6 ယေရှုဟှ ဖာရိရှဲလေဟှို အယ်ပေါင်ဥပမာဟှို ပြောပြဘေမဲ့လည်း အယ်ပေါင်ဥပမာရဲ့ ဓိပါယ်ဟှို နားလည်ဂေ့ဟှ။
11 “ငါဟှာ ကောန်းဟှူ သိုးထီးမား ဖြစ်ဟှယ်။ ကောန်းဟှူ သိုးထီးမားဟှာ သိုးလေတွပ် သူ့သတ်ဟှို စွန့်တတ်ဟှယ်။ 12 သိုးထီးမားလည်း မှုဘဲဟှူ၊ သိုးလေရဲ့ ဇရှင်လည်း မှုဘဲဟှူ လူငှားဟှာ ဝံပုလွေလာနေဇာဟှို ဗြင်ဟှူ ခီမာ သိုးလေဟှို ထားရစ်ဘီး ထွပ်ပ္လေးဟှားတတ်ဟှယ်။ အယ်ကြောန့် ဝံပုလွေဟှာ သိုးလေဟှို ကိုက်ဖမ်းဘီး ဖ္လဲဖ္လဲစင် ဖြစ်ဟှားစေဟှယ်။ 13 လူငှားဟှာ လူငှားဘဲ့ဖြစ်ဟှူကြောန့် သိုးလေဟှို ဂရုစိုက်ဘဲန ထွပ်ပ္လေးဟှားလေဟှယ်။ 14 [a]ငါဟှာ ကောန်းမြတ်ဟှူ သိုးထီးမားဖြစ်ဟှယ်။ ဖဟှ ငါ့ဟှို သိတော်မူဘီး ငါဟှာလည်း ဖဟှို သိမျိုးဘဲ့ ငါ့သိုးလေဟှိုလည်း ငါသိဘီး ငါ့သိုးလေဟှလည်း ငါ့ဟှိုသိဟှယ်။ 15 ငါဟှာ သိုးလေတွပ် ငါ့သတ်ဟှို စွန့်ဟှယ်။ 16 အယ်သိုးခြံထဲဟှို ဝမ်ဘဲဟှူ တခြားသိုးလေဟှိုလည်း ငါပိုင်သေးဟှယ်။ အယ်သိုးလေဟှိုလည်း ငါခေါ်သွမ်းရအူးမယ်။ သူးနို့ဟှာ ငါ့သံဟှို နားထောန်ဟှူကြောန့် သိုးစုတစုဒဲ၊ သိုးထီးမား တယော့‑က်ဒဲ ဖြစ်လာလေ့မယ်။[b]
17 “ငါဟှာ သတ်ဟှို ပ္လန်ရရှိစေဟှို့ ငါ့သတ်ဟှို စွန့်ရှင်ဟှူကြောန့် ဖဟှ ငါ့ဟှို ရှစ်တော်မူဟှယ်။ 18 ဖယ်လူလည်း ငါ့သတ်ဟှို ငါ့နားဟှနေ နုယူဟှို့ ရဂေ့ဟှ။ ငါ့ရဲ့ ဆန္ဒတိုင်းဘဲ့ ငါ့သတ်ဟှို ငါစွန့်ဟှယ်။ ငါ့မာ ငါ့သတ်ဟှို စွန့်ဟှို့တွပ် ခွမ့်ရှိဘီး ငါ့သတ်ဟှို ပ္လန်ယူဟှို့တွပ်လည်း ခွမ့်ရှိဟှယ်။ အယ်စေခိုင်းချစ်ဟှို ငါဟှာ ငါ့ဖနားဟှ ရရှိဟှယ်” ဆိုဘီး ထပ်ဘီး မိန့်တော်မူလေဟှယ်။
19 အယ်စကားလေကြောန့် ယုဒလူလေထဲမာ ထပ်ဘီး စိဝန်းကွဲဟှားဟှယ်။ 20 သူးနို့လေဟှ “သူ့မာ နတ်ဆိုးရှိဟှယ်! သူဟှာ ရူးဖြစ်ဟှယ်! ဖြားဖြစ်ကြောန့် နန်းနို့ဟှ သူ့စကားဟှို နားထောန်နေနူး” ဆိုဘီး ပြောနေဂေ့ဟှယ်။
21 အယ်ဘေမဲ့ တချို့ဟှ “နတ်ဆိုးရှိဟှူ လူဟှာ အယ်မျိုးပြောနိုင် မှုဟှ! နတ်ဆိုးဟှ မျစ်စိကန်းနေဟှူ လူလေဟှို ဖယ်မျိုးဗြင်အောန် လောက်ပေးနိုင်မယ်နူး” ဆိုဘီး ပြောနေဂေ့ဟှယ်။
25 ယေရှုဟှ “နန်းနို့ဟှို ငါပြောပြဟှားဘေမဲ့လည်း နန်းနို့ဟှာ ယောင်ကြည်ဂေ့ဟှ။ နို့ဖရဲ့ ခွမ့်န ငါလောက်ဟှူ မှုလေဟှာ ငါ့ကြောန်းဟှို သတ်သေခံနေဟှယ်။ 26 အယ်ဘေမဲ့ နန်းနို့ယောင်ကြည်ဂေ့ဟှ။ နန်းနို့ဟှာ ငါ့သိုးလေမှုဘဲကြောန့် ဖြစ်ဟှယ်။ 27 ငါ့သိုးလေဟှာ ငါ့သံဟှို နားထောန်ဂေ့ဟှယ်။ ငါဟှလည်း သူးနို့ဟှို သိဘီး သူးနို့ဟှာ ငါ့နော့‑က်လိုက်ဂေ့ဟှယ်။ 28 ထာဝရသတ်ဟှိုလည်း ငါပေးဟှယ်။ အယ်သိုးလေဟှာ လောင်းဝ သေရလေ့ဟှို့ မှုဟှ။ ဖယ်လူလည်း သူးနို့ဟှို ငါ့နားဟှနေ လုယူနိုင်ဂေ့ဟှ။ 29 သူးနို့ဟှို ငါ့နားမာ အပ်ပေးဟှားဟှူ နို့ဖဟှာ ရှိမျှဂူလောင်းထတ် ကီးမြတ်တော်မူဟှယ်။[c] ဖယ်လူလည်း သူးနို့ဟှို ဖလတ်ဟှနေ လုယူနိုင်ဂေ့ဟှ။ 30 ငါ့ဖန ငါဟှာ တလောင်းတဝဒဲ ဖြစ်ဟှယ်” ဆိုဘီး ဖြေတော်မူလေဟှယ်။
31 ယုဒလူလေဟှာ ကိုယ်တော့်ဟှို ပစ်ဟှို့တွပ် က္လော့‑က်ခဲလေဟှို ပ္လန်ဘီး ကော့‑က်ယူဂေ့ဟှယ်။ 32 ယေရှုဟှာ “ငါဟှာ ဖနားဟှ ကောန်းမြတ်ဇာလေ ဘောင်ဂီးဟှို နန်းနို့ရှေ့မာ လောက်ပြပီးဘီ။ အယ်မူလေထဲဟှ ဖြားမှုတွပ်ကြောန့် ငါ့ဟှို က္လော့‑က်ခဲန ပစ်ရှင်ဂေ့နူး” ဆိုဘီး သူးနို့ဟှို မိန့်တော်မူလေဟှယ်။
33 ယုဒလူလေဟှ “ကောန်းဟှူ ကျင့်တခုခုကြောန့် နို့လေဟှာ နန့်ဟှို က္လော့‑က်ခဲန ပစ်ရှင်ဇာ မှုဟှ။ နန်ဟှာ လူဖြစ်ဘေမဲ့လည်း နန့်ကောန်နန် ဘုရားဖြစ်ဟှယ် ဆိုဘီး ဘုရားသခင်ဟှို စော်ကားဟှယ်!” ဆိုဘီး ဖြေဂေ့ဟှယ်။
34 ယေရှုဟှ “နန်းနို့ရဲ့ ပညတ်တရားမာ ‘နန်းနို့ဟှာ ဘုရားလေ ဖြစ်ဟှယ်’ ဆိုဘီး ရေးဟှားဟှယ်။ 35 ကျမ်းစာမာ ဖော်ပြဟှားဟှူ ဇာဟှာ မြဲဒမ်း မှန်ဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။ ဘုရားသခင်ဟှ သူ့ရဲ့ စကားတော်ဟှို ကြားရဟှူလူလေဟှို ‘ဘုရားလေ’ ဆိုဘီး ခေါ်လေဟှယ်။ 36 ဖဟှာ ငါ့ဟှို ဝီးကော့‑က်ဘီး အယ်လောကထဲဟှို စေလွှတ်တော်မူဟှယ်။ ငါဟှာ ဘုရားသခင်ရဲ့ သားတော် ဖြစ်ဟှယ် ဆိုဘီး ပြောဟှူကြောန့် ငါဟှာ ဘုရားသခင်ဟှို စော်ကားဟှယ် ဆိုဘီး ဖယ်မျိုးကြောန့် နန်းနို့ပြောနိုင်ဂေ့ဟှယ်နူး။ 37 ငါဟှာ ငါ့ဖရဲ့ မှုတော်လေဟှို ဆောန်ရွက်ဟှ ဆိုဟှာ ငါ့ဟှို ယောင်ကြည်ဂေ့န။ 38 အယ်ဘေမဲ့ ငါဟှာ အယ်မှုလေဟှို လောက်ဆောန်ဟှယ် ဆိုဟှာ ငါ့ဟှို ယောင်ကြည်ဘဲဟှိုမှ ငါ့ရဲ့ လောက်ဆောန်ချစ်လေဟှို ယောင်ကြည်ဂေ့။ အယ်မျိုးယောင်ကြည်မယ် ဆိုဟှာ ဖဟှာ ငါ့ထဲမာ ရှိတော်မူဘီး ငါဟှာလည်း ဖထဲမာ ရှိတော်မူဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့လေ့မယ်” ဆိုဘီး ဖြေတော်မူဟှယ်။
39 နော့‑က်တခါ သူးနို့ဟှာ ယေရှုဟှို ဖမ်းဟှို့ ကြိုးစားဂေ့ဟှယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟှာ သူးနို့လတ်ဟှနေ လွတ်မြောက်ဟှားလေဟှယ်။
40 [d]အယ်ဘီးန ယေရှုဟှာ ယော်ဒန်မ္လစ်ဟှို ဖြတ်ဘီး ပထမဦးဆောင်း ယောဟန်ဗတ္တိဇံပေးဟှူ နေရာဟှို တခါပ္လန်ကြွဟှားဘီး အယ်နေရာမာ နေတော်မူလေဟှယ်။ 41 လူလေဘောင်ဂီးဟှာ ကိုယ်တော်နားဟှို လာဂေ့ဟှယ်။ သူးနို့ဟှ “ယောဟန်ဟှာ ဖြားနိမိတ်လတ်ခဏာလေလည်း လောက်ဟှ။ အယ်ဘေမဲ့လည်း အယ်လူကြောန်းဟှို သူပြောဇာလေ ဂူလောင်းဟှာ မှန်ဟှယ်” ဆိုဘီး ပြောဂေ့ဟှယ်။ 42 အယ်နေရာမာရှိဟှူ လူလေဘောင်ဂီးဟှာ ယေရှုဟှို ယောင်ကြည်ဂေ့လေဟှယ်။
<- ယောဟန် 9ယောဟန် 11 ->- a ၁၀.၁၄–၁၅ မ ၁၁.၂၇; လု ၁၀.၂၂
- b ၁၀.၁၆ သူးနို့ဟှာ ငါ့သံဟှို နားထောန်ဟှူကြောန့် သိုးစုတစုဒဲ၊ သိုးထီးမား တယော့‑က်ဒဲ ဖြစ်လာလေ့မယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ သူးနို့ဟှာ သိုးထီးမားတယော‑က်ဒဲ၊ သိုးစုတစုဒဲ ဖြစ်ဟှားလေ့မယ်၊ ဆိုဘီး ပါရှိဟှယ်။
- c ၁၀.၂၉ သူးနို့ဟှို ငါ့နားမာ အပ်ပေးဟှားဟှူ နို့ဖဟှာ ရှိမျှဂူလောင်းထတ် ကီးမြတ်တော်မူဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ ငါ့ဟှို ပေးဟှားဟှူ သူးနို့လေရဲ့ ဖဟှာ ရှိမျှဂူလောင်းထတ် ကီးဟှယ်၊ ဆိုဘီး ရှိဟှယ်။
- d ၁၀.၄၀ ယော ၁.၂၈
Languages