2 ဧဝေါဒိန သုန္တုတ်လေ၊ သခင်ဘုရားရဲ့ တဗဲ့တော်မ ပီသဘီး စိသဘောညီညွတ်ဟှူဇာ ရှိဂေ့ဟှို့တွပ် ငါဟှာ တောန်းဗန်ဟှယ်။ 3 ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ်ဖြစ်ဟှူ နန်ဟှာ အယ်မီးမလေဟှို ကူညီမဇပါ။ နန့်ဟှို ငါဟှာ တိုက်တွန်းဟှယ်။ သူးနို့လေဟှာ ဒန်းကောန်းပြောဟှူ ခီမာ ငါ့နတူးဒူ ကြိုးစားဘီး လောက်ဆောန်ဟှူ လောက်ဖော်ဆောန်ဖတ် ဖြစ်ဂေ့ဟှယ်။ အယ်မျိုး လောက်ဆောန်ဟှူ လူလေထဲမာ ကလေမန်းနတူးဒူ ဘုရားသခင်ရဲ့ သတ်စာစောန်မာ နာမယ်ပါဟှူ တခြား ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ်လေလည်း ပါဝမ်ဟှယ်။
4 နန်းနို့ဟှာ သခင်ဘုရားန တလောင်းတဝဒဲ ဖြစ်ဟှူကြောန့် ဝန်းသာဂေ့ပါ။ နော့‑က်တခါ ငါပြောမယ် ဝန်းသာဂေ့ပါ။
5 နန်းနို့လေရဲ့ နူးညံ့သိမ်မွေ့ဟှူ စိသဘောဟှို လူလေဟှို ဗြင်စေဂေ့ပါ၊ သခင်ဘုရား ပ္လန်ကြွလာဟှို့ခီ နီးနေဘီ။ 6 ဖယ်မှုဟှိုလည်း စိုးရိမ်ဘဲ့န ဖြစ်လာဟှူ မှုရာလေတွပ် ကျေးဇူးတော် ချီးမွမ်းရှင်းန ဆုတောန်းဘီးဟှာ နန်းနို့ လိုရှင်ဇာလေဟှို ဘုရားသခင်မာ တောန်းလျှော့‑က်ဂေ့ပါ။ 7 အယ်မျိုးလောက်မယ် ဆိုဟှာ ဖယ်သူလည်း ကြံစည်တတ်စွမ်းနိုင်ဟှို့ မှီဘဲ့ဟှူ ဘုရားသခင်ရဲ့ ငြီသတ်ရှင်းဟှာ ယေရှုခရစ်တော်န နန်းနို့ဟှာ တလောင်းတဝဒဲ ဖြစ်ဟှူကြောန့် နန်းနို့ရဲ့ စိနှလောင်းန ကြံစည်လေဟှို ကာကွယ် စောန့်ရှော့‑က်လေ့မယ်။
8 ညီကို မောန်နှမလေ၊ နိဂေါင်းချောက် ပြောရမယ် ဆိုဟှာ နန်းနို့ဟှာ ဖြောန့်မတ်ရှင်း၊ မှန်ကန်ရှင်း၊ မွန်မြတ်ရှင်း၊ စင်ကြယ်ရှင်း၊ နှစ်သက်ဇာကောန်းရှင်း၊ အသရေရှိရှင်းဖြစ်ဟှူ ကောန်းမြတ်ရှင်းလေန ချီးမွမ်းဇာဖြစ်ရှင်းလေ ရှိဟှူမျှလေဟှို နှလောင်းသွမ်းဂေ့ပါ။ 9 ငါ့နားဟှနေ နန်းနို့ကြားဘီး ဗြင်ရဟှူဇာလေဟှို ကျင့်ဂေ့ပါ။ အယ်မျိုးကျင့်မယ် ဆိုဟှာ ငြီသတ်ရှင်းရဲ့သခင် ဘုရားသခင်ဟှာ နန်းနို့နတူးဒူ ရှိလေ့မယ်။
14 ဖယ်မျိုးဘဲ့ဖြစ်ဖြစ် ငါဟှာ ဆင်းရဲဒေါက်ခ တွိကြောင်ရဟှူ ခီမာ နန်းနို့ဟှာ မျှဝီခံစားဘီး ကောန်းကောန်းဟှား ပြုစုဂေ့ဟှယ်။ 15 [a]ဖိလိပ္ပိသင်းသားလေ၊ ငါဟှာ မာကေဒေါနိပြည်ဟှနေ ထွပ်ဟှားဘီး ဒန်းကောန်းဟှို စဘီးကြေညာဟှူ ခီမာ နန်းနို့သင်းတော်ဟှဘဲ ငါ့ဟှို ကူညီဟှူကြောန့် မှုတော်ဆောန်လောက်ငန်းမာ နန်းနို့ဘဲ့ ငါ့နတူးဒူတွဲဘီးဟှာ ပေးလှူရှင်းန လတ်ခံရှင်း ရှိဘီးဟှာ ဝီမျှဂေ့ဟှူကြောန်းဟှို နန်းနို့ ကိုယ်တိုင်ဘဲ့ ကောန်းကောန်းသိဟှယ်။ 16 [b]သက်သာလောနိတ်ဗြို့မာ ရှိဟှူခီဒူဟှ ငါလိုရှင်ဟှူကူညီဟှို နန်းနို့ဟှာ နှေ့ခါတိုင်အောန် ပို့ပေးဂေ့ဟှယ်။ 17 အယ်မျိုးပြောဇာဟှာ ငါဟှာ လှူဟှို လိုရှင်ဟှူကြောန့် မှုဟှ။ နန်းနို့ရဲ့ ကပ်စာရင်းလေမာ မ္လတ်တိုးလာဇာဟှို ငါဟှာ လိုရှင်ဟှယ်။ 18 နန်းနို့ပေးလိုက်ဟှူ လှူပစ်စီးဂူလောင်းဟှို ရဟှူကြောန်းဟှို အယ်မူဖော်ပြဟှားဟှယ်။ အယ်လှူ ပစ္စည်းလေဟှို ဧပဖြောဒိတ်ဟှ ယူလာပေးဟှူကြောန့် ငါလိုရှင်ဇာလေရဟှယ်။ အယ်ဇာလေဟှာ မွီးကြိုင်ဟှူပူဇော်သကာ၊ ဘုရားသခင်လတ်ခံဘီး နှစ်သက်ဟှူ ယစ်မျိုးဘဲဖြစ်ဟှယ်။ 19 ငါ့ရဲ့ ဘုရားသခင်ဟှာ ဂေါင်သရေန စည်းဇိမ်အောက်စာ ကြွယ်ဝမျိုး၊ နန်းနို့ဟှို ယေရှုခရစ်တော်ကြောန့် နန်းနို့ လိုရှင်ဇာမှန်မျှဟှို ပေးသနားပါစေ။ 20 နို့လေရဲ့ဖ ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
23 သခင်ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်ဟှာ နန်းနို့ ဝိညာဉ်နတူးဒူ ရှိပါစေ။
<- ဖိလိပ္ပိ 3
Languages