5 “ငါဟှာ စဗျစ်နွယ်ဗန်ဖြစ်ဟှယ်။ နန်းနို့ဟှာ ခတ်လေဖြစ်ဟှယ်။ ငါ့နှိုက် နန်းနို့ရှိနေဘီး နန်းနို့နှိုက် ငါရှိနေမယ် ဆိုဟှာ နန်းနို့လေဟှာ သီးလေဘောင်ဂီး သီးဂေ့လေ့မယ်။ နန်းနို့ဟှာ ငါနှိုက်မှေ့ဟှ ဆိုဟှာ နန်းနို့ ဖြားဇာလည်း လောက်နိုင်ဂေ့ မှုဟှ။ 6 ငါ့နှိုက် မှေ့ဘဲ့ဟှူ လူလေဟှာ ပ္လန်ဟှို ပစ်လိုက်ဟှူ သစ်ခတ်ခြော့‑က်မျိုးဘဲ့ ဖြစ်ဟှယ်။ အယ်ခတ်ခြော့‑က်လေဟှို စုသီးဘီးဟှာ မီးထဲဟှို ပစ်ခ္လလိုက်ဟှူကြောန့် လောန်ကျွမ်းဟှားဂေ့ဟှယ်။ 7 နန်းနို့ဟှာ ငါ့နှိုက်ရှိနေဘီး ငါ့စကားတော်လေဟှာလည်း နန်းနို့နှိုက်ရှိနေမယ် ဆိုဟှာ နန်းနို့ တောန်းဇာဂူလောင်းဟှို ရလေ့မယ်။ 8 နန်းနို့ဟှာ သီးလေဘောင်ဂီးဟှို သီးဟှူအားဖြင့် ငါ့ဖရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဘီး အယ်နည်းလမ်းအားဖြင့် ငါ့တဗဲ့တော်လေ ဖြစ်လာဂေ့ဟှယ်။ 9 ဖဟှာ ငါ့ဟှို ရှစ်မျိုးဘဲ နန်းနို့ဟှိုလည်း ငါရှစ်ဟှယ်။ အယ်ကြောန့် ငါ့ရဲ့မြစ်တာထဲမာရှိဂေ့ပါ။ 10 ငါဟှာ ဖရဲ့ ပညတ်တော်လေဟှို လိုက်နာဘီး ဖရဲ့ မြစ်တာထဲမာရှိနေမျိုးဘဲ့ နန်းနို့ဟှာလည်း ငါ့ရဲ့ ပညတ်တော်လေဟှို လိုက်နာမယ် ဆိုဟှာ ငါ့ရဲ့ မြစ်တာထဲမာ ရှိလေ့မယ်။”
11 “နန်းနို့ထဲမာ ငါ့ရဲ့ ဝန်းသာမှုလေ ရှိနေဘီး နန်းနို့ရဲ့ ဝန်းသာမှုလေ ပ္လဲ့ဇောင်လာဟှို့တွပ် အယ်မူဇာဟှို နန်းနို့ဟှို ငါပြောဟှယ်။ 12 [a]ငါ့ပညတ်ဟှ နန်းနို့ဟှို ငါရှစ်မျိုးဘဲ နန်းနို့ရှင်းရှင်း ရှစ်ဂေ့။ 13 မိမိရဲ့ မိဆွေလေတွပ် နန်းနို့ရဲ့ သတ်ဟှို ပေးလိုက်ဇာဟှာ ကီးမားဆောင်းဟှူ မြစ်တာဖြစ်ဟှယ်။ 14 နန်းနို့ဟှာ ငါ့ပညတ်ဟှားဇာလေဟှို လောက်မယ် ဆိုဟှာ နန်းနို့ဟှာ ငါ့ရဲ့မိဆွေလေဖြစ်ဟှယ်။ 15 ငါဟှာ နန်းနို့ဟှို စေခံ ဆိုဘီး ခေါ်ဟှို့မှုဘီ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ စေခံဟှာ သူးနို့သခင် လောက်ဇာလေဟှို သိရဂေ့ဟှ။ ငါ့ဖနားဟှနေ ကြားဟှားဇာလေ ဂူလောင်းဟှို နန်းနို့ဟှို ငါ့ပြောပြနေဟှူကြောန့် နန်းနို့ဟှို မိဆွေလေ ဆိုဘီး ငါခေါ်ဟှယ်။ 16 နန်းနို့ဟှာ ငါ့ဟှို ဝီးကော့‑က်ဟှားဇာ မှုဟှ။ သွားဘီးဟှာ တည်မြဲဟှူသီးလေ ဘောင်ဂီးသီးဟှို့တွပ် နန်းနို့ဟှို ဝီးကော့‑က်ဘီး ခန့်အပ်ဟှားဟှယ်။ အယ်ကြောန့် ငါ့နာမအားဖြင့် နန်းနို့တောန်းဇာလေ ဂူလောင်းဟှို ဖဟှ ပေးတော်မူလေ့မယ်။ 17 အယ်ကြောန့်ဘဲ့ နန်းနို့ရှင်းရှင်း ရှစ်ဂေ့ ဆိုဘီး ငါပညတ်ဟှားဟှယ်။”
26 “ဖနားဟှနေ ကြွလာတော်မူဘီး ဘုရားသခင်န ဆိုင်ဟှူ သမ္မာတရားဟှို ဖွမ့်ပြပေးဟှို့တွပ် ကူညီမဇသူဖြစ်ဟှူ သန့်ရှင်းဟှူဝိညာဉ်တော် ကြွလာလေ့မယ်။ ငါ့ဖနားဟှနေ နန်းနို့နားဟှို သူ့ဟှို ငါစေလွှတ်ပေးလိုက်ဘီး သူဟှာ ငါ့ကြောန်းဟှို သတ်သေခံလေ့မယ်။ 27 နန်းနို့လည်းဘဲ့ ရင်ဂဒဲဟှ ငါ့နတူးဒူရှိနေဟှူကြောန့် ငါ့ကြောန်းဟှို သတ်သေခံလေ့မယ်။”
<- ယောဟန် 14ယောဟန် 16 ->
Languages