6 ယေရှုဟှာ သူးနို့ဟှို “ငါ့ခီရော့‑က်သေးဟှ။ နန်းနို့တွပ် ခီတိုင်းဟှာ ဆင်သင့်ဖြစ်ဟှယ်။ 7 လောကသားလေဟှာ နန်းနို့ဟှို မူးဂေ့ဟှ။ အယ်ဘေမဲ့ ငါ့ဟှို မူးဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ရဲ့ ကျင့်လေဟှ ဆိုးညစ်ဟှယ် ဆိုဘီး ငါဟှ သတ်သေခံဟှယ်။ 8 နန်းနို့ အယ်ပွဲတော်ဟှို သွားဂေ့။ ငါ့ခီပ္လဲ့ဇောင်သေးဘဲဟှူကြောန့် အယ်ပွဲတော်ဟှို ငါသွားဟှ”[a] ဆိုဘီး မိန့်တော်မူလေဟှယ်။ 9 အယ်မျိုးပြောဘီးန ကိုယ်တော်ဟှာ ဂါလိလဲနယ်မာဘဲ့ ဆစ်ဘီးနေလေဟှယ်။
12 လူအောက်ဂီးထဲမာ ကိုယ်တော်ကြောန်းဟှို တီးတိုးပြောနေဂေ့ဟှယ်။ လူတချို့ဟှ “အယ်လူဟှာ လူကောန်း ဖြစ်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ လူတချို့ဟှ “မှုဟှ။ အယ်လူဟှာ လူလေဟှို လှည့်ဇားနေဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ 13 အယ်ဘေမဲ့ သူးနို့ဟှာ ယုဒ အာဏာပိုင်လေဟှို ကြော့‑က်ဂေ့ဟှူကြောန့် ဖယ်လူလည်း ကိုယ်တော်ကြောန်းဟှို ပွမ့်ပွမ့်လန်းလန်းဟှား ပြောဂေ့ဟှ။
14 ပွဲတော်ကာလခီဟှာ တဝပ်ကျော်လာဟှူ ခီမာ ယေရှုဟှာ ဗိမာန်တော်ဟှို သွားဘီးဟှာ စဘီးသွန်သန်လေဟှယ်။ 15 ယုဒအာဏာပိုင်လေဟှာ ရရာတိုင်း အံ့ဩဟှားဘီး “အယ်လူဟှာ ပညာသန်ဖူးဘဲ့န အယ်ပညာလေ ဘောင်ဂီးဟှို ဖယ်မျိုးသိနေရနူး” ဆိုဘီး မေးဂေ့ဟှယ်။
16 ယေရှုဟှ “ငါ့သွန်သန်ချစ်ဟှာ ငါ့ရဲ့ကိုယ်ပိုင် သွန်သန်ချစ် မှုဟှ။ အယ်ဘေမဲ့ ငါ့ဟှိုစေလွတ်ဟှူ ဘုရားသခင်ရဲ့ သွန်သန်ချစ်ဖြစ်ဟှယ်။ 17 ဖယ်လူဘဲ့ဖြစ်ဖြစ် ဘုရားသခင်ရဲ့ လိုတော်ဟှို လောက်ရှင်ဟှူ ဆန္ဒရှိမယ် ဆိုဟှာ ငါ့သွန်သန်ချစ်ဟှ ဘုရားသခင်နားဟှလာဇာလော၊ အယ်မျိုးမှုဘဲနေဟှာ ငါ့ရဲ့ကိုယ်ပိုင်ခွမ့်အာဏာန ပြောနေဇာလော ဆိုဇာဟှို သိလေ့မယ်။ 18 သူးနို့ရဲ့ ကိုယ်ပိုင် ခွမ့်အာဏာန ပြောဟှူလူလေဟှာ သူးနို့တွပ် ဖောင်းသရေတော်ဟှို့ဘဲ့ ရှာဂေ့ဟှယ်။ အယ်ဘေမဲ့ သူ့ဟှို စေလွှတ်ဟှူသူရဲ့ ဖောင်းသရေတော်ဟှို ရှာဟှူလူဟှာ ဖြောန့်မှန်ဟှူလူဖြစ်ဘီး သူ့မာ လီညာဇာ မှေ့ဟှ။ 19 မောရှေဟှ နန်းနို့ဟှို ပညတ်တရားဟှို ပေးဟှားဟှယ် မှုဟှလော။ အယ်ဘေမဲ့ နန်းနို့ထဲမာ အယ်ပညတ်တရားဟှို နားထောန်ဟှူလူ ယော့‑က်လည်း မှေ့ဟှ။ ဖြားဖြစ်ကြောန့် ငါ့ဟှို သတ်ဟှို့ကြိုးစားနေဂေ့နူး” ဆိုဘီး မိန့်တော်မူလေဟှယ်။
20 လူအောက်ဂီးဟှ “နန့်ထဲမာ နတ်ဆိုးတကောန် ရှိဟှယ်! ဖယ်လူဟှ နန့်ဟှို သတ်ဟှို့ ကြိုးစားနေဂေ့နူး” ဆိုဘီး ပ္လန်ပြောလေဟှယ်။
21 ယေရှုဟှ “နိမိတ်လတ်ခဏာတခုဟှို ငါလောက်ဟှူ ခီမာ နန်းနို့ဂူလောင်းဟှာ အံ့ဩဟှားဟှယ်။ 22 မောရှေဟှ နန်းနို့ရဲ့ သားလေဟှို ရေဖျားလှီးဟှို့ နန်းနို့ဟှို ခိုင်းဟှားဟှူကြောန့် အယ်မူဇာဟှို မောရှေဟှ စပြုဟှားဇာ မှုဟှ။ နန်းနို့ရဲ့ ဘိုးဘေးလေဟှ စဟှားဟှယ် နန်းနို့ဟှာ ဒန်းနေ့မာလည်း သားဂန်းဟှားဟှို ရေဖျားလှီးပေးဟှယ်။ 23 [b]မောရှေရဲ့ ပညတ်တရားဟှို ခ္လိုးဖော့‑က်ရာရော့‑က်ဘဲအောန် သားဂန်းတယော့‑က်ဟှို ဒန်းနေ့မာ ရေဖျားလှီးပေးဟှယ် ဆိုဟှာ ငါဟှာ ဒန်းနေ့မာ လူတယော့‑က်ဟှို ကျန်းမာစေဟှူကြောန့် နန်းနို့ဟှာ ငါ့ဟှို ဖြားဖြစ်ဟှိ မျစ်ဖြစ်ရနူး။ 24 ပြင်ပလတ်ခဏာအားဖြင့် စီရင်ဂေ့ဘဲန မှန်းမှန်ကန်းကန်ဟှား စီရင်ဂေ့” ဆိုဘီး မိန့်တော်မူလေဟှယ်။
28 ယေရှုဟှ ဗိမာန်တော်ထဲမာ သွန်သန်ဟှူ ခီမာ သံက္လယ်ဂီးန “နန်းနို့ဟှ ငါ့ဟှို တကယ်သိဘဲ့လော။ ငါဟှာ ဖယ်ဟှလာဟှယ် ဆိုဇာဟှို သိဘဲ့လော။ ငါဟှာ ငါ့ရဲ့ ဆန္ဒန လာဇာ မှုဟှ။ အယ်ဘေမဲ့ ငါ့ဟှို စေလွှတ်ဟှူ လူဟှာ သစ်စာန ပ္လဲ့ဇောင်လေဟှယ်။ နန်းနို့ဟှာ သူ့ဟှို သိဂေ့ဟှ၊ 29 အယ်ဘေမဲ့ ငါဟှာ သူ့ဟှို သိဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ငါဟှာ သူ့နားဟှနေလာဘီး သူဟှ ငါ့ဟှို စေလွှတ်လိုက်ဟှယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
30 အယ်ကြောန့် သူးနို့ဟှ ကိုယ်တော့်ဟှို ဖမ်းဟှို့ ကြိုးစားဘေမဲ့ ကိုယ်တော်ရဲ့ခီ ရော့‑က်သေးဘဲဟှူကြောန့် ဖယ်သူလည်း ကိုယ်တော့်ဟှို ဖမ်းဂေ့ဟှ။ 31 အယ်ဘေမဲ့ လူအောက်ထဲဟှ များစုဟှာ ကိုယ်တော့်ဟှို ယောင်ကြည်ဂေ့ဘီး “မေရှိယ ရော့‑က်လာဟှူ ခီမာ အယ်လူလောက်ဇာလေထတ် ပိုများဟှူ နိမိတ်လတ်ခဏာလေဟှို ပြုတော်မူဟှို့လော” ဆိုဘီး မေးဂေ့ဟှယ်။
35 ယုဒအာဏာပိုင်လေဟှ “နို့လေရှာတွိဘဲအောန် သူဟှ ဖယ်နေရာဟှို သွားဟှို့နူး။ နို့လူမျိုးလေနေဟှူ လူမျိုးခြားလေနေဟှူ ဗြို့ဟှို သွားဘီး လူမျိုးခြားလေဟှို သွန်သန်ဟှို့လော။ 36 နို့လေဟှာ သူ့ဟှို လိုက်ရှာဘေမဲ့ ရှာတွိဟှို့ မှုဟှ။ သူရှိဟှူ နေရာဟှို နို့လေ လာနိုင်ဟှို့ မှုဟှ ဆိုဘီး ပြောဇာဟှ ဖြားဓိပါယ်နူး” ဆိုဘီး ရှင်းရှင်း ပြောနေဂေ့ဟှယ်။
41 တချို့ဟှလည်း “အယ်လူဟှာ မေရှိယ ဖြစ်ဟှယ်!” ဆိုဘီး ပြောဂေ့ဟှယ်။
46 စောန့်လေဟှ “အယ်လူမျိုး ဖယ်လူလည်းပြောဖူးဟှ!” ဆိုဘီး ပ္လန်ဖြေဂေ့ဟှယ်။
47 ဖာရိရှဲလေဟှ “နန်းနို့လည်း လှည့်ဇားခံရဂေ့ ဟှားဘီလော” ဆိုဘီး သူးနို့ဟှို မေးဂေ့ဟှယ်။ 48 “အာဏာပိုင်လေန ဖာရိရှဲလေထဲမာလည်း သူ့ဟှို ယောင်ကြည်ဟှူလူ ယော့‑က်ယော့‑က်ရှိနေဘီလော။ 49 အယ်လူအော့‑က်ဟှာ မောရှေရဲ့ ပညတ်တရားဟှို သိဘဲကြောန့် သူးနို့ဟှာ ကီဇာမိနေဟှူ လူလေ ဖြစ်ဟှယ်!”
50 [e]ဖာရိရှဲလေထဲဟှ တယော့‑က်ဖြစ်ဘီး ရင်းရင်ဒူးဟှ ယေရှုနားဟှို လာဖူးဟှူ နိကောဒင်ဟှ 51 “နို့လေရဲ့ ပညတ်တရားဟှာ လူလေနားဟှ ကြားနာရသေးဘဲ့န လူလေ လောက်ဟှားဇာလေဟှိုလည်း သိရသေးဘဲ့န စီရင်မယ်ဘဲ့လော” ဆိုဘီး တခြားလူလေဟှို မေးဟှယ်။
52 သူးနို့ဟှ “အယ်မျိုးဆိုဟှာ နန်ဟှာလည်း ဂါလိလဲနယ်သားဘဲ့လော။ ကျမ်းစာဟှို လေ့လာဂေ့။ အယ်ဆိုဟှာ ဂါလိလဲနယ်ဟှနေ ဖယ်ပရောဖက်လည်း ပေါ်ထွပ်ဂေ့ဟှ[f] ဆိုဇာဟှို နန်းနို့သိလာဂေ့မယ်” ဆိုဘီး ဖြေဂေ့ဟှယ်။
- a ၇.၈ ငါသွားဟှ၊ တချို့ မူရင်းလတ်ရေးမူလေမာ ငါသွားဟှို့မှုသေးဟှ၊ ဆိုဘီး ရှိဟှယ်။
- b ၇.၂၃ ယော ၅.၉
- c ၇.၃၈ ခန်းငယ် ၃၇–၃၈ ထဲဟှ ယေရှုရဲ့ စကားလေဟှို “သတ်ရေထွပ်ဟှူ စမ်းရေဒွမ်း ဖြစ်လေ့မယ်။ ၃၈ ကျမ်းစာမာ ပြောဟှားမျိုးဘဲ့ ‘သတ်ဟှိုပေးဟှူ ရေခ္လောန်းဟှာ သူ့ရဲ့ နှလောင်းထဲဟှနေ စီးထွပ်လာလေ့မယ်၊’ ” ဆိုဘီး ဘာသာပ္လန်ဟှားဟှယ်။
- d ၇.၄၀ ပရောဖက်၊ ရှု ၁.၂၁။
- e ၇.၅၀ ယော ၃.၁,၂
- f ၇.၅၂ ဖယ်ပရောဖက်လည်း ပေါ်ထွပ်ဂေ့ဟှ၊ မူရင်းလတ်ရေးမူ တခုမာ ပရောဖက်ဟှာ ပေါ်ထွပ်လာဟှို့ မှုဟှ၊ ဆိုဘီး ရှိဟှယ်။
Languages