ယုဒ ယုဒဟှနေ ပေးစာ နိဒါန်း ယုဒဟှနေ ပေးစာ ဆိုဘီး ခေါ်ဇာဟှ အယ်ပေးစာဟှို ရေးဟှူစာရေးသူရဲ့ နာမယ်ဟှို ခေါ်ရှင်းဖြစ်ဟှယ်။ ယုဒဟှာ ယေရှုရဲ့ ညီတော်၊ ယာကုပ်ရဲ့ညီ ဖြစ်ဟှယ် ဆိုဘီး သူ့ကိုယ်သူ ဖော်ပြဟှားဟှယ်။ အယ်ကြောန့် သူဟှာ ယေရှုရဲ့ ညီတော်လေထဲဟှ တယော့‑က်ဖြစ်ဟှယ် ဆိုဘီးလည်း ယောင်ကြည်ဟှားဂေ့ဟှယ် (၁)။ အယ်ပေးစာဟှာ ဓမ္မဟောန်းကျမ်းဟှို ကိုးကားဟှားဟှူကြောန့် ယုဒရဲ့ မူလစာဖတ်မားလေဖြစ်ဟှူ ယုဒလူမျိုးလေဟှို ရည်ညွန်းဟှားဇာလော၊ သင်းတော်တပါးဟှို ရည်ညွန်းဟှားဇာလော၊ ဆိုဇာဟှို ကျွန်တော့်ဟှားလေ သိဂေ့ဟှ။ အယ်ဘေမဲ့လည်း သူ့ပေးစာဟှို “ဘုရားသခင် ဝီးကော့‑က်ဘီး ခေါ်ဟှားဟှူ၊ ဖဘုရားသခင်ရဲ့ ရှစ်ရှင်းမြစ်တာမာ ခိုလှုံနေဟှူ၊ ယေရှုခရစ်ဟှ စောန့်ထီးပေးဟှားဟှူ လူလေနားဟှို” ရေးဟှားဟှယ် (၁)။ အယ်ပေးစာဟှာ ခရစ်တော် မွီးဘီးန ၆၀ ခုနှစ်လော့‑က်ဟှ ရေးဟှားဟှယ်။ ခရစ်ယာန်လေ ဂူလောင်းနားဟှို ရေးဟှားဟှူ အယ်ပေးစာရဲ့ ရည်ရွယ်ချစ်ဟှာ ဆရာတုယောန်လေအားဖြင့် လမ်းလွဲဘဲနေအောန် သူးနို့ဟှို ဒိပေးဟှို့တွပ် ဖြစ်ဟှယ် (၄)။ သူဟှာ ဓမ္မဟောန်ကျမ်းထဲဟှ ဖြစ်ပျစ်လေဟှို ကိုးကားဘီး တိုက်တွန်းဟှားလေဟှယ်။ အယ်ပေးစာဟှာ ဆရာတုယောန်လေအားဖြင့် လမ်းလွဲဘဲအောန် ဒိပေးဟှားဟှူ ပေတရုရဲ့ ဒုတိယပေးစာထဲဟှ ခံယူချစ်ဘောင်ဂီးဟှို ဝီမျှဟှားဟှူမျိုးဘဲ ကောန်းဂန်တမန်လေ သောဒုံဗြို့န ဂေါမောရဗြို့လေဟှိုလည်း ကိုးကားဟှားလေဟှယ် (ယု ၄; ၂ ပေ ၂.၁)။ ကြောန်းရာ ကျဉ်းချောက် ၁။ ယုဒဟှာ သူ့စာဖတ်မားလေဟှို ဦးဆောင်းနှောက်ဆစ်ဟှားဟှူကြောန်း (၁–၂) ၂။ သူဟှာ ဆရာတုယောန်လေအားဖြင့် လမ်းလွဲဘဲအောန် ဒိပေးဟှို့တွပ် အယ်ပေးစာဟှို ရေးရဟှယ် ဆိုဘီး ကြောန်းပြချစ်ပေးဟှားကြောန်း (၃–၄) ၃။ သူဟှာ ဓမ္မဟောန်းကျမ်းထဲဟှ လူလေန ဖြစ်ပျစ်လေဟှို နမူနာပေးဟှားကြောန်း (၅–၁၆) ၄။ သူဟှာ ဒိပေးဟှို့ တာဝန်ရှိဟှယ် ဆိုဘီး သူ့ဟှို ပြောဟှားဟှူကြောန်း (၁၇–၂၃) ၅။ သူဟှာ ဘုရားသခင်ဟှို ချီးမွမ်းဘီး အယ်ပေးစာဟှို နိဂေါန်းချောက်ဟှားဟှူကြောန်း (၂၄–၂၅)
5 ဘုရားသခင်[b]ဟှာ ဣသရေလူမျိုးလေဟှို ကယ်တန်ဘီး အဲဂုတ္တုပြည်ဟှနေ ခေါ်ဆောန်လာဘီးန သူ့ဟှို ယောင်ကြည်ဘဲဟှူ လူလေဟှာ ပျစ်စီးဟှားဟှယ် ဆိုဇာဟှို နန်းနို့လေဟှာ သိဂေ့ဘေမဲ့ နန်းနို့ဟှို ငါဟှာ ပ္လန်ဘီးဟှာ ဒိရစေရှင်ဟှယ်။ 6 ကိုယ်ရဟှားဟှူ အာဏာန ရောက်ရဲဘဲ မူရင်းနေရာဟှို စွန့်ဟှားဂေ့ဟှူ ကောန်းဂန်တမန်လေကြောန်းဟှိုလည်း ဒိရဂေ့ပါ။ ဘုရားသခင်ဟှာ သူတရားစီရင်ဟှူနေ့မာ သူးနို့လေဟှို ပြစ်ဒန်ပေးဟှို့တွပ် မှောန်မိုက်နေဟှူ အော့‑က်ရပ်မာ ထာဝရ သံကြိုးန ခယ်ဟှားလေဟှယ်။ 7 သောဒုံဗြို့န ဂေါမောရဗြို့လေဟှိုရော၊ အယ်ဗြို့ရဲ့ ပတ်ဝန်ကျင်မာရှိဟှူ ဗြို့လေဟှိုရော ဒိရဂေ့ပါ။ အယ်ဗြို့ဟှ ဗြို့သူဗြို့သားလေဟှာ ပြောဟှားဟှူ ကောန်းဂန်တမန်လေမျိုး ကာမဂေါင်လိုက်စားဘီး သဘာဝန ဆန့်ကျင်ဖတ်ဖြစ်ဟှူ ပျော်ပါးလေဟှို လိုက်စားဂေ့ဟှယ်။ လူလေဟှို ရှင်းရှင်းလန်းလန်းဟှာ ဒိပေးဟှူနေန သူးနို့ဟှာ ထာဝရတော့‑က်လောန်နေဟှူ မီးထဲမာ ပြစ်ဒန်ဟှို ခံရဂေ့လေ့မယ်။
8 ဘုရားတရားမှေ့ဘဲဟှူ လူလေဟှာလည်း အယ်မျိုးဘဲ့ ဖြစ်ဂေ့မယ်။ သူးနို့ဟှာ သူးနို့ဗြင်ဂေ့ဟှူ ရူပါရောင်လေကြောန့် သူးနို့ရဲ့ ကိုယ်ခန္ဓာလေဟှို ညစ်ညူးစေဂေ့ဟှယ်။ ဘုရားသခင်ရဲ့ အာဏာဟှို ထီလေးစားလောက်ဘီး ထတ်ဟှ ဖောင်းတဂိုးကီးဟှူ သူလေဟှို ကဲ့ရဲ့ဂေ့ဟှယ်။ 9 [c]ကောန်းဂန်တမန်မန်း မိက္ခေလဟှ မာရ်နတ်န ဂြင်းဂေ့ဘီးဟှာ မောရှေရဲ့ ကိုယ်ခန္ဓာန ပတ်သတ်ဘီးဟှာ ချေတင်ပြောဂေ့ဟှူ ခီမာ ပြစ်တန်ကဲ့ရဲ့ဘီးဟှာ ပြောဘဲန “ဘုရားသခင်ဟှာ နန့်ဟှို တရားစီရင်ပါစေ” ဆိုဘီး ပြောဟှယ်။ 10 သူးနို့လေဟှာ ကိုယ်နားလည်ဘဲဟှူ ဇာလေဟှို ပြစ်မှားကဲ့ရဲ့ဂေ့ဘီး ဆင်ခြင်ဉာဏ်မှေ့ဘဲန လိဆန်လေမျိုးဘဲ့ သဘာဝရ သိဟှားဇာလေနဘဲ့ ပျစ်စီးရှင်းဟှို ရော့‑က်တတ်ဂေ့ဟှယ်။ 11 သူးနို့ဟှာ အမင်္ဂလာရှိဂေ့ဟှယ်။ သူးနို့ဟှာ ကာဣနရဲ့ လမ်းစဉ်ဟှို လိုက်ဂေ့ဟှယ်။ ကပ်ဟှို လိုရှင်ဘီး ဗာလမ်ရဲ့ မှားမျိုးဟှို လောက်ဂေ့ဟှယ်။ ကောရမျိုးဘဲ့ ပေါင်ကန်ဂေ့ဟှူကြောန့် ဆောင်းရှောင်းပျစ်စီးဂေ့ဟှယ်။ 12 သူးနို့ဟှာ ရှစ်ကြော့‑က်လေမှေ့ဘဲ ပျော်ပါးစားသော့‑က်ဂေ့ဘီး သူးနို့လေရဲ့ မိတ်သဟာယ စားဗွဲလေမာ သူးနို့လေရဲ့ ဂေါင်သိက္ခာဟှို ညစ်ညူးစေဟှယ်။ အယ်လူလေဟှာ သူးနို့ကျိုးဟှိုဘဲ့ ကေ့တတ်ဟှူလူလေ ဖြစ်ဟှယ်။ သူးနို့ဟှာ မိုးရေပါဘဲ့ဟှူ မိုးတီန ဆောင်းဦးကာလမာ သီးသီးဘဲဟှူ၊ ပြစ်ဟှနေဘီး ဆွဲနုဟှားဟှူ၊ နှေ့ခါသေဟှားဟှူ သစ်ပန်နတူဟှယ်။ 13 သူးနို့ရဲ့ ယှစ်ကြော့‑က်ရှင်းလေဟှို ပွမ့်စေတတ်ဟှူ လှိုင်းလေမျိုး၊ ကြယ်ပျံလေမျိုး ဖြစ်ဂေ့ဟှယ်။ အယ်ကြယ်ပျံလေတွပ် ရောက်တရစ် ထာဝရမှောန်မိုက်ဟှို သိုဟှားလေဟှယ်။
14 အာဒံဟှနေဘီး ခွန်နစ်ဆစ်မြော့‑က်[d]ဖြစ်ဟှူ ဧနောက်ဟှလည်း သူးနို့လေန ပတ်သတ်ဘီးဟှာ ပရောဖက်ပြုဘီး ပြောဟှားဇာဟှ “ကေ့ကေ့၊ ဘုရားသခင်ဟှာ ရေတွပ်နိုင်ဘဲ့ဟှူ သူ့ရဲ့သန့်ရှင်းသူလေနတူးဒူ ကြွလာလေ့မယ်။ 15 အယ်ဇာဟှာ လူလေ ဂူလောင်းဟှို တရားစီရင်ဟှို့တွပ်န၊ ဘုရားတရားမှေ့ဘဲန သတ်ရှင်ဟှူလူလေတွပ်န၊ ဘုရားတရားမှေ့ဘဲဟှူ ပြစ်သားလေတွပ်န၊ ဘုရားသခင်ဟှို ကဲ့ရဲ့ဆန့်ကျင်ဘီး ပြောဟှူ စကားအားလောင်းတွပ်န သူးနို့လေ ဂူလောင်းရဲ့ ပြစ်လေဟှို ဖော်ပြဟှို့တွပ် ဖြစ်ဟှယ်” ဆိုဘီး ပြောဟှားဟှယ်။
16 အယ်လူလေဟှာ မြဲဒမ်းညစ်ညူဘီး တခြားသူလေဟှို ပြစ်တန်ဘီးဘဲ့နေဟှယ်။ သူးနို့ရဲ့ ဆိုးညစ်ဟှူ လိုအင်ဆန္ဒဟှို လိုက်ဘီး ကျင့်နေဂေ့ဟှယ်။ သူးနို့ကြောန်းဟှို ကြွားဂေ့ဟှယ်။ ကိုယ်ကျိုးလေဟှို ရဟှို့တွပ် တခြားသူဟှို မြှော့‑က်ဘီး ပြောတတ်ဟှယ်။
20 ရှစ်ရဟှူမိဆွေလေ၊ နန်းနို့ဟှာ ကိုယ့်ကိုယ်ကိုယ် ရရာတိုင်း သန့်ရှင်းဟှူ ယောင်ကြည်ရှင်းထတ်မာ ကိုယ့်ကိုယ်ကိုယ် တည်ဆော့‑က်ဘီး သန့်ရှင်းဟှူဝိညာဉ်တော်ဟှို မှီပြုဘီး ဆုတောန်းဂေ့ပါ။ 21 ဘုရားသခင်ရဲ့ မြစ်တာတော်န ကိုယ့်ကိုယ်ကိုယ် စောန့်ထီးဘီးဟှာ ထာဝရသတ်ဟှို ပို့ဆောန်ဟှူ နို့လေ သခင်ယေရှုခရစ်ရဲ့ ကရုဏာဟှို စောန့်မျှော်ဂေ့ပါ။
22 ယောင်မှားဘီး သံသယရှိနေဟှူ လူလေဟှို သနားကရုဏာထားဂေ့ပါ၊ 23 တချို့လေဟှို မီးထဲဟှနေ ဆွဲထုဘီးဟှာ ကယ်တန်ဂေ့ပါ။ တချို့လေဟှို ကြော့‑က်ဟှူစိန သနားကရုဏာပြဂေ့ပါ။ ဇာတိသွီးသားရဲ့ ကာမဂေါင်ညစ်ကြေးန စွန်းနေဟှူ အန်းဂီလေဟှို မူးဘီးဟှာ ရွံ့ရှာဂေ့ပါ။
Languages