1 ယေရှုဟှာ လူလေဟှို ဂူလောင်း မိန့်တော်မူဘီးန ကိုယ်တော်ဟှာ ကပေရနောင်ဗြို့ဟှို ကြွဟှားလိုက်ဟှယ်။ 2 အယ်ဗြို့မာ တပ်မှူးတယော့‑က်ရဲ့ ရရာတိုင်း ရှစ်ဟှူ ကျွန်တယော့‑က်ဟှာ ဖျားဘီး သေခါနီး ဖြစ်နေဟှယ်။ 3 တပ်မှူးဟှာ ယေရှုရဲ့ ဒန်းဟှို ကြားလိုက်ဟှူ ခီမာ သူဟှာ ယုဒလူမျိုး ကြီးကဲတချို့ဟှို ကိုယ်တော်နားဟှို စေလွှတ်ဘီး သူ့ရဲ့ ကျွန်ဟှို ကယ်တန်ပေးဟှို့ တောန်းလျှော့‑က်လေဟှယ်။ 4 သူးနို့လေဟှာ ယေရှုနားဟှို ရော့‑က်ဟှူ ခီမာ မြစ်တာရပ်ခံဘီး “အယ်တပ်မှူးဟှာ ကိုယ်တော်ရဲ့ ကျေးဇူးပြုရှင်းဟှို ခံထိုက်ဟှယ်။ 5 သူဟှာ ကျွန်တော့်ဟှားလေရဲ့ လူမျိုးလေဟှို ရှစ်ကြောန့် ကျွန်တော့်ဟှားလေတွပ် ဝါလယ်ဇရပ်တဆောန်ဟှို သူကိုယ်တိုင် ဆော့‑က်ပေးဟှားဟှယ်” ဆိုဘီး ကိုယ်တော့်ဟှို လျှော့‑က်လေဟှယ်။
6 အယ်ကြောန့် ယေရှုဟှာ သူးနို့လေနတူးဒူ လိုက်ဟှားဟှယ်။ ကိုယ်တော်ဟှာ တပ်မှူးရဲ့ အီနားဟှို ရော့‑က်ခါနီးမာ တပ်မှူးစေလွတ်လိုက်ဟှူ မိဆွေလေဟှာ ကိုယ်တော့်ဟှို “သခင်၊ ကိုယ့်ကိုယ်ကိုယ် ပန်ဗန်းခံတော်မူပါန။ ကျွန်တော်ရဲ့ အီးခေါန်မိုးအော့‑က်ဟှို ကိုယ်တော်ဟှာ ဝမ်တော်မူရှင်း ကျေးဇူးဟှို ကျွန်တော်ခံထိုက်ဟှ။ 7 အယ်မျိုးဘဲ့ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ်တော်နားဟှို ရော့‑က်ထိုက်ဟှူလူ မှုဟှ။ မိန့်ပေးလိုက်န ကျွန်တော်ရဲ့ စေခံဟှာ ကျန်းမာရပါလေ့မယ်။ 8 ဥပမာ ကျွန်တော် ကိုယ်တိုင်လည်း အာဏာပိုင်လတ်အော့‑က်မာ ရာရှိတယော့‑က် ဖြစ်ဘီး ကျွန်တော်ရဲ့ လတ်အော့‑က်မာရှိဟှူ စစ်သားလေဟှို အောက်ချောက်ရပါဟှယ်။ တယော့‑က်ဟှို ‘သွား!’ ဆိုဟှာ သွားပါဟှယ်။ တယော့‑က်ဟှို ‘လာ!’ ဆိုဟှာ လာပါဟှယ်။ အယ်ဘီးဟှာ ကျွန်တော်ဟှာ ကျွန်တော့်ရဲ့ ကျွန်ဟှို မိန့်ပေးလိုက်ဟှယ် ‘အယ်မူဇာဟှို လောက်လိုက်!’ ဆိုဟှာ လောက်လေဟှယ်” ဆိုဘီး လျှော့‑က်စေဟှယ်။
9 အယ်စကားဟှို ယေရှုကြားဟှူ ခီမာ အံ့ဩဟှားဘီး ကိုယ်တော်ဟှာ ပတ်လည်ဟှို ကေ့ဘီးန နော့‑က်တော်ဟှို လိုက်နေဟှူ လူအောက်ဂီးဟှို “နန်းနို့ဟှို ငါပြောမယ်။ အယ်မျှလော့‑က်ကီးဟှူ ယောင်ကြည်ရှင်းမျိုး ဣသရေလလူမျိုးထဲမာဟှို ငါလောင်းဝ တွိဖူးဟှ!” ဆိုဘီး မိန့်တော်မူလေဟှယ်။
10 တပ်မှူးစေလွှတ်လိုက်ဟှူ လူလေဟှာ အီဟှို ပ္လန်ရော့‑က်န တပ်မှူးရဲ့ ကျွန်ဟှာ ကျန်းမာဟှားဘီ ဆိုဇာဟှို တွိလိုက်ရဟှယ်။
16 လူလေ ဂူလောင်းဟှာ ကြော့‑က်ရွံ့ရှင်းပ္လဲ့န ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။ “နို့လေထဲမာ ပရောဖက်ဂီး ပေါ်လာဘီ! ဘုရားသခင်ဟှာ သူ့ရဲ့ လူမျိုးဟှို ကယ်တန်ဟှို့ ရော့‑က်လာဘီ!” ဆိုဘီး သူးနို့ဟှ ချီးမွမ်းဂေ့ဟှယ်။
17 ယေရှုရဲ့ ဒန်းဟှာ ယုဒပြည်ဟှ စဘီး ပတ်ဝန်းကျင် တခုလောင်းဟှို ပ္လံ့နှံ့ဟှားဟှယ်။
18 ယောဟန်ရဲ့ တဗဲ့လေဟှာ အယ်ကြောန်းရာ ဂူလောင်းဟှို သူးနို့ဆရာဟှို ပြောပြဟှူ ခီမာ သူဟှာ တဗဲ့လေထဲဟှ နှေ့ယော့‑က်ဟှို ခေါ်လိုက်ဘီးန 19 သခင်ဘုရားနားဟှို စေလွတ်ဘီး “ကိုယ်တော်ဟှာ ကြွလာတော်မူမယ် ဆိုဘီး ပြောနေသူလော။ နော့‑က်ထပ် တယော့‑က်ဟှို မျှော်နေရအူးလော” ဆိုဘီး မေးလျှော့‑က်ခိုင်းလေဟှယ်။
20 သူးနို့ဟှာ ယေရှုနားဟှို ရော့‑က်လာဟှူ ခီမာ “ဗတ္တိဇံယောဟန်ဟှ ကျွန်တော့်ဟှားလေဟှို မေးလျှော့‑က်ခိုင်းလိုက်ဟှယ်။ ကိုယ်တော်ဟှာ ရော့‑က်လာမယ် ဆိုဘီး ပြောနေဟှူ သခင်လော။ နော့‑က်ထပ် တယော့‑က်ဟှို မျှော်နေရအူးလော” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
21 အယ်ခီမာ ယေရှုဟှာ လူလေဘောင်ဂီးဟှို သူးနို့ရဲ့ ဖျားနာရှင်းလေ၊ ရောဂါလေ၊ နတ်ဆိုးဘေးဟှနေ လွှတ်မြော့‑က်စေဟှယ်။ မျစ်စိကန်းဟှူ လူလေဟှို မျစ်စိပ္လန်ဗြင်စေဟှယ်။ 22 ကိုယ်တော်ဟှာ ယောဟန် စေလွတ်လိုက်ဟှူ လူလေဟှို “နန်းနို့လေကြားရ၊ ဗြင်ရဇာလေဟှို ပ္လန်ဟှားဘီး ယောဟန်ဟှို ပြောပြဂေ့။ မျစ်စိကန်းနေဟှူလူလေ ဗြင်ဟှားဘီ။ လမ်းရှော့‑က်နိုင်ဘဲဟှူ လူလေ လမ်းပ္လန်ရှော့‑က်ဟှားဘီ။ နူနာသည်လေဟှာ သန့်ရှင်းဟှားဘီ။[b] နားပန်းနေဟှူ လူလေဟှာ နားကြားဟှားဘီ။ သေနေဟှူ လူလေဟှာ ပ္လန်ရှင်ဟှားဘီ။ ဆင်းရဲသားလေဟှာ အယ်ဒန်းကောန်းဟှို ကြားရဟှားဘီ။ 23 ငါ့ဟှို ငြင်းပယ်ဘဲဟှူ လူလေဟှာ မင်္ဂလာရှိဟှယ်!” ဆိုဘီး ပ္လန်ဖြေတော်မူလေဟှယ်။
24 ယောဟန် စေလွှတ်လိုက်ဟှူ လူလေ ပ္လန်ဟှားဘီးန ယေရှုဟှာ ယောဟန်ကြောန်းဟှို “ယောဟန်ဟှို တွိဟှို့ ဆိုဘီး တောကန္တာရထဲဟှို သွားဟှူ ခီမာ ဖြားဇာလေ တွိမယ် ဆိုဘီး မျှော်လင့်နူး။ လေတိုက်ဟှိ လှောက်နေဟှူ ကျူဗန်လေဟှို ကေ့ဟှို့ သွားဟှူဇာလော။ 25 ဖြားဇာလေဟှို တွိရှင်ကြောန့် သွားနူး။ ဝတ်ကောန်းကောန်းဝတ်ဟှူ လူဟှို ကေ့ဟှို့ သွားဟှူဇာလော။ အယ်မျိုး အံ့ဩဘွယ်ဝတ်ဟှားဘီး စည်းဇိမ်ခံနေဟှူ လူလေဟှာ နန်းတော်မာဘဲ့ ရှိဟှယ်! 26 ဖြားဇာလေ ကေ့ရှင်ကြောန့် သွားနူး။ ငါဟှို ပြောကေ့။ ပရောဖက်ဟှို ကေ့ရှင်ကြောန့် သွားဇာလော။ မှန်ပါဟှယ်။ အယ်ဘေမဲ့ နန်းနို့ဟှာ ပရောဖက်ထတ် ရရာတိုင်း ကီးဟှူလူဟှို ဗြင်ဟှားဟှယ်။ 27 ယောဟန်ဟှို ကျမ်းစာမာ ‘ဘုရားသခင်ဟှ ပြောဟှယ်။ ငါဟှာ သင်သွားမယ့်လမ်းဟှို ဆင်သင့်ဖြစ်စေဟှို့ ငါ့ရဲ့ တမန်ဟှို နန့်ရှေ့မာ စေလွှတ်မယ်’ ဆိုဘီး ပြောဟှားဟှယ်။ 28 နန်းနို့ဟှို ငါပြောမယ်။ လောကမာ သတ်ရှင်ဟှားဟှူ လူလေထဲမာ ယောဟန်ထတ် ကီးမြတ်ဟှူ လူမှေ့ဟှ။ အယ်ဘေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်မာ ငယ်ဆောင်းဟှူလူဟှာ ယောဟန်ထတ် ပိုဘီး ကီးမြတ်ဟှယ်” ဆိုဘီး ယေရှုဟှ ထပ်ဘီး မိန့်တော်မူလေဟှယ်။
29 [c]လူလေ ဂူလောင်းဟှာ ကိုယ်တော်ရဲ့စကားဟှို ကြားဟှူ ခီမာ သူးနို့န ထူးသဖြင့် ခွန်ကော့‑က်မားလေဟှာ ဘုရားသခင်ရဲ့ ဖြောန့်မတ်ရှင်းဟှို ဝန်ခံဂေ့ဘီး ယောဟန်ပေးဟှူ ဗတ္တိဇံခံဂေ့ဟှယ်။ 30 အယ်ဘေမဲ့ ဖာရိရှဲလေန ကျမ်းတတ်ဆရာလေဟှာ သူးနို့ကိုယ်တိုင်တွပ် ဘုရားသခင်ရဲ့ ကြံစည်တော်ဟှို ငြင်းပယ်ဂေ့ဘီး ယောဟန်ရဲ့ ဗတ္တိဇံဟှို ခံဂေ့ဟှ။
31 ယေရှုဟှ ဆစ်ဘီး “ခုခေတ်မာ ရှိနေဟှူ လူလေဟှို ဖြားဇာန နှိုင်းပြရမယ်နူး။ သူးနို့ဟှာ ဖြားဇာလေန တူဟှယ်နူး။ 32 သူးနို့ဟှာ ဆေးထဲမာ ထိုင်နေဟှူ သားဂန်းလေန တူဟှယ်။ သားဂန်းတအောက်ဟှာ တခြား သားဂန်းတအောက်ဟှို ‘နို့လေဟှာ အီတတ်ဗွဲတီးလောင်းဟှို နန်းနို့တွပ် တီးမှုပေးဘေမဲ့ နန်းနို့ဟှာ ကဂေ့ဟှ! နို့လေဟှာ မသာအီမာဆိုဟှူ မသာချင်းဟှို ဆိုဘေမဲ့ နန်းနို့ဟှာ ငိုဂေ့ဟှ!’ ဆိုဘီး အော်ပြောဂေ့ဟှယ်။ 33 ဗတ္တိဇံယောဟန်ဟှာ စာရှောန်ဘီး ဝိုင်ဟှို သော့‑က်ဘဲန ရော့‑က်လာဟှူကြောန့် နန်းနို့ဟှ ‘သူ့ထဲမာ နတ်ဆိုးပူးနေဟှယ်!’ ဆိုဘီး ပြောဂေ့ဟှယ်။ 34 လူ့ရဲ့သားဟှာ စားသော့‑က်ဘီး ရော့‑က်လာဟှူ ခီမာ နန်းနို့ဟှ ‘အယ်လူဟှို ကေ့ပါ! အယ်လူဟှာ စားမတ်ဘီး ဝိုင်သော့‑က်သူ၊ ခွန်ကော့‑က်မားလေန ပြစ်သားလေရဲ့ မိဆွေဖြစ်ဟှယ်!’ ဆိုဘီး ပြောဂေ့ဟှယ်။ 35 အယ်ဘေမဲ့လည်း ဘုရားသခင်ရဲ့ ပညာတရားဟှို လတ်ခံဟှူ လူလေဟှ အယ်ပညာတရားဟှာ မှန်ဟှယ် ဆိုဇာဟှို သတ်သေပြဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
40 ယေရှုဟှ “ရှိမုန်၊ နန့်ဟှို ငါပြောဇာရှိဟှယ်” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
41 ယေရှုဟှ “ကပ်ကွီးချေးမား တယော့‑က်မာ ကပ်ကွီးတန်နေဟှူ လူနှေ့ယော့‑က် ရှိဟှယ်။ တယော့‑က်မာ ငွေဒန်းဂါးပ္လားငါးရာ ကပ်ကွီးတန်နေဘီး တခြားတယော့‑က်မာ ငွေဒန်းဂါးပ္လားငါးဆယ် ကပ်ကွီးတန်နေဟှယ်။ 42 သူးနို့ နှေ့ယော့‑က်လောင်းဟှာ ကပ်ကွီးဟှို ပ္လန်ဆပ်နိုင်ဘဲကြောန့် ကပ်ကွီးချေးမားဟှာ သူးနို့ရဲ့ ကပ်ကွီးဂူလောင်းဟှို ကင်းလွှတ်ခွမ့် ပေးလိုက်ဟှယ်။ အယ်ဆိုဟှာ သူးနို့နှေ့ယော့‑က်ထဲဟှ ဖယ်သူဟှာ ကပ်ကွီံးချေးမားဟှို ပိုဘီး ရှစ်လေ့မယ်နူး။”
43 ရှိမုန်ဟှ “ကပ်ကွီးဘောင်ဂီး ကင်းလွှတ်ခွမ့် ပေးခံရဟှူလူဟှာ ပိုဘီး ရှစ်လေ့မယ် ထန်ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
48 အယ်ဘီးန ယေရှုဟှာ အယ်မီးမဟှို “နန့်ရဲ့ ပြစ်လေ ခွမ့်လွှတ်ရှင်းခံရဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
49 စားဗွဲမာ ထိုင်နေဟှူ တခြားလူလေဟှ “ပြစ်လေဟှို ခွမ့်လွှတ်ပေးနေဟှူ အယ်လူဟှ ဖယ်သူနူး။” ဆိုဘီး သူးနို့ ရှင်းရှင်းပြောနေဂေ့ဟှယ်။
50 အယ်ဘေမဲ့ ယေရှုဟှာ အယ်မီးမဟှို “နန့်ရဲ့ ယောင်ကြည်ရှင်းဟှာ နန့်ဟှို ကယ်တန်လိုက်ဘီ။ ငြီသတ်ရှင်းန သွားပါ” ဆိုဘီး မိန့်တော်မူလေဟှယ်။
<- လုကာ 6လုကာ 8 ->
Languages