1 ဒန်းနေ့လွန်ဘီးန မာဂဒလဗြို့သူ မာရိ၊ ယာကုပ်ရဲ့မိ မာရိန ရှာလုံဟှာ ယေရှုရဲ့လောန်းဟှို လူးပေးဟှို့တွပ် နံ့သာလေဟှို ဝယ်ယူဂေ့ဟှယ်။ 2 နန်းနွေနေ့ မိုးလန်းစောစော နေထွပ်ခီမာ သူးနို့ဟှာ သန်းခ္လိုင်းဟှို သွားဂေ့ဟှယ်။ 3 သူးနို့ဟှ “သန်းခ္လိုင်းရဲ့ ဂူဝဟှနေ က္လော့‑က်တောင်းဟှို ဖယ်သူဟှ တွန်းဖယ်ပေးဟှို့နူး” ဆိုဘီး ယော့‑က်နယော့‑က် မေးနေဂေ့ဟှယ်။ 4 အယ်ဘေမဲ့ သူးနို့ဟှာ ကေ့လိုက်ဟှူ ခီမာ ရရာတိုင်း ကီးဟှူ အယ်က္လော့‑က်တောင်းဟှို တွန်းဖယ်ဟှားဘီးသား ဖြစ်နေဇာဟှို သူးနို့ဟှာ တွိဟှားဂေ့ဟှယ်။ 5 အယ်ကြောန့် သူးနို့ဟှာ သန်းခ္လိုင်းထဲဟှို ဝမ်ဟှားဘီး အယ်နေရာမာ ဝတ်လောင်ဖ္လူ ဝတ်ဟှားဟှူ လူငယ်တယော့‑က်ဟှာ ညာဖတ်မာ ထိုင်နေဇာဟှို ဗြင်ဟှားလေဟှယ်။ အယ်န သူးနို့ဟှာ ထိလန့်ဟှားဂေ့ဟှယ်။
6 အယ်လူဟှ “လန့်ဂေ့န။ နန်းနို့ဟှာ ကားစင်တန်ခံရဟှူ နာဇရက်ဗြို့သားယေရှုဟှို ရှာနေဟှယ် ဆိုဇာဟှို ငါသိဟှယ်။ ကိုယ်တော်ဟှ အယ်နေရာမာ မှေ့ဟှမ်း ကိုယ်တော်ဟှ ထမြော့‑က်ဟှားဘီ! ကေ့ကေ့၊ အယ်နေရာဟှာ ကိုယ်တော့်ဟှို ထားဟှူနေရာဖြစ်ဟှယ်။ 7 [a]နန်းနို့ဟှာ ပေတရုန တခြားတဗဲ့တော်လေနားဟှို သွားဘီးဟှာ ‘ကိုယ်တော်ဟှာ ဂါလိလဲပြည်ဟှို ရင်ဦးဆောင်း သွားမယ်။ နန်းနို့ဟှို ကိုယ်တော် ပြောဟှားဟှူ တိုင်းဘဲ့ အယ်နေရာမာ နန်းနို့ဟှာ ကိုယ်တော့်ဟှို တွိရလေ့မယ် ဆိုဘီး ပြောဂေ့ပါ။’ ”
8 အယ်ကြောန့် မီးမဂီးလေဟှာ စိုးရိမ်ထိလန့်ဘီး သန်းခ္လိုင်းဟှနေ ထွပ်လာဘီး ပ္လေးဟှားဂေ့ဟှယ်။ သူးနို့ဟှာ ကြော့‑က်နေဂေ့ကြောန့် ဖယ်သူဟှိုလည်း ဖြားလည်းပြောဂေ့ဟှ။
12 အယ်ဘီးန သူးနို့ထဲဟှ နှေ့ယော့‑က်ဟှာ တောဝါဟှို လမ်းရှော့‑က်သွားနေဒူးမာ ယေရှုဟှာ ခြားနားဟှူ ပေါင်စံန သူးနို့ဟှို ကိုယ်ထန်ရှားပြဟှယ်။ 13 သူးနို့ဟှာ တခြားလူလေနားဟှို ပ္လန်ဟှားဘီးဟှာ ပြောပြလေဟှယ်။ အယ်ဘေမဲ့ အယ်ဒန်းဟှို သူးနို့ဟှာ ယောင်ကြည်ဂေ့ဟှ။
14 အယ်ဘီးန တဗဲ့တော်ဆယ့်တပါး စားသော့‑က်နေဟှူ ခီမာ ယေရှုဟှာ သူးနို့ဟှို ကိုယ်ထန်ရှားပြလေဟှယ်။ သူးနို့ဟှာ ယောင်ကြည်ဘဲန စိနှလောင်းမာကျောနေဘီး ကိုယ်တော် ထမြော့‑က်ဘီးန ကိုယ်တော့်ဟှို တွိရဟှူ လူလေရဲ့စကားဟှို ယောင်ကြည်ဘဲဟှူကြောန့် ယေရှုဟှာ သူးနို့ဟှို ဆောင်းမလေဟှယ်။ 15 [c]ကိုယ်တော်ဟှ သူးနို့ဟှို “တကမ္ဘာလောင်းဟှို ပ္လံ့နှံ့အောန်သွားဘီး လူတိုင်းဟှို ဒန်းကောန်း ဟောပြောဂေ့။ 16 ယောင်ကြည်ဘီး ဗတ္တိဇံခံဟှူလူ မှန်မျှဟှာ ကယ်တန်ခံရလေ့မယ်၊ ယောင်ကြည်ဘဲဟှူ လူမှန်မျှဟှာ ပြစ်စီရင်ခံရလေ့မယ်။ 17 ယောင်ကြည်သူလေဟှာ နိမိတ်လတ်ခဏာလေ ပြဟှို့တွပ် တဂိုးဟှို ပေးအပ်ခံရလေ့မယ်၊ သူးနို့ဟှာ ငါ့နာမဟှို အားကိုးဘီး နတ်ဆိုးလေဟှို နှန်ထုဂေ့လေ့မယ်၊ သူးနို့ဟှာ ထူးဆန်းဟှူ ဘာသာစကားလေဟှို ပြောဂေ့လေ့မယ်၊ 18 သူးနို့ဟှာ ဗွီလေဟှို ကိုင်ဂေ့လေ့မယ်။ သေစေတတ်ဟှူ ဖြားမျိုးဆိလေဘဲ့ဖြစ်ဖြစ် သော့‑က်မယ် ဆိုဟှာ ဥပါဒ်ဖြစ်ဟှ။ ကျန်းမာဘဲဟှူ လူနာလေထတ်မာ လတ်တန်ဟှူ ခီမာ လူနာလေဟှာ ကျန်းမာဟှားလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
19 [d]သခင်ယေရှုဟှာ သူးနို့န စကားပြောဘီးန ကောန်းဂန်ဘောင်ဟှို ယူဆောန်ခံရဘီးဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်နေလေဟှယ်။ 20 တဗဲ့တော်လေဟှာ နေရာရှိမျှဟှို သွားဘီးဟှာ ဟောပြောဂေ့ဟှယ်။ အယ်ဘီးဟှာ သခင်ဘုရားဟှာ သူးနို့လေနတူးဒူ လောက်ဆောန်နေဘီး အယ်မျိုးလောက်ဆောန်ဟှူ နိမိတ်လတ်ခဏာလေအားဖြင့် သူးနို့ရဲ့ တရားဟောချစ်ဟှာ မှန်ဟှယ် ဆိုဇာဟှို သတ်သေပြလေဟှယ်။]
- a ၁၆.၇ မ ၂၆.၃၂; မာ ၁၄.၂၈
- b ၁၆.၈ တချို့ မူရင်းလတ်ရေးမူလေန ရှေးဟောန်း ဘာသာပ္လန်လေမာ ဒန်းကောန်းဟှို အယ်မျိုး ဆောန်းသတ်ဇာ မှေ့ဟှ (ခန်းငယ် ၉–၂၀)။
- c ၁၆.၁၅ တ ၁.၈
- d ၁၆.၁၉ တ ၁.၉–၁၁
- e ၁၆.၂၀ တချို့ မူရင်းလတ်ရေးမူလေန ရှေးဟောန်း ဘာသာပ္လန်လေမာ အယ်မျိုးတိုးတိုဟှား ဆောင်းသတ်ဟှားဟှူ ဒန်းကောန်မာ ပိုဘီး ရှယ်ဟှူ ဆောင်းသတ်ဟှို ထပ်ပေါန်းထဲ့ဟှားဇာလေ ရှိလေဟှယ် (ခန်းငယ် ၉–၂၀)။
Languages