1 အယ်နေ့မာ ယေရှုဟှာ အီဟှနေ ထွပ်ကြွဟှားဘီး အိုင်ကမ်းနားမာ ထိုင်နေလေဟှယ်။ 2 [a] ကိုယ်တော်နားမာ စုဝီးနေဟှူ လူအောက်ဂီးဟှာ ရရာတိုင်း များဂေ့ကြောန့် လှေထတ်ဟှို တတ်ဘီး ထိုင်နေလေဟှယ်။ အယ်ခီမာ လူအောက်ဂီးဟှာ ကမ်းနားမာ ရပ်နေဂေ့လေဟှယ်။ 3 ကိုယ်တော်ဟှာ အယ်သူလေဟှို ပေါင်ဥပမာလေဘောင်းဂီးန သွန်သန်လေဟှယ်။
9 ယေရှုဟှ “နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!” ဆိုဘီး မိန့်တော်မူလေဟှယ်။
10 တဗဲ့တော်လေဟှာ ကိုယ်တော်နားဟှို လာဂေ့ဘီးဟှာ “ကိုယ်တော်ဟှာ ဖြားဖြစ်ကြောန့် အယ်သူလေဟှို ပေါင်ဥပမာလေန ဟောပြောဟှယ်နူး” ဆိုဘီး မေးလျှော့‑က်ဂေ့လေဟှယ်။
11 ကိုယ်တော်ဟှ “နန်းနို့လေဟှာ ကောန်းဂန်နိုင်ငံတော်ရဲ့ နတ်နဲဟှူ ကြောန်းရာလေဟှို သိခွမ့်ရှိဂေ့ဟှယ်။ အယ်ဘေမဲ့ တခြားသူလေဟှာ သိခွမ့် မှေ့ဟှ။ 12 [b]ရှိဟှူလူဟှို ထပ်ပေးဘီး သူ့ဟှို ကြွယ်ဝစေလေ့မယ်။ မှေ့ဘဲဟှူ လူနားဟှ ရှိဟှူမျှဟှို နှုလေ့မယ်။ 13 အယ်ကြောန့် သူးနို့လေဟှာ ကေ့နေဘေမဲ့လည်း ဗြင်ဂေ့ဟှ။ နားထောန်နေဘေမဲ့လည်း ကြားဂေ့ဟှ။ နတ်ဓိပါယ်ဟှိုလည်း နားလည်ဘဲကြောန့် ပေါင်ဥပမာဟှို သောင်းပြုဘီး ငါဟောပြောရဟှယ်။ 14 ပရောဖက် ဟေရှာယ ဟောပြောဖူးဟှူ အနာဂတ္တိကျမ်းစကားဟှာ အယ်သူလေမာ ပ္လဲ့ဇောင်ရှင်းဟှို ရော့‑က်လေဟှယ်။ ဟောပြောဟှားဇာဟှ၊
16 [c]“နန်းနို့လေရဲ့ မျစ်စိဗြင်ဘီး နန်းနို့လေရဲ့ နားကြားဟှိကြောန့် မင်္ဂလာရှိဟှယ်။ 17 ငါ မှန်ပြောမယ်၊ နန်းနို့ဗြင်ရဟှူဇာလေဟှို ပရောဖက်လေန ဖြောန့်မတ်ဟှူသူလေဟှာ ဗြင်တွိရှင်လည်းဘဲ့ ဗြင်တွိရဂေ့ဟှ။ နန်းနို့ကြားရဟှူဇာလေလည်း ကြားရဂေ့ဟှ။
18 “အယ်ကြောန့် မျိုးစေ့ကြဲမားရဲ့ ပေါင်ဥပမာရဲ့ နတ်ဓိပါယ်ဟှို နားထောန်ဂေ့။ 19 လမ်းမာက္လဟှူ မျိုးစေ့ကြောန်းဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်တရားစကားဟှို ကြားရဘေမဲ့လည်း နားလည်ဘဲဟှူ လူလေနတူဟှယ်။ နှလောင်းထဲဟှမျိုးစေ့ဟှို နတ်ဆိုးဟှာ လာဘီး နှုယူဟှားဟှယ်။ 20 က္လော့‑က်ပေါဟှူမ္လေထတ်မာ က္လဟှူမျိုးစေ့ ဆိုဇာဟှာ တရားစကားဟှို ကြားဟှူနကြားရှင်း ဝန်းသာအားရခံယူဟှူလူဟှို ဆိုလိုဟှယ်။ 21 အယ်ဘေမဲ့ စိနှလောင်းထဲမာ ပြစ်စွဲဘဲဟှူကြောန့် တရားစကားအားဖြင့် ညှဉ်းဆဲမှုလေဟှို ခံလာရဟှူ ခီမာ ရှစ်ရှင်းဖော့‑က်ပ္လန်ဟှားဟှယ်။ 22 ဆူးချောင်မာ က္လဟှူမျိုးစေ့ဟှာ တရားစကားဟှို ကြားရဘေမဲ့ ဘဝရဲ့ စိုးရိမ်ပူပန်မှုလေန စည်းဇိမ်အောက်စာလေရဲ့ လှည့်ဇားမှုလေအားဖြင့် တရားစကားဟှို တားဆီးလိုက်ဟှူကြောန့် သီးသီးဘဲဟှူသူလေဟှို ဆိုလိုဟှယ်။ 23 ကောန်းဟှူမ္လေမာ က္လဟှူမျိုးစေ့ကြောန်းရာဟှ တရားစကားဟှို ကြားရခီမာ ဝန်းသာအားရခံယူဘီး ဆင်ခြင်နှလောင်းသွမ်းဟှိကြောန့် တချို့ဟှ ဆသောင်းဆယ်၊ တချို့ဟှ ဆခြော့‑က်ဆယ်၊ တချို့ဟှ ဆတရာ သီးသီးဟှူ သူလေဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
31 ယေရှုဟှာ တခြားပေါင်ဥပမာအားဖြင့် “ကောန်းဂန်နိုင်ငံတော်ဟှာ လယ်ထဲမာစိုက်ဟှူ မုညင်းစေ့နတူလေဟှယ်။ 32 မုညင်းစေ့ဟှာ စေ့လေ ဂူလောင်းထဲမာ ငယ်ဆောင်းဖြစ် ဘေမဲ့လည်း ကီးတတ်လာဟှူ ခီမာ ဗြစ်ပန်လေ ဂူလောင်းထဲမာ ကီးဆောင်း ဖြစ်ဟှယ်။ အယ်ကြောန့် ကောန်းဂန်ငှတ်လေဟှာ သစ်ကိုင်း သစ်ခပ်လေမာ သိုက်လောက်ဘီး ခိုနားနိုင်ဟှူ သစ်ပန်တဗန် ဖြစ်လာလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
33 ယေရှုဟှာ တခြား ပေါင်ဥပမာအားဖြင့် “ကောန်းဂန်နိုင်ငံတော်ဟှာ တဆေးန တူဟှယ်။ မီးမ တယော့‑က်ဟှာ တဆေးဟှို ယူဘီး မုညစ် သောင်းတောန်းထဲဟှို ထဲ့လိုက်ဘီးဟှာ မုညစ် ဂူလောင်းဟှို ဖောန်းကြွစေတတ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
34 ယေရှုဟှာ လူအောက်ဂီးဟှို အယ်မူကြောန်းရာလေဟှို ပေါင်ဥပမာလေအားဖြင့် ဟောပြောတော်မူဘီး ပေါင်ဥပမာပါဘဲန ဖြားကြောန်းရာလေဟှိုမှ ဟောပြောတော် မှုဟှ။ 35 ကိုယ်တော်ဟှာ အယ်မျိုး ဟောပြောဟှားဇာဟှ
37 ယေရှုဟှ “ကောန်းဟှူ မျိုးစေ့ဟှို ကြဲမားဟှာ လူ့ရဲ့သား ဖြစ်ဟှယ်။ 38 လယ်ဟှာ အယ်လောကဖြစ်ဟှယ်။ ကောန်းဟှူ မျိုးစေ့ဟှ နိုင်ငံတော်သား ဖြစ်ဟှယ်။ ဗြစ်စေ့ဟှာ နတ်ဆိုးရဲ့ သားလေဖြစ်ဟှယ်။ 39 ဗြစ်စေ့ဟှို ကြဲဟှူ ရန်သူဟှာ မာရ်နတ် ဖြစ်ဟှယ်။ ဗားရိဟှူ ကာလဟှာ အယ်ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြစ်ဘီး ဗားရိမားလေဟှာ ကောန်းဂန်တမန်လေ ဖြစ်ဟှယ်။ 40 တောဗြစ်ပန်လေဟှို စုသီးဘီးဟှာ မီးရှို့ဟှူမျိုး ကမ္ဘာကူဆောင်းဟှူ ခီမာ ဖြစ်ရလေ့မယ်။ 41 လူ့ရဲ့သားဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို စေလွှတ်ဘီးဟှာ လူလေဟှို လမ်းလွဲဘီး မှားယွင်းအောန်လောက်ဟှူ သူလေန တရားဘဲဟှူ သူလေ ဂူလောင်းဟှို နိုင်ငံတော်ထဲဟှ ဝီးထုဘီးဟှာ၊ 42 တော့‑က်လောန်နေဟှူ မီးဖိုထဲဟှို ပစ်ခ္လစေတော်မူမယ်။ အယ်သူလေလည်း အံသွားခဲက္လိဘီး ငိုကြွေးရဂေ့လေ့မယ်။ 43 အယ်ဘီးန ဖြောန့်မတ်ဟှူ လူလေဟှာ သူးနို့ရဲ့ ဖနိုင်ငံတော်မာ နေတော့‑က်ပမျိုး တော့‑က်ပလေ့မယ်။ နန်းနို့မာ နားရှိဟှယ် ဆိုဟှာ ကြားဂေ့!
52 ကိုယ်တော်ဟှ “အယ်မူဇာဟှာ ကောန်းဂန်နိုင်ငံတော်ရဲ့ ကြောန်းရာဟှို သန်ယူဘီး တဗဲ့ဖြစ်လာဟှူ ကျမ်းပြုဆရာဟှာ ကိုယ့်ရဲ့ ဘဏ္ဍာတိုက်ထဲဟှ ပစ်စီးသစ်န ပစ်စီးဟောန်းလေဟှို ထုယူတတ်ဟှူ အီရှင်နတူလေဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
53 အယ်ပေါင်ဥပမာလေဟှို ယေရှု မိန့်တော်မူဘီးန ကိုယ်တော်ဟှာ အယ်ရပ်ဟှနေ ထွပ်ဟှားဘီး၊ 54 နေထိုင်ဟှူ ဗြို့ဟှို ပ္လန်ကြွဟှားတော်မူဟှယ်။ ကိုယ်တော်ဟှာ ဝါလယ်ဇရပ်မာ သွန်သန်လေဟှယ်။ အယ်မူဇာဟှို ကြားရဟှူ လူလေလည်း အံ့ဩဂေ့ဟှယ်။ “အယ်သူဟှာ အယ်ပညာဟှို ဖယ်ဟှရလာနူး။ အယ်နိမိတ်လတ်ခဏာလေလည်း ဖယ်ဟှရလာနူး။ 55 သူဟှာ လတ်သမားရဲ့သား မှုဟှလော။ သူ့မိဟှာ မာရိ မှုဟှလော။ သူ့ညီလေဟှာ ယာကုပ်၊ ယောသပ်၊ ရှိမုန်၊ ယုဒ မှုဟှလော။ 56 သူ့ရဲ့ညီမလေလည်း နို့လေနားမာ နေဂေ့ဟှယ် မှုဟှလော။ အယ်ဆိုဟှာ အယ်သူဟှာ အယ်နိမိတ်လတ်ခဏာလေဟှို ဖယ်ဟှရလာနူး” ဆိုဘီး သူးနို့ဟှ မေးဂေ့ဟှယ်။ 57 [d]အယ်ကြောန့် သူးနို့ဟှာ ကိုယ်တော့်ဟှို ငြင်းပယ်ဂေ့လေဟှယ်။
Languages