14 ဒန်းနေ့မာ ယေရှုဟှာ ရောဂါပျော့‑က် စေတော်မူဟှူကြောန့် ဝါလယ်ဇရပ်မှူးဟှာ စိဆိုးဘီး လူလေဟှို “လောက်လောက်နိုင်ဟှူရစ် ခြော့‑က်ရစ်ရှိဟှယ်။ အယ်ရစ်လေမာ ရောဂါလာကုဂေ့။ ဒန်းနေ့မာ ရောဂါလာကုဂေ့န!” ဆိုဘီး ပြောလေဟှယ်။
15 သခင်ဘုရားဟှာ သူ့ဟှို “သူတော်ကောန်း ယောန်ဆောန်ဟှူသူလေ! နန်းနို့ ဂူလောင်းဟှာ ဒန်းနေ့မာ နန်းနို့ရဲ့ မြည်းလေ၊ နွားလေဟှို တင်းကုပ်ဟှနေ ကြိုးဖြေပေးဘီး ရေတိုက်ဟှို့ ခေါ်ဆောန်ဂေ့ဟှယ် မှုဟှလော။ 16 အယ်မျိုးဆိုဟှာ ဆယ့်ရှစ်နှစ် လောင်းလောင်း စာတန်ရဲ့ တောက်နှောန်ရှင်းဟှို ခံနေရဟှူ အာဗြဟံရဲ့ သမီးဟှို ဒန်းနေ့မာ ဖြေလွှတ်သင့်ဟှယ် မှုဟှလော။” ဆိုဘီး မိန့်တော်မူလေဟှယ်။ 17 အယ်မျိုး မိန်တော်မူလိုက်ဟှူ ခီမာ ကိုယ်တော့်ဟှို ဆန့်ကျင်ဖတ်လောက်နေဟှူ သူလေဟှာ ယှစ်ရဟှားဂေ့ဘီး လူလေ ဂူလောင်းဟှာ ကိုယ်တော် လောက်ဟှူ အံ့ဩဘွယ်လေကြောန့် ဝန်းသာဂေ့ဟှယ်။
18 ယေရှုဟှ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှာ ဖြားဇာန တူဟှယ်နူး။ ဖြားဇာန နှိုင်းယှဉ်ရနူး။ 19 နိုင်ငံတော်ဟှာ အယ်ပေါင်ဥပမာန တူဟှယ်။ လူတယော့‑က်ဟှာ မုညင်းတစေ့ဟှို သူ့ခြံထဲမာ စိုက်လိုက်ဟှယ်။ အယ်စေ့ဟှ ကီးလာဘီး သစ်ပန်ကီးဖြစ်လာဟှူ ခီမာ အယ်ပန်ရဲ့ ကိုင်းခတ်လေမာ ကောန်းဂန်ငှတ်လေဟှာ သူးနို့ရဲ့ သိုက်ဟှို ဆော့‑က်လောက်ဘီး နေဂေ့ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
20 ယေရှုဟှာ “ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို ဖြားဇာန နှိုင်းယှဉ်ရဟှို့နူး။ 21 နိုင်ငံတော်ဟှာ အယ်ပေါင်ဥပမာန တူဟှယ်။ မီးမတယော့‑က်ဟှာ တဆေးဟှို ယူဘီး မုညစ်သောင်းတောန်းန ရောနှောလိုက်ဟှူ ခီမာ မုညစ် အားလောင်းဂူဟှို ဖောန်းကြွစေနိုင်ဟှူ တဆေးန တူဟှယ်” ဆိုဘီး ထပ်ဘီး မိန့်တော်မူလေဟှယ်။
22 အယ်ဘီးန ယေရှုဟှာ ဗြို့လေ၊ ဝါလေမာ သွန်သန်ဘီး ယေရုရှလင်ဗြို့ဟှို သွားလေဟှယ်။ 23 လူတယော့‑က်ဟှာ ကိုယ်တော့်ဟှို “သခင်၊ ကယ်တန်ရှင်းခံရဟှူ သူလေ နဲနဲဘဲ့ ရှိဟှယ်လော။” ဆိုဘီး မေးလျှော့‑က်လေဟှယ်။
24 ယေရှုဟှ “ခွဗော့‑က်ကျဉ်းထဲဟှို ဝမ်ဟှို့ ကြိုးစားအားထုဂေ့။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေဘောင်ဂီးဟှာ အယ်ခွဗော့‑က်ထဲဟှို ဝမ်ဟှို့ ကြိုးစားဘေမဲ့ ဝမ်နိုင်ဂေ့ဟှ။ 25 အီဇရှင်ဟှာ ထဘီး ခွဗော့‑က်ဟှို ပိလိုက်ဟှူကြောန့် နန်းနို့လေဟှာ ပ္လန်မာရပ်ဘီး ခွဗော့‑က်ဟှို ခေါ့‑က်ဘီး ‘ဆရာ၊ ကျွန်တော့်ဟှားလေဟှို ခွဗော့‑က်ဖွမ့်ပေးပါ!’ ဆိုဘီး တောန်းဗန်ဂေ့လေ့မယ်။ ဇရှင်ဟှ ‘နန်းနို့လေ ဖယ်ဟှလာဟှယ် ဆိုဇာဟှို ငါသိဟှ!’ ဆိုဘီး ပ္လန်ပြောလေဟှယ်။ 26 အယ်ဆိုဟှာ နန်းနို့လေဟှ ‘ကျွန်တော့်ဟှားလေဟှာ ကိုယ်တော်နတူးဒူ စားဂေ့ဟှယ်။ သော့‑က်ဂေ့ဟှယ်။ ကျွန်တော့်ဟှားလေရဲ့ ဗြို့ဝါမာလည်း ကိုယ်တော်ဟှာ သွန်သန်ပေးဟှယ်!’ ဆိုဘီး ဖြေလေ့မယ်။ 27 အယ်ဘေမဲ့ ကိုယ်တော်ဟှ ‘နန်းနို့ ဖယ်ဟှလာဟှယ် ဆိုဇာဟှို ငါသိဟှ။ တရားဘဲဟှူ မှုဟှို လောက်ဟှူ သူလေ၊ ငါ့နားဟှ ဖယ်ဂေ့!’ ဆိုဘီး ပြောလေ့မယ်။ 28 [a][b]နန်းနို့ဟှာ ဘုရားသခင် နိုင်ငံတော်ထဲမာ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်န ပရောဖက်လေ ဂူလောင်းဟှို ဗြင်ရဘေမဲ့ နန်းနို့လေဟှာ နိုင်ငံတော်ပ္လန်ဟှို နှန်ထုခံရဟှူ ခီမာ ရရာတိုင်း ငိုကြွေးဘီး အံသွားခဲက္လိရဂေ့ လေ့မယ်! 29 ရှေ့ဖတ်၊ နော့‑က်ဖတ်၊ တောန်ဖတ်၊ မြော့‑က်ဖတ်ဟှ လာဂေ့ဟှူ လူလေဟှာ ဘုရားသခင် နိုင်ငံတော်ရဲ့ စားသော့‑က်ဗွဲမာ လာဘီး ထိုင်ဂေ့လေ့မယ်။ 30 [c] ခု နော့‑က်ဆောင်းဟှို ရော့‑က်နေဟှူ သူလေဟှာ ရှေ့ဆောင်းဟှို ရော့‑က်ဂေ့လေ့မယ်။ ခု ရှေ့ဆောင်းဟှို ရော့‑က်နေဟှူ သူလေဟှာ နော့‑က်ဆောင်းဟှို ရော့‑က်ဂေ့လေ့မယ်” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
31 အယ်ခီမာ ဖာရိရှဲတချို့ဟှာ ယေရှုနားဟှို လာဘီး “ဟေရုဒ်ဟှ ကိုယ်တော့်ဟှို သတ်ရှင်နေဟှူကြောန့် အယ်နေရာဟှ ထွပ်ဟှားဘီး တခြားနေရာဟှို သွားပါ” ဆိုဘီး လျှော့‑က်လေဟှယ်။
32 ယေရှုဟှာ “အယ်မ္လေခွီးဟှို သွားပြောဂေ့ပါ။ ‘ငါဟှာ အယ်နေ့န နတ်ကီးတိုင်မာလည်း နတ်ဆိုးလေဟှို နှန်ထုဘီးဟှာ ရောဂါလေဟှိုလည်း ပျော့‑က်စေအူးမယ်။ သောင်းရစ်မြော့‑က်ဟှူနေ့မာ ငါ့ရဲ့ လောက်ဟှို ပီးဆောင်းစေမယ်။’ 33 အယ်ဘေမဲ့ ငါဟှာ အယ်နေ့၊ နတ်ကီးတိုင်၊ နတ်ကီးဖတ်လည်း ခရီးသွားရအူးမယ်။ ပရောဖက်ဟှာ ယေရုရှလင်ဗြို့ဟှလွဲဘီး တခြားနေရာမာ သတ်ခံရဟှို့ မှေ့ဟှ။”
34 “ယေရုရှလင်ဗြို့၊ ယေရုရှလင်ဗြို့၊ ပရောဖက်လေဟှို သတ်ဟှူဗြို့၊ ဘုရားသခင် စေလွှတ်လိုက်ဟှူ တမန်လေဟှို က္လော့‑က်ခဲန ပစ်ဟှူဗြို့! ကြစ်မဟှာ ကြစ်သားဟှားလေဟှို သူ့ရဲ့ တောန်အော့‑က်မာ စုသီးဟှားမျိုး ငါဟှာ နန့်ရဲ့လူမျိုး ဂူလောင်းဟှိုလည်း စုသီးဟှို့ ခါဘီးခါ လိုရှင်လေဟှယ်။ အယ်ဘေမဲ့လည်း နန်ဟှာ ငါ့ဟှို ခွမ့်ပြုဟှ! 35 အယ်ကြောန့် နန့်ရဲ့ အီဟှို ဘုရားသခင် စွန့်ပစ်လေ့မယ်။ ငါပြောမယ်။ ‘ဘုရားသခင် နာမန ကြွလာဟှူ သခင်ဟှာ မင်္ဂလာရှိဟှယ်’ ဆိုဘီး နန်ပြောဟှူခီ ရော့‑က်ခန်မာ ငါ့ဟှို နန်ဗြင်ရလေ့မယ် မှုဟှ” ဆိုဘီး သူးနို့ဟှို မိန့်တော်မူဟှယ်။
<- လုကာ 12လုကာ 14 ->
Languages