13 “ခေါရဇိန်ဗြို့၊ နန်ဟှာ အမင်္ဂလာရှိဟှယ်! ဗက်ဇဲဒဗြို့၊ နန်ဟှာ အမင်္ဂလာရှိဟှယ်! နန်းနို့ဟှို ပြဟှားဟှူ နိမိတ်လတ်ခဏာလေဟှို တုရုဗြို့န ဇိဒုန်ဗြို့မာ ပြဟှားမယ် ဆိုဟှာ အယ်ဗြို့လေဟှ လူလေဟှာ လျှော်တေဟှို ဝတ်ဘီး ပ္လာထဲမာ ထိုင်ဘီး နောန်ဒရဂေ့လေ့မယ်! 14 တရားစီရင်ဟှူနေ့မာ ဘုရားသခင်ဟှာ နန်းနို့ထတ် တုရုဗြို့န ဇိဒုန်ဗြို့လေဟှိုဘဲ့ ပိုဘီး ကရုဏာပြလေ့မယ်။ 15 ကပေရနောင်ဗြို့၊ နန်ဟှာ အမင်္ဂလာရှိဟှယ်! နန့်ဟှာ ကောန်းဂန်ထိ ချီးမြှော‑က်ရှင်းဟှို ခံရဘေမဲ့လည်း မရဏာနိုင်ငံဟှိုဘဲ့ ခ္လရှင်းဟှို ခံရလေ့မယ်!” ဆိုဘီး မိန့်တော်မူလေဟှယ်။
16 [h]ယေရှုဟှာ တဗဲ့တော်လေဟှို “ဖယ်သူဘဲ့ဖြစ်ဖြစ် နန်းနို့စကားဟှို နားထောန်ဟှူသူဟှာ ငါ့စကားဟှို နားထောန်ဟှူသူ ဖြစ်ဟှယ်။ ဖယ်သူဘဲ့ဖြစ်ဖြစ် နန်းနို့ဟှို ငြင်းပယ်ဟှူ သူဟှာ ငါ့ဟှို ငြင်းပယ်ဟှူသူ ဖြစ်ဟှယ်။ ဖယ်သူဘဲ့ဖြစ်ဖြစ် ငါ့ဟှို ငြင်းပယ်ဟှူ လူဟှာ ငါ့ဟှို စေလွှတ်လိုက်ဟှူ လူဟှိုလည်း ငြင်းပယ်ဟှူလူ ဖြစ်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
18 ယေရှုဟှာ “စာတန်ဟှာ ကောန်းဂန်ဟှနေ လျှပ်စစ်ဖြန့်မျိုး က္လလာဇာဟှို ငါဗြင်ရဟှယ်။ 19 နားထောန်ဂေ့! နန်းနို့ဟှာ ဗွီလေန ကန်းမီးဂေါ့‑က်လေ ထတ်မာ လမ်းရှော့‑က်နိုင်ဘီး ရန်သူရဲ့တဂိုး အာဏာလေ ဂူလောင်းဟှို နိုင်ရဟှူ ခွမ့်အာဏာလေဟှို ငါပေးဟှားပီးဘီ ဖြစ်ဟှူကြောန့် ဖယ်ဘေးလည်း နန်းနို့ဟှို ညှဉ်းဆဲလေ့ မှုဟှ။ 20 အယ်ဘေမဲ့ နန်းနို့ဟှာ နတ်ဆိုးလေဟှို နှန်ထုနိုင်ဟှူကြောန့် ဝန်းသာဂေ့န။ နန်းနို့ရဲ့ နာမယ်ဟှာ ကောန်းဂန်စာရင်းမာ ရေးဟှားပီးဘီ ဖြစ်ဟှူကြောန့် ဝန်းသာဂေ့” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
21 အယ်ခီမာ ယေရှုဟှာ သန့်ရှင်းဟှူဝိညာဉ်တော်[j]အားဖြင့် ရရာတိုင်း ဝန်းသာနေဘီး “ကောန်းဂန်ဘောင်န မ္လေဂီးရဲ့သခင် ဖြစ်တော်မူဟှူဖ! ကိုယ်တော်ဟှာ ပညာရှိလေန ဉာဏ်ကောန်းဟှူ သူလေတွပ် ဝှပ်ဟှားဟှူ ဇာလေဟှို ပညာတတ်ဘဲဟှူ သူလေဟှိုဘဲ့ ဖွမ့်ပြပေးဟှူကြောန့် ကိုယ်တော့်ဟှို ကျေးဇူးတန်ဟှယ်။ မှန်ပါဟှယ် ဖ၊ အယ်မူဇာဟှာ ရှေ့တော်မာ နှစ်သက်ဖွယ် ဖြစ်ပါဟှယ်။
22 [k] “နို့ဖဟှာ ရှိမျှဂူလောင်း ငါ့ဟှို ပေးဟှားပီးဘီ။ အယ်သားဟှာ ဖယ်သူဖြစ်ဟှယ် ဆိုဇာဟှို ဖဟှလွဲဘီး ဖယ်သူလည်း သိဂေ့ဟှ။ ဖဟှာ ဖယ်သူ ဖြစ်ဟှယ် ဆိုဇာဟှိုလည်း အယ်သားန အယ်သားတော်ဟှ ဖွမ့်ပြဟှို့တွပ် ဝီးကော့‑က်ဟှားဟှူ သူလေမှတပါး ဖယ်သူလည်း သိဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
23 အယ်ဘီးန ယေရှုဟှာ တဗဲ့တော်လေဖတ်ဟှို လှည့်ဘီးန သူးနို့ဟှို “နန်းနို့ ခုဗြင်နေရဟှူ ဇာလေဟှို ဗြင်ရဟှူကြောန့် နန်းနို့မျစ်စိဟှာ မင်္ဂလာရှိဂေ့ဟှယ်! 24 နန်းနို့ဟှို ငါပြောမယ်။ နန်းနို့ ဗြင်ရဟှူ ဇာလေဟှို ပရောဖက်လေန မန်းဂီးလေဟှာ ဗြင်ရှင်ဘေမဲ့လည်း သူးနို့ဟှာ ဗြင်ရဂေ့ဟှ။ နန်းနို့ ကြားရဟှူ ဇာလေဟှိုလည်း သူးနို့ ကြားရဂေ့ဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
26 ယေရှုဟှာ “ပညတ်တော်မာ ဖြားဇာလေ ပြောဟှားနူး။ နန်းနို့ ဖယ်မျိုးဖတ်ဟှားနူး။” ဆိုဘီး သူ့ဟှို မေးတော်မူလေဟှယ်။
27 အယ်လူဟှ “ ‘နန့်ရဲ့သခင်၊ ဘုရားသခင်ဟှို စိနှလောင်းကြွင်းမဲ့၊ ဉာဏ်စွမ်းကြွင်းမဲ့၊ ကိုယ်စွမ်းရှိမျှန ရှစ်ပါ။ အယ်ဘီးဟှာ နန့်ရဲ့ အီဇနီးရှင်းဟှို နန့်ကိုယ်နန် ရှစ်မျိုးဘဲ့ရှစ်ပါ’ ” ဆိုဘီး ပ္လန်လျှော့‑က်လေဟှယ်။
28 ယေရှုဟှ “နန်ဖြေဇာဟှာ မှန်ဟှယ်။ အယ်မျိုးလောက်မယ် ဆိုဟှာ နန်ဟှာ သတ်ရှင်ရလေ့မယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
29 အယ်ဘေမဲ့ အယ်ကျမ်းတတ်ဆရာဟှာ ဖြောန့်မတ်ကြောန်းပြရှင်ဟှူကြောန့် ယေရှုဟှို “ကျွန်တော့်ရဲ့ အီဇနီးရှင်းဟှ ဖယ်သူနူး။” ဆိုဘီး သူဟှ မေးတော်မူလေဟှယ်။
30 ယေရှုဟှ “လူတယော့‑က်ဟှာ ယေရုရှလင်ဗြို့ဟှနေ ယေရိခေါဗြို့ဟှို ဆင်းလာဟှူ ခီမာ မ္လတိုက်ခံရလေဟှယ်။ မ္လလေဟှာ သူ့ရဲ့ အန်းဂီးလေဟှို ခလွတ်ဘီး၊ ရိုက်သတ်ဘီးဟှာ သေခါနီးနီး ဖြစ်နေဟှူ ခီမာ ပစ်ဟှားဘီး ထွပ်ဟှားဟှယ်။ 31 အယ်မျိုးဖြစ်ဘီးန ယဇ်ပုရောဟိတ် တပါးဟှာ အယ်လမ်းတိုင်း ရော့‑က်လာဟှူ ခီမာ အယ်လူဟှို ဗြင်ဘေမဲ့လည်း ရှောန်ဘီးဟှာ သွားလေဟှယ်။ 32 အယ်မျိုးဘဲ့ လေဝိတယော့‑က်လည်း ရော့‑က်လာဘီး အယ်လူဟှို ကေ့ဘီးန ရှောန်ဘီးဟှာ သွားလေဟှယ်။ 33 အယ်ဘေမဲ့ ရှမာရိလူမျိုး တယော့‑က်ဟှာ ခရီးသွားရင်းန အယ်လူရှိဟှူ နေရာဟှို ရော့‑က်လာဟှယ်။ သူဟှာ အယ်လူဟှို ဗြင်လိုက်ဟှူ ခီမာ သနားစိလေ ဖြစ်လာဟှယ်။ 34 သူဟှာ အယ်လူနားဟှို သွားဘီး အယ်လူရဲ့ ဒန်ရာလေထတ်ဟှို ဆီနဝိုင်ဟှို လောန်းထဲဘီးဟှာ ဝတ်န စဲပေးလေဟှယ်။ အယ်ဘီးန သူ့ရဲ့ မြည်းထတ်ဟှို တန်ဘီးန လူနာဟှို ပြုစုပေးဟှို့တွပ် တည်းခိုခန်းဟှို ခေါ်ဟှားဟှယ်။ 35 နတ်ကီးတိုင်မာ သူဟှာ ဇရှင်ဟှို ငွေဒန်းဂါးနှေ့ပ္လား ပေးဘီး ‘အယ်လူဟှို ကေ့ရှုပြုစုပေးပါ။ နော့‑က်ထပ် ကူက္လဇာလေဟှို ငါပ္လန်လာဟှူ ခီမာ ပေးမယ်’ ” ဆိုဘီး ပြောလေဟှယ်။
36 ယေရှုဟှာ “အယ်လူလေ သောင်းယော့‑က်ထဲမာ ဖယ်သူဟှာ မ္လတိုက်ခံရသူန အီဇနီးရှင်းဖြစ်ဟှယ် ဆိုဘီး နန်ထန်နူး။” ဆိုဘီး မေးတော်မူလေဟှယ်။
37 ကျမ်းတတ်ဆရာဟှ “လူနာဟှို သနားဟှူလူ ဖြစ်ဟှယ်” ဆိုဘီး လျှော့‑က်လေဟှယ်။
41 သခင်ဘုရားဟှ “မာသ၊ မာသ! နန်ဟှာ အယ်မူကိစလေတွပ်ဘဲ့ စိုးရိမ်ပူပန်နေဟှယ်။ 42 အယ်ဘေမဲ့ နန့်မာ လိုအပ်နေဟှူဇာ တခုဘဲ့ရှိဟှယ်။ မာရိဟှာ ပိုကောန်းဟှူဇာဟှို ဝီးကော့‑က်ဟှားပီးဘီ။ အယ်မူဇာဟှို သူ့နားဟှနေ ဖယ်သူလည်း ယူရဟှို့ မှုဟှ” ဆိုဘီး သူ့ဟှို မိန့်တော်မူလေဟှယ်။
<- လုကာ 9လုကာ 11 ->- a ၁၀.၁ ၇၂ ပါး၊ တချို့ မူရင်းလတ်ရေးမူလေမာ ခွန်နစ်ဆယ်၊ ဆိုဘီး ဖော်ပြဟှားဟှယ်။
- b ၁၀.၂ မ ၉.၃၇,၃၈
- c ၁၀.၃ မ ၁၀.၁၆
- d ၁၀.၄–၁၁ မ ၁၀.၇–၁၄; မာ ၆.၈–၁၁; လု ၉.၃–၅
- e ၁၀.၇ ၁ ကော ၉.၁၄; ၁ တိ ၅.၁၈
- f ၁၀.၁၀,၁၁ တ ၁၃.၅၁
- g ၁၀.၁၂ က မ ၁၁.၂၄; ခ မ ၁၀.၁၅
- h ၁၀.၁၆ မ ၁၀.၄၀; မာ ၉.၃၇; မာ ၉.၄၈; ယော ၁၃.၂၀
- i ၁၀.၁၇ ၇၂ ပါး၊ တချို့ မူရင်းလတ်ရေးမူလေမာ ခွန်နစ်ဆယ်၊ ဆိုဘီး ဖော်ပြဟှားဟှယ် (ရှု ခန်းငယ် ၁)။
- j ၁၀.၂၁ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့်၊ တချို့ မူရင်းလတ်ရေးမူလေမာ ဝိညာဉ်တော်အားဖြင့် ဆိုဘီး ဖော်ပြဟှားဟှယ်။ တချို့ မူရင်းလတ်ရေးမူလေမာ ကိုယ်တော်ရဲ့ ဝိညာဉ်ထဲမာ၊ ဆိုဘီး ဖော်ပြဟှားဟှယ်။
- k ၁၀.၂၂ က ယော ၃.၃၅; ခ ယော ၁၀.၁၅
- l ၁၀.၂၅–၂၈ မ ၂၂.၃၅–၄၀; မာ ၁၂.၂၈–၃၄
- m ၁၀.၃၈,၃၉ ယော ၁၁.၁
Languages