောင်းကာလကြောန်း၊ ယေရှုဟှာ အောန်မြင်သူဖြစ်ဟှူကြောန်း၊ ယေရှုဟှို ယောင်ကြည်ကိုးစားဟှူ လူလေဂူလောင်းဟှာ ကိုယ်တော်နတူးဒူ ထာဝရသတ်ရှင်သူ ဖြစ်ဟှူကြောန်းဟှို ရေးဟှားဟှယ်။ အယ်ကျမ်းမာ ယေရှုဟှာ ကြာခန်မာ ပ္လန်ကြွလာမယ် ဆိုဘီး ဒိပေးဟှားဟှူ ကျမ်းန မျှော်လင့်ချစ် ပေးဟှားဟှူ ကျမ်းလည်းဖြစ်လေဟှယ်။ ကြောန်းရာ ကျဉ်းချောက် ၁။ ယောဟန်ဟှ သူဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာန အယ်ပရောဖက်ပြုရှင်းနဆိုင်ဟှူ ရူပါရောင်ဟှို ဖယ်မျိုး လတ်ခံရရှိဟှယ် ဆိုဇာဟှို ပြောရှင်းအားဖြင့် စပြုဟှားဟှူကြောန်း (၁.၁—၁.၂၀) ၂။ သူဟှာ ယေရှုနားဟှနေ ဒိုက်ရိုက်ရဟှားဟှူ ဒန်းစကားဟှို သင်းတော်ခွန်နစ်ပါးဟှို ပေးဟှားဟှူကြောန်း (၁.၁—၃.၂၂) ၃။ သူဟှ ဇိခွန်နစ်ခုန (၄.၁—၈.၅) တံပိုးခွန်နစ်လောင်းဟှို ဖော်ပြဟှားဟှူကြောန်း (၈.၆—၁၁.၁၉) ၄။ ယောဟန်ဟှာ ခေါန်းခွန်နစ်လောင်းရှိဟှူ နဂါးဟှို တိုက်ခိုက်ဟှူ ယော့‑က်ကျားသားရဲ့ တိုက်ပွဲဟှို ဖော်ပြဟှားဟှူကြောန်း (၁၂.၁—၁၄.၂၀) ၅။ သူဟှ မျစ်တော်ဖလား ခွန်နစ်လောင်းဟှို ရေးဟှားဟှူကြောန်း (၁၅.၁—၁၆.၁၈) ၆။ ယောဟန်ဟှာ ကောန်းဂန်ဘောင်မာ ဘုရားသခင်ဟှ ရန်သူလေဟှို ဖယ်မျိုးနိုင်ယူလိုက်ဟှယ် ဆိုဇာဟှို ဖော်ပြဟှားဟှူကြောန်း (၁၇.၁—၂၀.၁၅) ၇။ နော့‑က်ဆောင်းမာ သူဟှာ ကောန်းဂန်သစ်န မ္လေဂီးသစ် ပေါ်လာမယ် ဆိုဇာဟှို ဖော်ပြဟှားကြောန်း (၂၁.၁—၂၂.၂၁)
8 [d]ခုလည်းရှိဘီး၊ ရင်းရင်ဒူးဟှလည်း ရှိဘီး နော့‑က်တခါမာ ကြွလာဟှို့ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ထာဝရဘုရားသခင်ဟှ “ငါဟှာ စနဆောင်းဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မှုဟှယ်။
12 အယ်ခီမာ ငါဟှို ပြောဟှူသံဟှာ ဖယ်သူရဲ့သံဖြစ်နူး။ ဆိုဇာဟှို လှည့်ဘီးဟှာ ကေ့လိုက်ဟှူ ခီမာ ရွှေမီးခွပ် ခွန်နစ်လောင်းန၊ 13 အယ်မီးခွပ်လေရဲ့ လယ်မာ လူသားနတူဟှူ သူတယော့‑က်ဟှိုလည်း တွီဟှယ်။ အယ်လူဟှာ ခေဖျားထိ ရော့‑က်အောန် ဝတ်လောင်ဟှို ဝတ်ဘီးဟှာ ရင်ဖတ်မာ ရွှေခါးဗတ်ဟှိုလည်း ဝတ်ဟှားလေဟှယ်။ 14 အယ်လူရဲ့ ခေါန်းဟှ ဆံဗန်ဟှာ ဖ္လူဟှူသိုးမွီးမျိုး၊ နှမ်းပွမ့်မျိုး ဖ္လူဘီးဟှာ သူ့ရဲ့ မျစ်စိလေဟှာ မီးလျှံမျိုး ဖြစ်နေဟှယ်။ 15 သူ့ရဲ့ ခေလေဟှာ ရရာတိုင်း ပြင်းဟှူ မီးဖိုမာ သန့်စင်ဟှားဘီး ရရာတိုင်း လန်းဟှူ ကြေးဝါစစ်စစ်န တူဟှယ်။ သူ့သံဟှလည်း ရရာတိုင်း ကီးဟှူ ရေလှိုင်းသံန တူဟှယ်။ 16 သူဟှာ ညာလတ်မာ ကြယ်ခွန်နစ်လောင်းဟှို ကိုင်ဟှားဟှယ်။ သူ့ရဲ့ ဇပ်ပေါ့‑က်ထဲဟှ သွားနှေ့ဖတ်ပါဟှူ သန်လျက် ထွပ်လာဟှယ်။ သူ့ရဲ့ မျစ်နှာဟှာ ရှီတဂိုးန တော့‑က်နေဟှူ၊ ရရာတိုင်း လန်းဟှူ နေမျိုးဖြစ်နေဟှယ်။ 17 [e]ငါဟှာ အယ်လူဟှို ဗြင်ဟှူ ခီမာ သူ့ရဲ့ ခေရင်းမာ လဲက္လဘီး လူသေမျိုး ဖြစ်ဟှားဟှယ်။ အယ်ခီမာ သူဟှာ ငါ့ထတ်ဟှို သူ့ရဲ့ညာလတ်ဟှို တန်ဘီးဟှာ “ကြော့‑က်န။ ငါဟှာ ဦးဆောင်းန နော့‑က်ဆောင်းဖြစ်ဟှယ်။ 18 ငါဟှာ သတ်ရှင်ဟှူသူလည်း ဖြစ်ဟှယ်။ ငါဟှာ ရင်သေဟှားဟှယ်။ အယ်ဘေမဲ့ ကေ့ကေ့ ငါဟှာ ကမ္ဘာဆစ်ဆစ် သတ်ရှင်နေဟှယ်။ ငါဟှာ သေရှင်းတရားန မရဏာနိုင်ငံရဲ့ သော့‑က်လေဟှိုလည်း ကိုင်ဟှားဘီး စိုးရဟှယ်။
19 “အယ်ကြောန့် နန်ဗြင်ရဟှူဇာလေ၊ ခုဖြစ်နေဟှူဇာလေန နော့‑က်မာဖြစ်လာရဟှို့ ဇာလေဟှို ရေးဟှားလိုက်။ 20 ငါ့ရဲ့ ညာဖတ်လတ်မာ နန်ဗြင်ရဟှူ ကြယ်ခွန်နစ်လောင်းန ရွှေမီးခွပ် ခွန်နစ်လောင်းလေရဲ့ နတ်နဲဟှူဓိပါယ်ဟှ ကြယ်ခွန်နစ်လောင်းဟှာ သင်းတော်ခွန်နစ်ပါးရဲ့ စေတမန်လေ ဖြစ်ဂေ့ဘီး ဆီမီးခွပ် ခွန်နစ်လောင်းဟှာ သင်းတော်ခွန်နစ်ပါး ဖြစ်ဂေ့ဟှယ်။
ဗျာဒိတ်တော် 2 ->
Languages